လောင်းလုံးက အမျိုးသား ၂ ဦးကို ပစ်သတ်ခဲ့ဟု ပကဖထုတ်ပြန်
diz_admin
December 13, 2022လောင်းလုံးမြို့နယ် ရဘဲကျေးရွာနှင့် ချောင်းဖျားကြီးရွာက ဦးကိုနိုင်နိုင်နှင့် ဦးညိုအေးတို့ နှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည်။ ရဘဲရွာက ဦးကိုကိုနိုင်ဆိုသူမှာ ပျူစောထီးအဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ခရီးသည်များအား တားဆီးစစ်ဆေးခြင်း၊ ပျူစောထီးအဖွဲ့ဝင်များ စုဆောင်းစည်းရုံးခြင်းတို့ လုပ်ဆောင်နေသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးညိုအေးမှာ စစ်ကောင်စီခန့် ချောင်းဖျားကြီးကျေးရွာ ရာအိမ်မှူးတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်လာသူများကို အနီးရှိ ရဲစခန်းသို့ သတင်းပေးတိုင်ကြားမှုများ ပြုလုပ်ခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ အထက်ပါအချက်များမှာ ထုတ်ပြန်ချက်အရ သိရခြင်းဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ “ဦးနိုင်နိုင်သေနေတာကို အရင်သိရတာ။ သူကိုဘယ်မှာ ပစ်သတ်လဲတော့မသိဘူး။ ချောင်းဖျားကြီးရွာကိုဝင်တဲ့လမ်းမှာ အလောင်းကိုလာပစ်သွားတာ။ ပြီးမှ ဦးညိုအေးကို သွားပစ်သတ်တာထင်တယ်” ဟု ရဘဲဒေသခံတစ်ဦးကဆိုသည်။ ရဘဲနှင့် […]


