ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တရားမဝင် မြန်မာလုပ်သားများပါသော ယာဉ်တိမ်းမှောက်၍ ၁၀ ဦးဒဏ်ရာရ

diz_admin

December 7, 2022

တရားမဝင် မြန်မာအလုပ်သမားများပါသော ပစ်ကပ်ကားတစ်စီး ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်းအချိန်က ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် တိမ်းမှောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦးနှင့် အသက်ကြီးပိုင်း ထိုင်းနိုင်ငံသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ကားတိမ်းမှောက်မှုသည် ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်တွင် အယုဒ္ဓယခရိုင် ပက်ဟိုင်းဒေသ ထဒင်းဒေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရှိန်ဖြင့် မောင်းနှင်လာသော တိုယိုတာပစ်ကပ်ကားတစ်စီးသည် ပက်ဟိုင်း-စေးနားလမ်းရှိ လမ်းကွေ့တစ်နေရာတွင် ဘေးစောင်းအနေအထားဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားသည် မနက်ပိုင်း ဆွမ်းလောင်းရန် ပြင်ဆင်နေသော အသက်ကြီးပိုင်း ထိုင်းနိုင်ငံသား လူအုပ်စုအတွင်းသို့ လှိမ့်ဝင်သွားခဲ့သဖြင့် ထိုင်းနိုင်ငံသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းကဆိုသည်။ ကားပေါ်တွင် ကလေးငယ်များအပါအဝင် တရားမဝင်လမ်းကြောင်းဖြင့် […]

မြန်မာကျောင်းသားများကို သေဒဏ်ပေးခြင်း ချင်းမိုင်တွင် ကန့်ကွက် ဆန္ဒပြ

diz_admin

December 7, 2022

စစ်ကောင်စီက ဖမ်းဆီးထားသော မြန်မာကျောင်းသားများကို သေဒဏ်ပေးခြင်းကို ဆန္ဒပြပွဲကို ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဘုရင်သုံးပါး ရုပ်ထုတည်ရှိရာ ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။ သေဒဏ်ချမှတ်ခြင်းမှာ လူသားတန်ဖိုးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှု ဖြစ်ခြင်းကြောင့် နိုင်ငံများတွင် သေဒဏ်ချမှတ်မှု အမြစ်ပြတ်စေရန် ထိုင်းနိုင်ငံ၊ ချင်းမိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားကောင်စီကလည်း အမေရိကန်သံရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက် ၆ ချက်တွင် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက တက္ကသိုလ် ကျောင်းသား ၇ ဦးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူများကို သေဒဏ်မှကင်းဝေးစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် ဖိအားပေးရန်လည်း ပါဝင်ခဲ့သည်။ စစ်ကောင်စီ တရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ […]

သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း သပိတ်လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

diz_admin

December 7, 2022

စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က သေဒဏ်ချမှတ်လိုက်မှု အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် ယနေ့(ဒီဇင်ဘာ ၆) ညနေပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ယင်းအကြမ်းမဖက် လူထုလှုပ်ရှားမှု သပိတ်တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)၊ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီတို့နှင့်အတူ ပြည်သူများ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားမှုအရသိရသည်။ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်မှုအပေါ် ကျောင်းသားသမဂ္ဂများက ကန့်ကွက်ကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်နေသလို ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသား၊ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း လှုပ်ရှားမှုများလည်း အများအပြားရှိနေသည်။ သေဒဏ်ချမှတ်ခြင်းမှာ လူသားတန်ဖိုးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ […]

ဒဂုံတက္ကသိုလ်ကျောင်းသားများ သေဒဏ်ပေးမှု နီပေါကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ မြန်မာသံရုံးရှေ့ဆန္ဒပြ

