ပုလော၊ ရှပ်ပုံရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံး
Dawei Watch
July 15, 2025ပုလောမြို့နယ်၊ ရှပ်ပုံရွာကို စစ်ကောင်စီတပ်မှ ဇူလိုင်လ ၁၂ ရက်မှစ၍ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။ ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီက ရှပ်ပုံအုပ်စု၊ ဆီတောင်ရွာ ဘက်သို့ ဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဝါးတန်းရပ်ကွက်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။ “ညနေ ၄ နာရီ ၃၇ မှာ စစ်ကောင်စီဘက်ကနေ ဆီတောင်ရွာဘက်ကို ဒရုန်းနဲ့ဗုံးသီးချလိုက်လို့ အဖွားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီက ရှပ်ပုံက ဝါးတန်းကို လက်နက်ကြီး နှစ်လုံးပစ်လို့ ယောက်ျားလေးတစ်ယောက်သေဆုံးပြီး မိန်းကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူ တစ်ဦးကပြောသည်။ […]

 
                     
                     
                     
                     
                     
                     
                     
                    
