BREAKING
October 31, 2025

သတင်း

ဘုတ်ပြင်း ကံမော်ကြီးရွာတွင် ဆိုလာဝယ်မည့်ငွေ မီးလင်းရေးကော်မတီဝင် သုံးပြီး ဒေသခံများကို ပြန်ထည့်ခိုင်း

Dawei Watch

July 16, 2025

ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာတွင် ပျက်စီးသွားသည့် ဆိုလာပြားများပြန်ဝယ်ရန် ဒေသခံများထည့်ဝင်ထားသည့် ငွေကြေး ကို လျှပ်စစ်မီးကော်မတီဝင်တစ်ဦးက ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲလိုက်ပြီး ဒေသခံများထံမှ ငွေကြေးထပ်မံ ကောက်ယူ နေကြောင်း ကျေးရွာနေပြည်သူအချို့က ပြောသည်။ ကံမော်ကြီးရွာရှိ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရန်အတွက် ဆိုလာပြားများကို ယမန်နှစ် နှစ်ဆန်းပိုင်းက တပ်ဆင်ထားကြောင်း ၎င်းတို့က ဆိုသည်။ ဆိုလာပြားများအနက် ဆိုလာ ငါးပြားကို ကျေးရွာနေလူငယ်တစ်ဦးက ပြီးခဲ့သည့်နှစ်လခန့်က ဖျက်ဆီးခဲ့ကြောင်း ဒေသခံ အချို့က ပြောဆိုသည်။ ဖျက်ဆီးခဲ့သည့်လူငယ်အမျိုးသားက ဆိုလာ နှစ်ပြားပြန်လျော်ပေးပြီး ကျန် သုံးပြားကိုဝယ်ယူရန် ကျေးရွာရှိ နေအိမ် တစ်ဆောင်လျှင် ငွေကျပ်တစ်သောင်းခွဲစီ ပြီးခဲ့သည့် တစ်လခန့်က ကောက်ယူထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ကောက်ယူထားသည့် ငွေကျပ် ၁၀ သိန်းအနက် ကျပ်သုံးသိန်းကို ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးသိန်းဝင်းက […]

မော်လမြိုင် (သံလွင်တံတား) တွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်ပြီး တံတားဖြတ်ချိန် ထပ်တိုးကန့်သတ်

Dawei Watch

July 16, 2025

မွန်ပြည်နယ်၊ မော်လမြိုင် (သံလွင်တံတား) တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားပြီး တံတား ဖြတ်သန်းချိန်ကိုလည်း ယနေ့ ဇူလိုင်လ ၁၆ ရက်ကစပြီး ထပ်မံတိုးမြှင့်ကန့်သတ်လိုက်ကြောင်း ဖြတ်သန်းသွားလာနေသူများနှင့် မြို့ခံတို့ထံမှ သိရသည်။ သံလွင်တံတား (မော်လမြိုင်) ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း တပ်အင်အားများ တိုးချထားပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ညပိုင်းတံတားဖြတ်သန်းခွင့်အချိန်ကိုလည်း ယခင် နံနက် ၅နာရီမှ ည ၉ နာရီအထိ ခွင့်ပြုထားရာမှ ဇူလိုင် ၁၆ ရက်ကစပြီး နံနက် ၆နာရီမှ ည ၈ နာရီအထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။ “ဘာကြောင့်လဲတော့ ကျွန်တော်တို့လည်း မသိဘူး။ သူတို့က မဖြတ်ရဘူးဆိုရင် ကျွန်တော်တို့က ဖြတ်လို့မရဘူး။ အခက်အခဲကတော့ […]

ငါးချဉ်တင်ပို့ရလေ့ရှိသည့် တကူရွာတွင် ရေချိုငါးရှားသဖြင့် မြိတ်က ရေငန်ငါးကို အားထားနေရ

