ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပလမြို့အနီး တိုက်ပွဲဆက်ဖြစ်ပြီး နေအိမ်အချို့မီးလောင်နေ

diz_admin

February 8, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံများထံမှသိရသည်။ ပလမြို့အနီး တိုရွာနှင့် မြဒေါင်ရွာတို့တွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစတင်ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ “တိုမှာလည်း (မီး) လာင်တယ်။ မဒေါင်မှာလည်းလောင်တယ်။ ဘယ်နှစ်ဆောင်လောင်ပြီး ဘယ်သူ့အိမ်တွေပါတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ နှစ်ဖက်ပစ်ခတ်သံ၊ လက်နက်ကြီးပစ်သံများကို ညနေ ၅ နာရီကျော်သည်အထိ ကြားနေရသေးကြောင်း ဒေသခံတို့က ဆိုသည်။ ယနေ့တိုက်ပွဲအတွင်း တိုနှင့်မြဒေါင်ရွာတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သတင်းထွက်ပေါ်နေကြောင်း ဒေသခံများကပြောသည်။ “လှေနဲ့ဖြတ်ကူးပြီး ချောင်းတဖက်ကို ဝင်ကပ်ချိန် အပစ်ခံရတယ်လို့ကြားရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောဆိုသည်။ မနေ့ကလည်း ပလမြို့တိုရွာအနီး တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်သားငါးဦးသေဆုံးခဲ့သည်ဟု ကြားရကြောင်း ဒေသခံများက […]

ဂျင်း (သွေးဂုံး) သားပေါက်တစ်ခြင်းလျှင် ကျပ်လေးသိန်းကျော်အထိဈေးပေါက်

diz_admin

February 8, 2023

ကျွန်းစုမြို့နယ်တွင် ဂျင်း (သွေးဂုံး) သားပေါက်တစ်ခြင်းလျှင် ကျပ်လေးသိန်းကျော်အထိ ဈေးပေါက်နေကြောင်း ဂျင်းမွေးသူတို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းက ဂျင်းသားပေါက်တစ်ခြင်းလျှင် ကျပ်နှစ်သိန်းနီးပါးအထိသာ ဈေးရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယခုနှစ်တွင် ဂျင်းသားပေါက် အထွက်နည်းသဖြင့် ဈေးတက်သွားခြင်းဖြစ်ကြောင်း ဂျင်းမွေးမြူရေးလုပ်ကိုင်နေသူ အချို့က ဆိုသည်။ “ဂျင်းသားပေါက် အထွက်နည်းလို့ မနည်းလိုက်ဝယ်ရတာ။ ရွာက‌ မွေးကန်အတွက် လိုသလောက်မရဘူး။ ကီလို တစ်ထောင်မှာထားတာ တစ်ရာကျော်ပဲရတာ။ ဂျင်းမထွက်တော့ ဈေးကြီးပေးဝယ်ရတာပေါ့” ဟု စခန်းသစ်ကျေးရွာ အုပ်စုရှိ ကျေးရွာတစ်ရွာမှ ရွာပိုင်ဂျင်းမွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ နှစ်ဆယ့်ငါးကီလိုကျော်အထိ ပါရှိသည့် ဝါးလတ်ခြင်း တစ်ခြင်းလျှင် ကျပ်လေးသိန်းငါး‌သောင်းကျော် ဈေးရှိသဖြင့် တစ်ကီလိုလျှင် နှစ်သောင်းကျပ်နီးပါးအထိ ပေးဝယ်နေရခြင်းဖြစ်သည်။ ဂျင်းသားပေါက်တို့သည် ရေကန်တောင်ကျေးရွာတွင်သာ ထွက်ရှိလေ့ရှိပြီး တစ်ခြင်းလျှင် ရွာကန့်သတ်ဈေး ကျပ်နှစ်သိန်းကျော်သာရှိပြီး […]

