ကံပေါက် Delco သတ္တုလုပ်ကွက်တွင် ခဲရှာသူအမျိုးသမီးနှစ်ဦး မြေစာပိ၊ တစ်ဦးသေဆုံး
diz_admin
February 7, 2023ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဒယ်လ်ကို (Delco) သတ္တုကုမ္ပဏီ လုပ်ကွက်အတွင်း မြေစာပြိုကျသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့ကပြောသည်။ ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျကာ ခဲ ဝင်ရှာသည့် အမျိုးသမီးနှစ်ဦးကို မြေစာပိသွားခြင်းဖြစ်ပြီး ဒဏ်ရာရသူအမျိုးသမီးကို ဆေးရုံတင်လိုက်ရကြောင်း ဒေသခံအချို့ကပြောသည်။ သေဆုံးသူအမျိုးသမီးမှာ သတ္တုတွင်းရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်ချောချောဖြစ်သည်။ ၎င်းနှင့်အတူ မြေစာပုံပိသူမှာ မြသီတာရပ်ကွက်နေ ဒေါ်ဝေမှာ ဒဏ်ရာရှိသဖြင့် ကံပေါက်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ၎င်းအမျိုးသမီး နှစ်ဦးစလုံးသည် ကံပေါက်ဒေသခံမဟုတ်ဘဲ မြန်မာနိုင်ငံအထက်ပိုင်းမှ လာရောက်ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်စားသောက်သူများဖြစ်ကြကြောင်း ဒေသခံအချို့က ပြောသည်။ မြေစာပုံပြိုကျသည့်နေရာသည် ကုမ္ပဏီဘက်က ခဲဝင်ရောက်ရှာဖွေခွင့်မပြုထားသည့် ကန့်သတ်ဧရိယာဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “အခုဖြစ်သွားတဲ့နေရာက ကုမ္ပဏီက ခဲဝင်မရှာခိုင်းတဲ့နေရာလို့ပြောတယ်။ ဒါပေမဲ့ ခဲရှာသူတွေက […]


