ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၀ကျော် ဖမ်းဆီးခံရ

diz_admin

January 23, 2023

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၃ ဦးကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တာခ့်ခရိုင် ဝမ်ကျောက်ဒေသ နာဘိုရွာအနီးတွင် မင်္သကာဖွယ်ရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့သဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်ဟုဆိုသည်။ သို့သော် မရပ်တန့်ဘဲ ကားကိုပြန်လှည့်ကာ မောင်းပြေးသွားခဲ့သဖြင့် စစ်ဆေးရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းတွင် ရေးသားထားသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ကို တွေ့ရှိခဲ့ရပြီး ခရီးသွား အထောက်အထားနှင့် နိုင်ငံကူးလက်မှတ်များ မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၂၅၀၀၀ မှ ၂၉၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ဖော်ပြသည်။ တရုတ်နှစ်သစ်ကူးနေ့တွင် […]

ထားဝယ်ကြက်ခြေနီအသင်း ၂၄ နာရီ အရေးပေါ်လူနာ ကူညီသယ်ဆောင်မှု ပြန်စမည်

diz_admin

January 23, 2023

တစ်လကြာရပ်နားထားသည့် ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ၂၄ နာရီ အရေးပေါ်လူနာ ကူညီသယ်ဆောင်မှုကို ဇန်နဝါရီ ၂၄ ရက်နေ့ (မနက်ဖြန်) မှစကာပြန်လည် ကူညီသယ်ဆောင် ပေးတော့မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် ယခုလောလောဆယ်အခြေအနေတွင် ထားဝယ်မြို့အတွင်း၌သာ ၂၄ နာရီ ကူညီသယ်ဆောင် ပေးနိုင်မည်ဖြစ်ကာ နယ်ဝေးအရေးပေါ်လူနာများကိုမူ မြို့အဝင်အထွက်ဂိတ်နှင့် အနီးဆုံးနေရာများအထိသာ သွားရောက် ကူညီသယ်ဆောင် ပေးနိုင်ဦးမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဖြစ်သူ ဦးဉာဏ်ဝင်းကပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊သရက်ချောင်း၊ ရေဖြူမြို့နယ်များမှ အရေးပေါ်လူနာများ ညဘက် အကူအညီတောင်းခံမည်ဆိုပါက မြို့အဝင်ထွက်ဂိတ်နှင့် အနီးဆုံးနေရာများသို့ မိမိအစီစဉ်ဖြင့် လာရမည်ဟု ၎င်းကဆိုသည်။ “လောလောဆယ်တော့ ရန်ပုံငွေအလုံလောက်မရှိသေးဘူး” ဟု ၎င်းကပြောသည်။ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲသည် အရေးပေါ်လူနာ ကူညီသယ်ဆောင်ပေးခြင်းကို ရန်ပုံငွေအခက်အခဲနှင့် ပဋိပက္ခအခြေအနေများကြောင့် ယခင်နှစ် […]

ထိုင်းတွင် မြန်မာလုပ်သားများ အလုပ်ပါမစ်သက်တမ်းတိုးရက် မေလလယ်အထိတိုးပေး

diz_admin

January 23, 2023

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) သက်တမ်းကုန်ဆုံးကြမည့် မြန်မာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပါမစ် နောက်ဆုံးသက်တမ်းတိုးရမည့် ရက်ကို ထိုင်းအစိုးရက မေလလယ်အထိ အချိန်တိုးပေးလိုက်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပါမစ်သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများစွာရှိနေပြီး အဆိုပါအလုပ်သမားများမှာ သက်တမ်းတိုးရန် အချိန်မလုံလောက်ဖြစ်နေသဖြင့် ယခုကဲ့သို့ အချိန်တိုးပေးလိုက်ခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ FED သည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။ “အားလုံးက ၁၃ ရက်နေ့ ဖေဖော်ဝါရီမှာ သက်တမ်းကုန်ကြမှာပဲလေ။ ဒါကို သက်တမ်းတိုးဖို့ အချိန်က ဘယ်လိုမှ မလောက်နိုင်ဘူး။ အဲဒါကြောင့် ၅ လပိုင်း ၁၅ ရက်နေ့အထိ အချိန်ကာလကို နောက်ဆုတ်ပေးလိုက်တာပဲ” ဟု FED မှ […]

