ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်က အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက်ပါဝင်ကစားပြနေလို့ အားလုံး အံ့အားသင့်နေ

diz_admin

January 22, 2023

အိုမန်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက် ကျန်းမာသွက်လက်ဖျတ်လတ်စွာ ကစားပြနေတဲ့အတွက် ပြိုင်ပွဲလာရောက်ကြည့်ရှုသူတွေက အရမ်းပဲ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ ဒီ အသက် ၉၀ အရွယ် ဂျပန်အမျိုးသမီးနှစ်ယောက်ဟာ ပြိုင်ပွဲအမျိုးအစားတစ်ခုတည်းကို ဝင်ကစားတာ မဟုတ်ဘဲ ပြိုင်ပွဲအမျိုးအစား သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့လို့ ပိုပြီး အံ့အားသင့်စရာဖြစ်နေကြရပါတယ်။ အားကစားဆိုတာ အသက်အရွယ် အပိုင်းအခြားနဲ့မဆိုင်ဘဲ ကျန်းမာရေးကောင်းမွန်အောင် ဂရုတစိုက်နဲ့ ကိုယ်ခန္ဓာကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရင်၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်ရင် အသက် ၉၀ အရွယ်အထိ အခုလိုကစားနိုင်တယ်ဆိုတာကို ဒီဂျပန် အမျိုးသမီးနှစ်ယောက်က သက်သေပြလိုက်တာပဲဖြစ်တယ်လို့ သတင်းတင်ဆက်သူတွေက ပြောကြားသွားခဲ့ပါတယ်။ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ကစားနေတဲ့ […]

စီရော်နယ်ဒိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို လေလံတင်၊ ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်နိုင်တယ်လို့ မျှော်မှန်း

diz_admin

January 22, 2023

အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ရီယာ့ဒ်ဖိတ်ခေါ်ဖလားချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကနေ မက်ဆီ ဝတ်ဆင်ကစားပေးခဲ့တဲ့ဂျာစီအင်္ကျီကို လေလံတင်ထားလိုက်ပြီဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီဂျာစီကို အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခုပွဲစဉ်အတွက် အထူးစီမံချုပ်လုပ်ခဲ့တာဖြစ်ပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ သီးသန့်အမှတ်တရ အထူးဂျာစီတစ်ထည်သဖွယ်ဖြစ်နေတာကြောင့် အခုဂျာစီကို လေလံတင်လိုက်ချိန်မှာ လူစိတ်ဝင်စားမှု အရမ်းများသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီအင်္ကျီကို ၈၉ ယူရိုဈေးနှုန်းနဲ့ လေလံစဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်မှာအမြင့်ဆုံးပေးထားတဲ့ လေလံဈေးက ယူရို ၂၅,၀၀၀ ဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာ ဂျာစီအင်္ကျီကို ပွဲစီစဉ်သူတွေက ထိန်းသိမ်းထားပြီး လေလံအောင်တဲ့သူကို အသိအမှတ်ပြု ထောက်ခံလက်မှတ်နဲ့အတူ ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားထားပါတယ်။ လက်ရှိမှာ လေလံပွဲရဲ့သက်တမ်းက ၈ ရက်တောင် အချိန်ကျန်နေသေးတဲ့အတွက် ဂျာစီအတွက် လေလံဈေး တိုးမြှင့်ပေးချေမှုက အပြိုင်အဆိုင် ထပ်ဖြစ်လာဦးမယ့်အခြေအနေတစ်ရပ်ဆီမှာ ရှိလို့နေပါတယ်။ မက်ဆီရဲ့ဂျာစီကို အမြင့်ဆုံးဈေး ပေးချေဝယ်ယူထားသူက တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဘာစီလိုနာမှာ မက်ဆီကစားနေတုန်းက မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို ယူရို ၄၃,၀၀၀ ပေးကာ ဝယ်ယူထားတာဖြစ်ပါတယ်။ အခုဂျာစီအင်္ကျီကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ အမှတ်တရပွဲတစ်ပွဲအနေနဲ့ ကစားတဲ့နေရာမှာ ဝတ်ဆင်ခဲ့တဲ့အထိမ်းအမှတ်ပစ္စည်းတစ်ခုသဖွယ်ဖြစ်နေလို့ လေလံဈေး ထပ်တိုးပေးပြီး ကမ္ဘာ့စံချိန်တင် အမြင့်ဆုံးဈေးနဲ့ လေလံအောင်တာမျိုးဖြစ်သွားနိုင်တယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်နေပါတယ်။

