ထိုင်းပင်လယ်ပြင်တွင် မျောပါနေသော ရိုဟင်ဂျာ ၁၅၀ ကျော် အကူညီလိုအပ်နေ
diz_admin
December 7, 2022ထိုင်းနိုင်ငံ ပင်လယ်ပြင်တွင် စက်ချွတ်ယွင်းသွားသဖြင့် လှေပေါ်တွင် မျောပါနေသော ရိုဟင်ဂျာ ၁၅၀ ကျော်သည် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေကြောင်း ယနေ့ (ဒီဇင်ဘာ ၇) REUTERS သတင်းဌာနက ဖော်ပြထားသည်။ လှေပေါ်တွင် သေဆုံးသူများရှိနေ၍ အာဏာပိုင်များအနေဖြင့် ရိုဟင်ဂျာများကို အရေးပေါ်ကူညီကယ်ဆယ်ပေးရန် တက်ကြွလှုပ်ရှားသူများ တောင်းဆိုလျက်ရှိသည်။ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် လှေဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်အနီးရှိ ပင်လယ်ပြင်တွင် စက်စတင်ချွတ်ယွင်းသွားခဲ့သည်ဟု ဆိုသည်။ ထိုင်းပင်လယ်ပြင်အတွင်း မျောပါနေသည်ကို ရခိုင်အရေး တက်ကြွလှုပ်ရှားသူ Chris Lewa က လှေပေါ်ပါ ရိုဟင်ဂျာများ၏ ဆွေမျိုးများကို ဆက်သွယ်မေးမြန်းခဲ့ရာမှ သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ လှေပေါ်တွင် အစာနှင့်ရေ ပြတ်သွားပြီဖြစ်ပြီး ထိုင်းရေတပ်လှေတစ်စီးက သူတို့ကို တွေ့ရှိခဲ့သော်လည်း အကူအညီမပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမည်မဖော်လိုသူ ထိုင်းရေတပ်အရာရှိတစ်ဦးက […]