ကော့သောင်းမီးသတ်ရုံးတွင် ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

diz_admin

January 23, 2023

ကော့သောင်းမြို့ မီးသတ်ဦးစီးဌာနအတွင်း ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ဝရိန်ဆော်ရာမှတစ်ဆင့် အောက်ဆီဂျင်အိုးဟု ယူဆရသည့်အိုးတစ်လုံး ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “တစ်ယောက်ကတော့ ဆုံးသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ တော်တော်ထိခိုက်မှုရှိတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆောက်အအုံနှင့် အခြားထိခိုက်မှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကော့သောင်း မီးသတ်ဦးစီးဌာနသည် မြို့နယ်နှင့် ခရိုင်ရုံးကို ရုံးတစ်ခုတည်းဖြင့် ပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး အဏ္ဏဝါရပ်ကွက် ကျောက်ဖျာလမ်းတွင် တည်ရှိသည်။ အဆိုပါရုံးအနီးတွင် ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေးစသည့်ဌာနဆိုင်ရာရုံးအချို့လည်း ရှိသည်။

PDF ဟန်ဆောင် ငွေကြေးတောင်းခံမှု ထပ်ရှိလာဟုဆို

diz_admin

January 23, 2023

ပြည်သူ့ကာကွယ်ရေးအဖွဲ့အဖြစ် ဟန်ဆောင်ကာ ပြည်သူအချို့ထံ ဖုန်းဆက်ပြီး ငွေကြေးလိမ်လည်တောင်းခံမှုများ တဖန်ပြန်ပေါ်လာကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလနောက်ဆုံးအပတ်က ထားဝယ်ခရိုင်ရှိ ဥယျာဉ်ခြံသမားတစ်ဦးထံသို့ PDF က ဗိုလ်မိုးကြိုးဟုဆိုသည့် အမည်ဖြင့် ဖုန်းဆက်ငွေကြေးတောင်းခံခဲ့ကြောင်း ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်အသုံးချကာ ငွေကျပ်သိန်းဆယ်ချီကို အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ တောင်းသည့် ငွေမပေးသဖြင့် ရိုင်းစိုင်းသည့် အသုံးအနှုန်းများဖြင့် ဆဲဆိုခဲ့သည့်အပြင် အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ အယောင်ဆောင်ကာ ပြည်သူအချို့ထံ ဖုန်းဆက်ငွေကြေးတောင်းခံမှုရှိနေကြောင်း ဇန်နဝါရီလ ၂၁ ရက်က ထုတ်ပြန်အသိပေးထားသည်။ ယင်းကဲ့သို့ ငွေကြေးတောင်းခံခြင်းမှာ ၎င်းတို့အဖွဲ့နှင့်သက်ဆိုင်မှု လုံးဝမရှိကြောင်းနှင့် ပြည်သူများ၏ ချွေးနှဲစာများအား လိမ်လည်တောင်းခံနေခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်သည်။ ယင်းသို့ လိမ်လည်တောင်းခံမှုများကို […]

ထားဝယ်-ထီးခီးလမ်း ဖြတ်သန်းခွင့် စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိပိတ်

diz_admin

January 23, 2023

ထားဝယ်အရှေ့တောနယ်ဖြစ်သည့် ထားဝယ်-ထီးခီးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ယနေ့ (ဇန်နဝါရီ ၂၃)မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ပိတ်ရသည့် အကြောင်းအရင်းနှင့် မည်မျှကြာအောင် ပိတ်မည်ဆိုသည်ကိုမူ ပြောကြားခြင်း မရှိသဖြင့် ကာလရှည်ပိတ်လိုက်မည်ကို ဒေသခံများစိုးရိမ်နေကြသည်။ အဆိုပါလမ်းပိုင်းရှိ ပကာရီရဲစခန်းမှ ထိုင်းနယ်စပ် ထီးခီအထိ လမ်းတစ်လျှောက်ကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်ခဲ့ကြောင်း အရှေ့တောနယ်နှင့် ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ကားသမားများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ လမ်းပိတ်မည့်အကြောင်းကို စစ်ကောင်စီတပ် လက်အောက်ခံရဲစခန်းက ကားသမားအချို့ကို ဖုန်းဆက် အသိပေးမှုများလည်း ရှိနေသည်။ ထိုကဲ့သို့ လမ်းပိတ်လိုက်သည့်အတွက် ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်လာမည်ကို စိုးရိမ်နေကြကြောင်း အထက်ပါနီးစပ်သူက ပြောသည်။ “ကားတွေ တစ်စီးမှထွက်မလာကြဘူး။ အရင်ကတည်းက ဆန်သယ်ခွင့်ကို ပိတ်ထားတာ။ အခုသွားလာခွင့်ပါ ပိတ်လိုက်တော့ ငတ်ပြတ်လာမှာကို […]