ကျူပင် ဈေးကောင်းရသဖြင့် လုပ်ကိုင်သူများ

diz_admin

January 22, 2023

တံမြက်စည်းရက်လုပ်ရာတွင် အသုံးပြုသည့် မြိတ်ဒေသထွက် ကျူပင်များ ဈေးကောင်းရသဖြင့် ကျူခုတ်ယူ ရောင်းချသူ များပြားလာနေကြောင်း ကျေးရွာနေ‌တောင်သူတို့မှ သိရသည်။ ၂၀၂၀ ပြည့်နှစ်ကဆိုလျှင် ကျူပင်တစ်ထောင်လျှင် ၂၃၀၀ ကျပ်ရရှိခဲ့ပြီး ယမင်နှစ်ကဆိုလျှင် ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရရှိခဲ့ကြောင်း တောင်သူများထံမှ သိရသည်။ ယခုနှစ်တွင် ကျူအပင်ရေတစ်ထောင်လျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ်အထိ ဈေးရရှိနေကြောင်း မြိတ်မြို့နယ် နန်းတော်ရာကျေးရွာနေသူအချို့က ဆိုသည်။ “ကျူဈေးကောင်းလို့ ရွာတိုင်းမှာ ကျူလှမ်းနေကြတာ။ အကြီးအကျယ်ကို လုပ်နေကြတာ” ဟု နန်းတော်ရာကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။ နှစ်စဉ် နွေရာသီရောက်တိုင်း ကျေးရွာအနီးတို့တွင် အလေ့အကျပေါက်ရောက်နေသည့် ကျူပင်များအား ခုတ်ယူနေလှန်းပြီး ရောင်းချရာကြကြောင်း တောင်သူများထံမှ သိရသည်။ လူတစ်ဦး တစ်ရက်လျှင် ကျူပင် အပင်ရေ […]

ရှပ်ပုံရွာမှ ပုလောမြို့ပေါ်သို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ ရေနှင့် ရိက္ခာလိုအပ်

diz_admin

January 22, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာမှ ပုလောမြို့ပေါ်သို့ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် ခြောက်ရာဝန်းကျင် ရှိပြီး ၎င်းတို့အတွက် ရေနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း ကူညီနေသူများထံမှ သိရသည်။ ပုလောမြို့ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အချို့တွင် ယာယီတဲထိုးကာ လာရောက်နေထိုင်နေကြရပြီး သောက်သုံးရေ၊ ချိုးရေ အပါအဝင် စားနပ်ရိက္ခာများ လိုအပ်နေခြင်းဖြစ်ကြောင်း ပုလောမြို့နေ အကူအညီပေးနေသူများက ပြောသည်။ ပုလောမြို့အရှေ့ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင်သုံးရာကျော်နှင့် အမှတ် (၁) ရပ်ကွက် အမှတ် (၂) ရပ်ကွက်တွင် သုံးရာခန့် နေထိုင်နေကြကြောင်း ၎င်းတို့က ဆိုသည်။ “လက်ရှိကတော့ ဝိုင်းစုအလှူခံပြီး ချက်ပြုတ်ကျွေးမွေးနေကြတယ်။ အစားအသောက်က စားရတယ်ဆိုပေမယ့် အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်မှာနေသူတွေက ရေမချိုးကြရဘူး။ တံငါပိုင်းဖြစ်နေတယ်ဆိုတော့ ရေရှားတယ်” ဟု ပုလောမြို့ခံ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

January 21, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာစစ်ကောင်စီ လက်နက်ထုတ်လုပ်မှုကို နိုင်ငံတကာကုမ္ပဏီများထောက်ပံ့နေ မြန်မာစစ်ကောင်စီက ပြည်တွင်းတွင် စစ်လက်နက်ထုတ်လုပ်မှုကို အမေရိကန် အပါအဝင် ဥရောပနှင့် အာရှနိုင်ငံများရှိ ကုမ္ပဏီများက ထောက်ပံ့နေကြောင်း ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဇန်နဝါရီလ ၁၅ရက်တွင် အစီရင်ခံစာထုတ်ပြန်သည်။ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကရိန်း၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဩစတြီးလျ၊ စင်ကာပူတို့တွင် အခြေစိုက်သည့် နိုင်ငံတကာကုမ္ပဏီ ၄၀ ကျော်က ထောက်ပံ့နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။ အစီရင်ခံစာတွင် နိုင်ငံ […]

ကမြောကင်းတံတားပိတ်ပြီး စစ်ဆေးမှုတင်းကျပ်နေ

diz_admin

January 21, 2023

ကမြောကင်းတံတား ဖြတ်သန်းသွားလာခွင့်ကို ယနေ့(ဇန်နဝါရီ ၂၁)နံနက် ၁၀ နာရီခန့်ကစပြီးပိတ်ထားကာ စစ်ဆေးမှု တင်းကျပ်လျက်ရှိသည်။ လောင်းလုံးဖက်မှ ထားဝယ်ဘက်သို့ သွားသည့် ခရီးသွားများကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားခြင်း ဖြစ်သည်။ ထားဝယ်ဖက်မှ လောင်းလုံးဖက်သို့လာသည့် ခရီးသွားပြည်သူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါခရီးသွားများကို စစ်ဆေးတင်းကျပ်လျက်ရှိသည်။ ‘ဆိုင်ကယ်တစ်စီးချင်း ကားတစ်စီးချင်းစစ်နေတယ် “ဟု ဒေသခံခရီးသွားတစ်ဦးက ပြောသည်။ မည်သည့်အတွက်ကြောင့် ယင်းသို့တံတားပိတ်ပြီး စစ်ဆေးနေသည် ဆိုသည်ကိုမူ သိရသေးပေ။ တံတားပိတ်ထားခြင်းကြောင့် လောင်းလုံးမြို့နယ်မှ ထားဝယ်ဘက်သို့သွားသည့် ခရီးသွားပြည်သူများနှင့် ခရီးသည်တင်ကားများ ရာချီပိတ်မိနေသည်။ ယခုသတင်းဖော်ပြသည့် နေလယ် ၁၁ နာရီကျော်အချိန်အထိ အဆိုပါတံတားမှ ဖြတ်သန်းသွားလာမည် လောင်းလုံးဘက်မှ ခရီးသွားပြည်သူများကို ဖြတ်သန်းခွင့်မပြုသေးပေ။