ဘန်ကောက် ညဈေးတန်းတွင် ဈေးရောင်းနေသော မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

diz_admin

February 8, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ နာမည်ကြီးညဈေးတန်းဖြစ်သော ခေါက်စန်လမ်းတွင် တရားမဝင်ဈေးရောင်းချနေ သော မြန်မာအလုပ်သမား ၁၁ဦး ဖေဖော်ဝါရီလ ၇ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာများသည် roti နှင့် kebab စသော မုန့်များကို ရောင်းချနေကြခြင်းဖြစ်သည်။ တရားမဝင် ဈေးရောင်းနေသည်ဆိုသည့် တိုင်ကြားချက်များ ရရှိခဲ့ပြီးနောက် ထိုင်းလဝကရဲအရာရှိများသည် ခရီးသွားများပုံစံဖြင့် ဈေးဝယ်သကဲ့သို့ ဟန်ဆောင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားများကို စစ်ဆေးရာ မြန်မာဈေးသည်အချို့မှာ ဈေးလှည်းကိုထားကာ ထွက်ပြေးကြသဖြင့် ၁၁ ဦးကိုသာ ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၁၁ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ မပြသနိုင်ကြကြောင်း ဆက်လက်ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် ဈေးရောင်းချခွင့်မှာ ထိုင်းနိုင်ငံသားများသာ […]

ဖမ်းဆီးခံရသည့် ပြည်ကြီးမဏ္ဍိုင် ရဲစခန်းမှူးဟောင်း အလောင်းသာပြန်တွေ့

diz_admin

February 8, 2023

ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့မ ရဲစခန်းမှူးဟောင်းကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၂ ရက်အကြာတွင် အလောင်းသာပြန်တွေ့ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မ ရဲစခန်းမှူးဟောင်းဖြစ်သူ ဦးမောင်မောင်ကို လက်နက်ကိုင်လူတစ်စုက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ၎င်းနေထိုင်သည့် ထင်းမယ်ရွာ၌ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက်တွင် ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။ “မနေ့မနက်က ဆေးရုံရောက်လာတယ်။ နေ့လယ်ပိုင်းမှာ နေ့ချင်းပြီး မဏ္ဍိုင်သင်္ချိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်”ဟု ဘုတ်ပြင်းဒေသခံအမျိုးသား ကပြောသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်တွင် ထင်းမယ်ရွာ အရှေ့ဖက် သရော်တောင်ရှိ ဦးမောင်မောင် ယောက္ခမဖြစ်သူ၏ ခြံအနီးတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံများကပြောသည်။ “ဦးနှောက်(ခေါင်း)မှာ သေနတ်ဒဏ်ရာရပြီး သေနေတယ်လို့ကြားရတယ်။ ဘယ်နှစ်ချက် အပစ်ခံရတယ်ဆိုတာတော့ သေချာမသိရဘူး”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးကပြောသည်။ […]

ထိုင်းရောက်အမျိုးသားတစ်ဦး ကြိုးဆွဲချသတ်သေ

diz_admin

February 8, 2023

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် ရောက်ရှိနေသာ အသက် ၅၆ နှစ်ရွယ် မြန်မာအမျိုးသားတစ်ဦးမှာ မြန်မာနိုင်ငံပြန်ခွင့်မရသဖြင့် ကြိုးဆွဲချ သတ်သေခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံသား စောအောင်ထွန်းသိန်းမှာ ၎င်းနေထိုင်ရာ တိုက်ခန်းဝရံတာတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြိုးဆွဲချကာ သတ်သေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ သမီးဖြစ်သူနှင့်အတူ စမွတ်ပရကန်ခရိုင် ဘန်ဖလိဒေသ တိုက်ခန်းတစ်ခုကို ငှားရမ်းနေထိုင်နေခြင်းဖြစ်ပြီး သမီးဖြစ်သူ အလုပ်မှပြန်လာချိန် ည ၈ နာရီခွဲခန့်တွင် ကြိုးဆွဲချ သေဆုံးလျက်ရှိနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ စောအောင်ထွန်းသိန်းမှာ အေးဆေးတည်ငြိမ်သူဖြစ်ပြီး လအတော်ကြာ အလုပ်လက်မဲ့ဖြစ်နေခဲ့ကြောင်း သိရသည်။ ၎င်းမှာ အခန်းအပြင်ဘက် ဝရံတာပေါ်မှ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ကြမ်းပြင်ပေါ်တွင် ခြေထောက်နှစ်ဖက် ဒူးကွေးထားကာ လက်နှစ်ဖက်စလုံးကိုလည်း ကြိုးဖြင့် ချည်ထားကြောင်း၊ ပြင်ပဒဏ်ရာရရှိထားခြင်းမျိုး မတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ […]

