ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းမိသားစုအသတ်ခံရမှုတွင် သံသယရှိသည်ဟုဆိုကာ မြန်မာလုပ်သားသုံးဦးကို ဝရမ်းထုတ်ရှာဖွေ

diz_admin

February 10, 2023

ထိုင်းနိုင်ငံ တာခ့်ခရိုင် ဝမ်ကျောက်ဒေသ စိုက်ပျိုးရေးခြံတွင် ထိုင်းအလုပ်ရှင် မိသားစုဝင် ငါးဦးအသတ်ခံရမှုနှင့် ပက်သက်၍ သံသယရှိသည်ဟုဆိုကာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရန်လိုက်လံရှာဖွေ နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၃ လမှ ၁၀ နှစ်အထိ ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် ငါးဦးသည် ဖေဖော်ဝါရီလ ၅ ရက်မှစ၍ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ရေးသားထားသည်။ ယင်းနေ့တွင်ပင် အသတ်ခံလိုက်ရခြင်းနိုင်သည်ဟု ဆွေမျိုးများက ယူဆကြကြောင်း ဖော်ပြသည်။ အဆိုပါမိသားစု၏ အလောင်းများနှင့် လက်နက်ပစ္စည်းများကို ၎င်းတို့နေထိုင်ရာ ရွာအနီးရှိ မြောင်းတစ်ခုထဲတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူများတွင် သေနတ်ဒဏ်ရာ၊ ဓါးထိုးသွင်းဒဏ်ရာများတွေ့ရှိခဲ့ရပြီး လက်နက်ပစ္စည်းများ၊ အလောင်းများနှင့် ချင်း (ဂျင်း) ထည့်သော အနက်ရောင်ပလတ်စတစ်အိတ်များကို ထိုင်းရဲတပ်ဖွဲ့များက […]

ပုလောမြို့နယ် ထမင်းမစားရွာအနီး တိုက်ပွဲဖြစ်၊ စစ်လေယာဉ်များပျံသန်း

diz_admin

February 10, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအနီး ယနေ့(ဖေဖော်ဝါရီ ၁၀) နံနက် ၉ နာရီဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ထမင်းမစားရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ၁ နာရီနီးပါးကြာသည်အထိ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တိုက်ပွဲဖြစ်နေလို့ ပုလောမှာ ကားတွေပိတ်မိနေတာ အကြာကြီးပဲ။ ရှေ့ဆက်မသွားရဲကြဘူး”ဟု ပုလောဒေသခံအမျိုးသား ကပြောသည်။ တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးကိုမူ မကြားရဟု  ၎င်းတို့ကပြောသည်။ တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်လေယာဥ်များ ပျံနေသည်ကို တွေ့မြင်ရကြောင်းလည်း ဒေသခံများကပြောသည်။ စစ်ကောင်စီက ပုလောမြို့နှင့် တနင်္သာရီမြို့တို့အား စစ်အုပ်ချုပ်ရေးကြေညာပြီး နောက်တစ်ရက်တွင် ပလမြို့အနီးတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ပလမြို့အနီးတွင်ရှိသည့် တို၊ပိတပ်၊မြဒေါင်၊ပဝတ်ကုန်း စသည့်ကျေးရွာများတွင် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး ယနေ့တွင်လည်း ထမင်းမစားကျေးရွာအနီး တိုက်ပွဲဆက်လက် ဖြစ်ပွါးနေခြင်းဖြစ်သည်။ ပလမြို့အနီးတစ်ဝိုက်တွင်ဖြစ်ပွားသည့် […]

လောင်းလုံးတွင် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

February 10, 2023

လောင်းလုံးမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် (ဂ)ရပ်ကွက်တွင် ယနေ့(ဖေဖော်ဝါရီ ၁၀) မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်သတ်ခံရသူမှာ အသက် ၈၄ နှစ်အရွယ်ရှိ ဦးမောင်ငွေဆိုသူဖြစ်သည်။ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဘယ်ဘက်မျက်လုံး ထက်အောက် သေနတ်ဒဏ်ရာရှိတယ် “ဟု ၎င်းကပြောသည်။ ဦးမောင်ငွေကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ဆိုသည်ကို မသိရသေးပေ။ အလောင်းကိုမူ ယနေ့မွန်းလွဲပိုင်းက အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့ သယ်ဆောင်သွားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် စစ်ပြဲရွာအုပ်ချုပ်ရေးမှုးဟောင်း ဦးသားလေးဆိုသူမှာ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။

တိမ်းရှောင်နေသည့် လောင်းလုံး စစ်ပြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

diz_admin

February 10, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးသားလေးဆိုသူ ဖေဖော်ဝါရီလ ၉ ရက်က ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအနောက်ပိုင်းဈေးအနီးရှိ ၎င်း၏နေအိမ်တွင်ပင် ညနေ ၄ နာရီခန့်တွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “နာထင်မှာတစ်ချက် သေနတ်ဒဏ်ရာတွေ့တယ်။ ‌ပါးစပ်မှာလည်း တစ်ချက်ထင်တယ်။ သွေးတွေနဲ့ ပေနေတာ ဆိုတော့ သေချာ မမြင်လိုက်ရဘူး” ဟု အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။ ဦးသားလေးသည် NLD အစိုးရလက်ထက်က စစ်ပြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဆက်မလုပ်တော့ကြောင်း ဒေသခံအချို့က ဆိုသည်။ ပြည်သူ့ကာ‌ကွယ်ရေးအဖွဲ့တစ်ခုက စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးပြောဆိုခဲ့ပြီးနောက် ဦးသားလေးမှာ ရွာတွင် မနေတော့ဘဲ တိမ်းရှောင်နေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ “ဘာဖြစ်လို့ လာသတိပေးတာလဲတော့ […]