diz_admin

December 6, 2022

စစ်ကောင်စီတရားရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား ၁၀ ဦးကို သေဒဏ်ချလိုက်မှုအပေါ် နီပေါနိုင်ငံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက နီပေါရှိမြန်မာသံရုံးရှေ့တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ယင်းမြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် နီပေါကျောင်းသားများက မြန်မာပြည်မှသူငယ်ချင်းများကို ကွက်မျက်မှုများ ရပ်တန့်ပေးပါ ဟု တောင်းဆိုခဲ့ရာ နီပေါရဲများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ မြန်မာကျောင်းသားများ၏ သေဒဏ်ကို ပယ်ဖျက်သင့်ကြောင်း Human Rights Watch အဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့ကလည်း တောင်းဆိုထားသည်။ မြန်မာနိုင်ငံတွင် သေဒဏ်ပေးထားသော အမှုများသည် တံခါးပိတ်ပြီး စံချိန်မမီသော တရားခွင်များကချမှတ်သော ပြစ်ဒဏ်များဖြစ်ကြောင်း HRW က ထောက်ပြထားသည်။ အဆိုပါ တရားခွင်များသို့ မိသားစုဝင်များ၊ အများပြည်သူနှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်နားထောင်ခွင့် မရရှိပေ။ စစ်တပ်ကြီးစိုးသော တရားစီရင်ရေးသည် အာဏာသိမ်းပြီးကတည်းက […]

ထားဝယ်မြို့အဝင်တွင် ဖာလာစေ့အိတ်များသိမ်းခံရ၍ ကားတာယာဝယ်ပေးပြီး ပြန်ယူခဲ့ရ

diz_admin

December 6, 2022

ထားဝယ်မြို့အဝင် ဗျောတောဝဂိတ်ရှိ စစ်ကောင်စီတပ်က ဒေသထွက် ဖာလာစေ့အိတ်များကို သိမ်းယူခဲ့သည့်အတွက် ကားတာယာတစ်လုံး ဝယ်ပေးပြီး ပြန်ထုတ်ခဲ့ရကြောင်း တွေ့ကြုံခဲ့ရသူနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်အရှေ့တောနယ်မှလာသည့် ကားကို စစ်ကောင်စီတပ်က အဆိုပါဂိတ်တွင်စစ်ဆေးရာ ဒေသထွက်ဖာလာစေ့ထည့်ထားသည့် အိတ် ၁၁ အိတ်ကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ငွေကျပ်သိန်းဆယ်ချီတန်ဖိုးရှိ ဖာလာစေ့ ၁၁ အိတ်ကို သိမ်းယူခဲ့သည့် စစ်ကောင်စီတပ်သားထံ သွားရောက်ပြောဆိုချိန်တွင် လူကိုပါဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အဆိုပါအမျိုးသားက ဆိုသည်။ “ဖာလာစေ့တွေနဲ့ ယမ်းလုပ်နေတာဆိုပြီး သိမ်းခဲ့တာ။ဘယ်လိုမှ ပြောပြလို့မရတဲ့အဆုံး သူ့အထက်လူကြီးနဲ့ သွားပြောမှ ကားတာယာတစ်လုံး ဝယ်ခိုင်းပြီး ဖာလာစေ့တွေ ပြန်ပေးလိုက်တာ”ဟု ၎င်းက ပြောသည်။ ငွေကျပ် နှစ်သိန်းကျော်တန်ကြေးရှိ ကားတာယာတစ်လုံး ဝယ်ပေးပြီးမှ ဖာလာအိတ်များကို ပြန်ပေးခဲ့ကြောင်း အထက်ပါ […]

ဝေဖန်ခံနေရသော ညောင်ခါးရှည် စစ်ဆေးရေးဂိတ် စစ်ဆေးမှုများဖြေလျှော့

diz_admin

December 6, 2022

အချိန်ကြာမြင့်စွာ စစ်ဆေးမှုကြောင့် ဝေဖန်ခံနေရသည့် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းကြားက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ဖြေလျှော့ပေးလိုက်သဖြင့် ယခင်လို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုတော့ကြောင်း ခရီးသည်များနှင့် ယာဉ်မောင်းများထံမှသိရသည်။ ယခင်က ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပိတ်ဆို့နေ၍ နာရီပေါင်းများစွာ စောင့်ဆိုင်းရသည့် ညောင်ခါးရှည် ခေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ဒီဇင်ဘာလ ပထမပတ်မှစပြီး ပုံမှန်နီးပါးအတိုင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ခရီးသည်တင်းကား မောင်းသူများ၏ပြောဆိုချက်အရသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ရန်ကုန်မော်လာမြိုင်၊ထားဝယ်၊မြိတ်၊‌ ကော့သောင်း ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများသည် အဆိုပါစစ်ဆေးရေးဂိတ်တွင် ရန်ကုန်အသွားတစ်ကြောင်းသာ စစ်ဆေးခံရသည့်အတွက်ကြောင့် ညအိပ်စရာမလိုတော့ဘဲ ယခင်ကအတိုင်း ရန်ကုန်နေချင်းရောက်သွားနိုင်ပြီဖြစ်သည်ဟု ခရီးသည်တင်ကား‌မောင်းသူ တစ်ဦးကဆိုသည်။ “အခုကတော့ အရင်ကလို ကိုးနာရီဆယ်နာရီ မကြာတော့ဘူး။ အများဆုံးနှစ်နာရီပဲ ကြာတော့တဲ့အတွက် နေချင်းသွားနေချင်း ရောက်နေပြီ”ဟု ၎င်းကပြောသည်။ ယခင်က […]