Dawei Watch

July 16, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုတွင် ရေချိုငါးရှားပါးလာသဖြင့် မြိတ်မြို့က မှာယူသည့် ရေငန်ငါးများကို အဓိက အားထား စားသောက်နေရကြောင်း ကုန်စိမ်းရောင်းသူများနှင့် ဒေသခံအချို့ ထံမှ သိရသည်။ ပြီးခဲ့သည့် ၂နှစ်ခန့်မှစကာ တနင်္သာရီအပေါ်ဘက်နှင့် တနင်္သာရီမြစ်အတွင်းသို့ စီးဝင်သည့်ချောင်းများတွင် ခဲလုပ်ကွက်များလာပြီး စက်ယန္တရားများဖြင့် ရေအောက်ရှိ မြေသားကို တူးဖော်ခြင်းနှင့် ခဲလုပ်ကွက်မှ စီးဆင်းလာသည့် နုန်းအနည်ပါသည့် ရေကြောင့် မြစ်တိမ်ကောလာကြောင်း ဒေသခံငါးဖမ်းသမားများက ပြောသည်။ ထို့အပြင် မြစ်အတွင်း အဆိပ်ချပြီး ငါးဖမ်းဆီးခြင်းများကြောင့် ရေချိုငါး ရှားပါးလာကြောင်း ငါးဖမ်သမားတစ်ဦးက ဆိုသည်။ “မြစ်ရေတိမ်လာပြီးနောက် ငါးတွေ ပိုက်ထောင်လို့ သိပ်မရဘူး။ ငါးရှာရတဲ့ လုပ်ကွက်လည်း ကျဉ်းလာတယ်။ အခုဆို ချောင်းရေတွေလည်း များလာတော့ တစ်ရက်တလေရက်ဆို တစ်ကောင်တောင် မမိတဲ့ အခါမျိုးရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ […]

ဆီးရီးယားအစိုးရတပ်များကို အစ္စရေး ဗုံးကြဲ

Dawei Watch

July 16, 2025

ဆီးရီးယားနိုင်ငံ ဆူဝေဒါမြို့အနီးအနားရှိ ဆီးရီးယားအစိုးရတပ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဘက်က ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်သည်။ ဆီးရီးယားနိုင်ငံရှိ ဘာသာရေးအရ ကွဲပြားသည့် လူနည်းစု အုပ်စုများအကြား လူသေဆုံးသည်အထိ နှစ်ရက်ကြာ တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ပြီးနောက် ဒရုဇ်လူနည်းစု အများစုနေထိုင်ရာ ဆူဝေဒါမြို့တွင်းသို့ ဆီးရီးယားအစိုးရတပ်များ ဝင်ရောက်လာခဲ့သည့်နောက်တွင် အစ္စရေးဘက်က ယင်းသို့ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။ ဆူဝေဒါဒေသရှိ ဆီးရီးယားအစိုးရတပ်များနှင့် ၎င်းတို့၏ လက်နက်များကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုက ပြောဆိုသည်။ ဒရုဇ်လူနည်းစုများကို တိုက်ခိုက်ရန် အဆိုပါ တပ်ဖွဲ့များနှင့် လက်နက်များကို ဆီးရီးယားအစိုးရက အသုံးပြုရန် ရည်ရွယ်ထားသောကြောင့် ယင်းသို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း နေတန်ညာဟုက ပြောသည်။ ဆီးရီးယားရှိ ဒရုဇ်လူနည်းစုများကို အန္တရာယ်မကျရောက်စေရန် ကာကွယ်ပေးလိုကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောဆိုသည်။ ဒရုဇ်လူနည်းစုများသည် အစ္စရေးနိုင်ငံတွင်းနှင့် […]

ဘန်ကောက်က လောင်းကစားဝိုင်းတွင် မြန်မာအပါအဝင် ၂၀ဦး ဖမ်းဆီးခံရ

Dawei Watch

July 16, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အိမ်တစ်ဆောင်တွင် လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် မြန်မာ ခုနစ်ဦး အပါအဝင် ၂၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁၅ရက် ည ၇နာရီက ဘန်ကောက်မြို့၊ ဘန်ခေးနယ်မြေတွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် လောင်းကစားဝိုင်း အကြီးအကျယ် ပြုလုပ်နေသည့်သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ခုနစ်ဦး၊ တရုတ်နိုင်ငံသားသုံးဦးနှင့် ထိုင်းနိုင်ငံသား ၁၀ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသည့် မြန်မာများမှာ ကစားဝိုင်းတွင် ပါဝင်ကစားသူများ သို့မဟုတ် ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသူများ ဟုတ် မဟုတ် စသည်တို့ကို သေသေချာချာ မသိရသေးပေ။ ၎င်းတို့နှင့်အတူ သက်သေပစ္စည်းအမျိုးအစားပေါင်း ၃၂ မျိုးကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းများတွင် […]