မြိတ်မြို့တွင်း ရပ်ကွက်အချို့တွင် ခြံမြေများကို အကွက်ဖေါ်ရောင်းချမှုများလာ

diz_admin

January 21, 2023

မြိတ်မြို့တွင်းရှိ ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်နှစ်အတွင်းမှစပြီး မြေလွတ်များနှင့် ခြံမြေများကို အိမ်ရာကွက်များအဖြစ် ရောင်းချမှုများ ခေတ်စားလာသည်။ မြေပိုင်ရှင်တို့သည် ၎င်းတို့ပိုင်ဆိုင်ကြသည် မြေအလွတ်များနှင့် ခြံမြေတို့အား ခုတ်ထွင်ရှင်းလင်းပြီး အိမ်ရာကွက်များဖေါ်ကာ ရောင်းချနေကြခြင်းဖြစ်သည်။ “မြိတ်တောင်ဘက်မှာ တစ်နှစ်တည်းကို နေရာသုံးခုမှာ အိမ်ရာကွက်‌တွေ ဖေါ်ရောင်းနေတာ‌တွေ့တယ်။ အခုတလော ဖေါ်ရောင်းနေတာလည်း ရှိနေတယ်” ဟု မြိတ်တောင်ရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။ မြိတ်မြို့တွင်းဘက်ကျသည့် မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ မြိတ်တောင်ရပ်နှင့် ရပ်ကွက်အချို့၊ ကန်ဖျားရပ်ကွက်တို့တွင် အိမ်မြေကွက်များ ဖေါ်ထုတ်ရောင်းချနေကြကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ “ငွေသား လက်ထဲမကိုင်ထားချင်လို့ သိန်းလေးရာတန် တစ်ကွက်ဝယ်ထားတယ် မနှစ်နှစ်ကုန်တုန်းက ဝယ်တာပါ၊ အိမ်ဆောက်ပြီး ပြန်ငှားစားမလို့ အပိုဝင်ငွေလည်းရတာပေါ့” ဟု ပေ ၃၀၊ ပေ ၅၀ ရှိ အိမ်မြေကွက်တစ်ကွက် ဝယ်ထားသူတစ်ဦးက ပြောသည်။ အဆိုပါ ပေ […]

ထားဝယ်တွင် နှစ်ပတ်ဆက်တိုက် ဆန်ဈေးတက်

diz_admin

January 21, 2023

ထားဝယ်ဈေးကွက်တွင် ဇန်နဝါရီပထမပတ်မှစပြီး နှစ်ပတ်ဆက်တိုက် ‌ဆန်ဈေးတက်လာသည်ကို တွေ့ရသည်။ ဇန်နဝါရီလ ၆ ရက်နေ့တွင် အကယ်ဒမီဆန်ကြမ်း ၂၄ ပြည် တစ်အိတ်ကို ၅၇၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၅၉၅၀၀ ကျပ် ဇန်နဝါရီ ၂၀ ရက်တွင် ၆၁၅၀၀ ကျပ်ဖြင့် ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။ ယင်းကြောင့် ဈေးကွက်ထဲတွင် နှစ်ပတ်အတွင်း တစ်အိတ်ကို ၄၅၀၀ ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ယင်းအပြင်ရွေဘိုပေါ်ဆန်းမှာလည်း နှစ်ပတ်အတွင်း တစ်အိတ်ကို ၁၀၉၀၀၀ ကျပ်မှ ၁၁၄၀၀၀ ကျပ်သို့ ၅၀၀၀ ကျပ် ဈေးတက်သွားသည်ဟု ထားဝယ်ဈေးကွက်အတွင်းရှိ ဆန်ရောင်းသူအမျိုးသမီးတစ်ဦးကပြောသည်။ ယခုနှစ် ထွက်ရှိလာသည့်ဆန်သစ်ဈေးမှာ ဆန်ဟောင်းထက်ဈေးနှုန်း လျှော့နည်းသော်လည်း ချက်မကောင်း သေးသဖြင့် လူကြိုက်နည်းလှသည်။ “ထမင်းချက်ကြည့်ပါ ဆန်သစ်ထက်ဆန်ဟောင်းက ထမင်းပိုတိုးတယ်။ ဆန်သစ်က […]