စပိန်နဲ့ ပေါ်တူဂီပဲ ကွာတားဖိုင်နယ် တက်ပါလိမ့်မယ်

diz_admin

December 6, 2022

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့် နောက်ဆုံးပွဲစဉ် နှစ်ပွဲကို ယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်တွေအကြောင်းကို ပြောရမယ်ဆိုရင် ပေါ်တူဂီနဲ့ စပိန်ဘက်ကို ဦးတည်ရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ ဒီနှစ်သင်းက အရှုံးရလဒ်တွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ပေါ်တူဂီကတော့ အုပ်စုဗိုလ်အဖြစ်နဲ့ ဒီအဆင့်ဆီ ရောက်လာနိုင်ခဲ့ပါတယ်။ အုပ်စုဗိုလ်နေရာကို ပေါ်တူဂီ ရအောင်ယူခဲ့တဲ့အချက်က ဘရာဇီးကို ရှောင်ချင်လို့ပါပဲ။ စပိန်ကတော့ ဂျပန်ကို အရှုံးခံပြီး မော်ရိုကိုနဲ့တွေ့အောင်ကို ဖန်တီးခဲ့တာပါ။ ဒီတော့ ပေါ်တူဂီနဲ့ စပိန်တို့ဟာ ကိုယ်တွေ့ချင်တဲ့ပြိုင်ဘက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွေးယူခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေ့မှာ ရလဒ်ကောင်းတွေရယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီ ဒီနှစ်သင်း တက်လှမ်းနိုင်လေမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါပဲ။ Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။https://anchor.fm/dawei-watch/episodes/ep-e1rqsb2 […]

ဘန်ကောက်တွင် ဆိုင်ကယ်မှောက်သူကို ကူညီပေးသည့် မြန်မာလုပ်သား ပစ်သတ်ခံရ

diz_admin

December 6, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆိုင်ကယ်မှောက်နေသော ထိုင်းနိုင်ငံသားတစ်ဦးကို သွားရောက်ကူညီသည့် မြန်မာအလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၄ ရက် ည ၁၁ နာရီအချိန်ခန့်တွင် ဘန်ကောက်မြို့ တလင်းချန်းဒေသတွင် ဘန်လမတ်ရပ်ကွက်တွင် မြန်မာအလုပ်သမားတစ်ဦး သေနတ်ပစ်ခံခဲ့ရကြောင်း သတင်းရရှိခဲ့သဖြင့် တလင်ချန်းရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့သည်။ အပစ်ခံရသူမှာ အသက် ၂၉ နှစ်အရွယ် မောင်ထွန်းထွန်းနိုင် အမည်ရှိသူဖြစ်ပြီး ချိုင်းအောက်နှင့် နံကြားတွင် သေနတ်ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့ရသဖြင့် ကယ်ဆယ်ရေးအဖွဲ့မှ အသက်ကယ်ရန်ကြိုးစားသော်လည်း သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံသားတစ်ဦးသည် အရက်မူးနေပုံပေါ်ကာ ဆိုင်ကယ်ဖြင့် တံတားပေါ်သို့တက်လာပြီး အဆင်းတွင် ဆိုင်ကယ်မှောက်လဲသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သေဆုံးသူအပါအဝင် သူငယ်ချင်းဖြစ်သူနှစ်ဦးက ဆိုင်ကယ်နှင့် လူကိုပြန်ထူပေးရန် သွားကူညီစဉ်တွင် […]