သရက်ချောင်း၊ ကတွဲရွာက အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး နှစ်ရက်ကြာအထိ သတင်းမရ

diz_admin

February 7, 2023

သရက်ချောင်းမြို့နယ်၊ ကတွဲရွာက အမျိုးသားတစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရက်ကြာသည်အထိ သတင်းမရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ ကျော်အရွယ် ကိုအာကာ (ခေါ်) ကိုစိုးဝင်းနိုင်ဆိုသူမှာ ဖေဖော်ဝါရီလ ၅ ရက် ည ၈ နာရီခန့်တွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းသည် ရန်ကုန်တွင် ရှစ်လခန့်သွားရောက်နေထိုင်ကာ ရွာသို့ ပြန်လာပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြစ်ကြောင်း ကတွဲကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ ကိုအာကာကို ပရိုဘောက်ကားဖြင့် ရောက်လာသည့် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိလူတစ်စုက ညနေစာထမင်းစားနေချိန် ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သတ်မှန်း မသတ်မှန်းတော့ မသိဘူး။ ဖမ်းခေါ်သွားတာတော့ သိတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ အဆိုပါအမျိုးသားသည် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် […]

ထိုင်းတွင် NGO အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သားထံမှ ငွေလိမ်မှုများရှိလာ

diz_admin

February 7, 2023

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် NGO တွင် လုပ်အားခကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာ အလုပ်သမားများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ ထိုင်းရောက်မြန်မာများစွာ ရှိနေသည့် All About Bangkok Facebook Group ထဲတွင် Lwin Yati Hnin May အမည်သုံးထားသည့် အကောက်တုဖြင့် လိမ်လည်ခြင်းဖြစ်သည်ဟု ဆိုသည်။ လုပ်ခလစာမက်လုံးအပြင် အခြားခံစားခွင့်များဖြင့် ဆွဲဆောင်ထားသော NGO အလုပ်တစ်ခုကို မြန်မာများလာရောက် လျှောက်ထားရန် ဇန်နဝါရီလ လကုန်ရက်များတွင် ယင်းဂရုထဲ အဆိုပါအကောင့်တုဖြင့် ရေးသားလာခဲ့ခြင်း ဖြစ်သည်။ အခြေခံလစာ ဘတ် ၁၇၀၀ဝမှ စတင်ရရှိမည်ဖြစ်ပြီး အသက် ၁၈နှစ်အထက်ရှိသော မြန်မာများကို အလုပ်လျှောက်လွှာ ခေါ်ယူခဲ့ပြီး လျှောက်ထားခအနေဖြင့် ဘတ် ၂၅၀ ကြိုတင်ကာ ကောက်ခံခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် […]

ပလမြို့အနီး ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

February 7, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့၊ အမှတ် (၁) အမှတ် (၂) ရပ်ကွက်ဖြစ်သည့် တိုရွာအနီး ပိကုန်းတောင်ဖက်တွင် ယနေ့ ဖေဖော်ဝါရီလ၇ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီကျော်သည် အထိတိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ည ၆ နာရီခွဲမှ ၇ နာရီခွဲအထိ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “မိုင်းတွေ ကွဲတာကလည်း တအုန်းအုန်းနဲ့ တောင်ယာမီးတိုက်နေသလိုပဲ။ မီးခိုးလုံးကြီးတွေ တက်နေတာ။ ပွဲက တော်တော်ကြမ်းတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးသလို လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့်လည်း ထိခိုက်ပျက်စီးမှု […]