ပုလောမြို့အဝင်တွင် စစ်ဆေးရေးဂိတ်တစ်ခုထပ်တိုးလာ

diz_admin

January 23, 2023

မြိတ်ခရိုင်၊ ပုလောမြို့အဝင်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခု ထပ်တိုးလာကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်ဘက်မှ ပုလောမြို့သို့ ဝင်ရောက်ရာတွင် ယခင်က မကျည်းကုန်းရွာ စစ်ဆေးရေးဂိတ်တစ်ခုသာရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ရက်မှစတင်ကာ ပုလော (၂၈၅) တပ်ရင်းရှေ့တွင် ဂိတ်တစ်ခုထပ်တိုးလာကြောင်း ဒေသခံများက ဆိုသည်။ “ဂိတ်ထပ်တိုးလာတော့ နှစ်ခါ အစစ်ခံရတယ်။ အဲဒီတော့ သွားရလာရ အချိန်ပိုကုန်တယ်။ စိတ်အနှောင့်အယှက်လည်း ပိုလာတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယခင်က မကျည်းကုန်းရွာဂိတ်တွင် အစစ်ခံပြီးလျှင် ပုလောမြို့အတွင်းသို့ ဝင်ရောက်နိုင်သော်လည်း လက်ရှိတွင် (၂၈၅) တပ်ရင်းရှေ့တွင် ထပ်မံအစစ်ဆေးခံယူပြီးမှ မြို့အတွင်းသို့ ဝင်ခွင့်ပြုနေခြင်းဖြစ်သည်။ “အရင်က (ရပ်ကျေး အုပ်ချုပ်ရေးမှူး) ထောက်ခံစာပြပြီး ဝင်လို့ရပေမယ့် အခုက မရတော့ဘူး။ ဂိတ်လည်း ထပ်တိုး လာတယ်။ မှတ်ပုံတင်လည်း ပြရတယ်ဆိုတော့ […]

ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်က အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက်ပါဝင်ကစားပြနေလို့ အားလုံး အံ့အားသင့်နေ

diz_admin

January 22, 2023

အိုမန်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက် ကျန်းမာသွက်လက်ဖျတ်လတ်စွာ ကစားပြနေတဲ့အတွက် ပြိုင်ပွဲလာရောက်ကြည့်ရှုသူတွေက အရမ်းပဲ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ ဒီ အသက် ၉၀ အရွယ် ဂျပန်အမျိုးသမီးနှစ်ယောက်ဟာ ပြိုင်ပွဲအမျိုးအစားတစ်ခုတည်းကို ဝင်ကစားတာ မဟုတ်ဘဲ ပြိုင်ပွဲအမျိုးအစား သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့လို့ ပိုပြီး အံ့အားသင့်စရာဖြစ်နေကြရပါတယ်။ အားကစားဆိုတာ အသက်အရွယ် အပိုင်းအခြားနဲ့မဆိုင်ဘဲ ကျန်းမာရေးကောင်းမွန်အောင် ဂရုတစိုက်နဲ့ ကိုယ်ခန္ဓာကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရင်၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်ရင် အသက် ၉၀ အရွယ်အထိ အခုလိုကစားနိုင်တယ်ဆိုတာကို ဒီဂျပန် အမျိုးသမီးနှစ်ယောက်က သက်သေပြလိုက်တာပဲဖြစ်တယ်လို့ သတင်းတင်ဆက်သူတွေက ပြောကြားသွားခဲ့ပါတယ်။ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ကစားနေတဲ့ […]