စမ်းလှမ်းရွာက အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် လောင်းကစားဝိုင်းများရပ်နား

diz_admin

February 10, 2023

အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ၊ ဘာသာရေး‌ပွဲတော်များဖြင့် အမြဲစည်ကားနေလေ့ ရှိသည့် စမ်းလှမ်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဖေဖော်ဝါရီလ ၇ ရက်က တိုက်ခိုက်ခံခဲ့ရသည်။ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲကလေးဆိုသူနှင့် လောင်းကစားဝိုင်းကန်ထရိုက်တာတစ်ဦးဖြစ်သူ ဦးသားကြီး (ခေါ်) သူရစိုး တို့ လိုက်ပါလာသည့် သုံးဘီးကားကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လောင်းလုံး-စမ်းလှမ်းရွာသွား လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စမ်းလှမ်းကျေးရွာသို့ ဘုရားပင့်ပြီးပြီးပြန်လာချိန် ပျူးစောထီးခေါင်းဆောင်လိုက်ပါလာသော ရှေ့ပြေးသုံးဘီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမူမသိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဒေသခံအချို့အား ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မေးမြန်းစဉ် ဦးရဲကလေးနှင့် ဦးသူရစိုးတို့အပါအဝင် ဘုရားပင့်အဖွဲ့ တိုက်ခိုက်ခံရသည်မှာ မှန်ကန်သော်လည်း သေဆုံးခြင်းမရှိကြောင်း ပြောဆိုသည်။ “သေတော့ မသေဘူး။ ရွာမှာရှိနေတုန်းပဲ။ သူတို့နှစ်ယောက်လုံး […]

အဟာရပြတ်နေသည့် အဘိုးတစ်ဦး ဆေးကုရန်အကူညီလို

diz_admin

February 10, 2023

ထားဝယ်မြို့၊ ဘု‌မ္မော်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအနီး လမ်းဘေးတွင် တဲထိုးပြီး နေထိုင် သည့် အသက် ၇၀ အရွယ် ချို့တဲ့အဘိုးတစ်ဦး ဆေးကုရန်အကူအညီလိုအပ်နေကြောင်း ဂရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းက ဒေသခံတစ်ဦးက ဖုန်းဆက်အကူညီတောင်းခံလာမှုကြောင့် သွားရောက်ကြည့်ရှု ရာတွင် အာဟာရပြတ်နေသည့်အနေထားဖြင့် တွေ့ရသောကြောင့် အရေးပေါ်ဆေးရုံတင်ပို့ထားခဲ့ကြောင်း အထက်ပါ အဖွဲ့၏ ပြောရေးဆိုခွင်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သွားကြည့်တဲ့အချိန် သူတော်တော်နေမကောင်းဘူး။ စကားမေးလို့လည်း မရဘူး” ဟု ၎င်း ဆိုသည်။ အဆိုပါအဘိုးမှာ ယနေ့ နှစ်ရက်မြောက်သည်အထိ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်း၍ မရသေးသည့် အခြေအနေ ဖြစ်နေပြီး ထားဝယ်ဆေးရုံကြီးတွင် လိုအပ်သည့်ဆေးဝါကုသခြင်းနှင့် ရောဂါရှာဖွေခြင်းတို့ကို ပြုလုပ်ပေးထားကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ […]

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

diz_admin

February 10, 2023

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ယနေ့ (ဖေဖော်ဝါရီ ၁၀) နံနက် ၃ နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ မိနစ် ၃၀ ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက အတည်ပြုပြောဆိုသည်။ “စကစဘက်က လူထိခိုက်ကျဆုံးမှု သတင်းတော့မရဘူး။ သူတို့ အဆောက်အဦးတွေတော့ ပျက်စီးတယ်လို့တော့ ပြောသံကြားတယ်” ဟု ယင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။ ထားဝယ်-မေတ္တာ-ထီးခီးသွား ကားလမ်းဘေးတွင်တည်ရှိသည့် ပကာရီကျေးရွာမှာ ထားဝယ်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာတွင် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် နံနက် ၅ နာရီခန့်အထိ ပြန်လည်ပစ်ခတ်နေသည်ကို ကြားရကြောင်း […]

ဘုတ်ပြင်း၊ ချောင်းမွန်ရွာသားနှစ်ဦး ဖမ်းခေါ်ခံရ

diz_admin

February 10, 2023

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ရွာနေ အမျိုးသားနှစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ချောင်းမွန်ရွာနေ အသက် ၅၀ ကျော်အရွယ်ရှိ ဦးထွန်းလင်းနှင့် အသက် ၄၀ ကျော်အရွယ်ရှိ ဦးစိုး (ခေါ်) ဘခက်တို့ နှစ်ဦးအား ဖေဖော်ဝါရီလ ၈ ရက်ညတွင် အမည်မသိလက်နက်ကိုင်များက နေအိမ်သို့ လာရောက်ခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးလို သတင်းလည်း တစ်စုံတစ်ရာ မရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါအမျိုးသားနှစ်ဦးသည် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ကြပြီး ၎င်းတို့ကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ချောင်းမွန်ရွာသည် မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေတစ်ရာငါးဆယ်ကျော်ရှိသည့် ကျေးရွာဖြစ်သည်။ အဆိုပါကျေးရွာတွင် ဒေသပေါင်းစုံမှ […]