တနင်္သာရီ သိန်ခွန်းရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုးသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်

Dawei Watch

July 16, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့ နယ် သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာသဖြင့် တော်လှန်ရေးတပ်များနှင့် အပြန်လှန်ပစ်ခတ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဇူလိုင်လ ၁၃ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်က သိန်ခွန်းရွာကို ဒရုန်ဖြင့်ဗုံးချပြီး စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များနှင့် တစ်နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒရုန်းတွေ အရင်တက်လာပြီး ဗုံးသီးချတယ်။ ပြီးမှ စစ်ကြောင်းထိုးလာတယ်။ လက်နက်ကြီးလှမ်းပစ်လိုက် ဒရုန်းလည်း ချလိုက်နဲ့ တက်လာကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်များက အနီးကပ်ရောက်မှ ပြန်လည်ပစ်ခတ်ကြသဖြင့် စစ်ကောင်စီတပ်သားများ အထိနာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောဆိုသည်။ “ဒီဘက်ကလည်း သူတို့ အနီးကပ်ရောက်မှ ချလွှတ်လိုက်တယ်။ သူတို့ (စကစ) ဘက်က အထိနာတော့ […]

ကျောင်းတွင် စမတ်ဖုန်းသုံးခွင့်ပိတ်လိုက်၍ ကျောင်းသားများ သင်ယူလေ့လာမှုတိုးတက်

Dawei Watch

July 15, 2025

နယ်သာလန်နိုင်ငံရှိ စာသင်ကျောင်းများတွင် စမတ်ဖုန်းအသုံးပြုမှု ပိတ်ပင်ခြင်းသည် ကနဦးတွင် ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျောင်းသားများ၏ လေ့လာသင်ယူမှုနှင့် သင်ကြားရေး ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေကြောင်း အစိုးရက ပြုလုပ်သည့် လေ့လာမှုတစ်ရပ်က ဆိုသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် နယ်သာလန်အစိုးရက တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများတွင် စမတ်ဖုန်းအသုံးပြုမှုကို တားမြစ်သည့်အမိန့် ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းအားလုံးနီးပါးက အဆိုပါ အမိန့်ကို လိုက်နာခဲ့ကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ သုတေသနတွင် အထက်တန်းကျောင်း တာဝန်ရှိသူအကြီးအကဲ ၃၁၇ ဦး ၊ မူလတန်းကျောင်း ၃၁၃ ကျောင်းကို လေ့လာခဲ့သည်။ ဆရာဆရာမများ ၊ သင်ကြားရေးအကူဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများပါဝင်သည့် အလေ့လာခံသီးသန့်အုပ်စု ၁၂ စုကိုလည်း လေ့လာခဲ့သည်။ လေ့လာမှု […]

နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် PDF များတိုက်ခိုက်၊ လေးဦးဖမ်းမိ

Dawei Watch

July 15, 2025

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းကို စစ်ကူအင်အားလာဖြည့်သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ဖမ်းမိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆) ထံမှ သိရသည်။ ဇူလိုင်လ ၁၁ ရက်တွင် တိုက်ပွဲတစ်ကြိမ်၊ ဇူလိုင်လ ၁၂ ရက်တွင် နှစ်ကြိမ်ဖြစ်၌ပွားခဲ့ပြီး လက်နက် နှစ်လက်နှင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း KNU ထံမှ သိရသည်။ ဇူလိုင်လ ၁၄ ရက် ညနေ ၆ နာရီတွင်လည်း ရေဖြူမြို့နယ် ခလရ ၂၈၂ အနီးက မှိုသုံးပွင့်နေရာတွင် KNU လက်အောက်ခံ KNLA ၊ PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU […]