လောင်းလုံးတွင် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကိုလည်းမီးရှို့
diz_admin
February 4, 2023လောင်းလုံးမြို့နယ် မင်းရပ်ရွာမြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ညက စစ်ကောင်စီတပ်နှင့် ပျူစောထီးပူပေါင်းအဖွဲ့က အမျိုးသားတစ်ဦးကို ပစ်သတ်ပြီးနောက် နေအိမ်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရမှုကြောင့် အသက် ငါးဆယ်အရွယ်ရှိ ဦးတင်လောင်းဆိုသူအမျိုးသား တစ်ဦးသေဆုံးပြီး နေအိမ်ကိုလည်း မီးရှို့သွားခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “အိမ်ကတော့ပြာကျသွားတယ်။ အလောင်းကတော့ အိမ်နားက ငှက်ပျောတောထဲမှာ သွားတွေ့တာပါ”ဟု ၎င်းကပြောသည်။ ပစ်သတ်ခံရသူမှာ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ် လှုပ်ရှားနေသူမဟုတ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ စစ်ကောင်စီ ပူးပေါင်းအဖွဲ့သည် မင်းရပ်ရွာသားအချို့၏ နေအိမ်အချို့ကို ဖောက်ထွင်းသွားပြီး ရွှေသားအပါအဝင် ငွေနှင့် မော်တော်ဆိုင်ကယ် သုံးစီးထက်မနည်း ယူဆောင်သွားကြောင်း ဒေသခံအချို့ကပြောသည်။ ယူဆောင်သွားသည့် ပမာဏ အသေးစိတ်ကိုမူ မသိရသေးပေ။ “လက်ဝတ်လက်စားတွေပါ ကြက် တောင်မှမချန်ခဲ့ဘူး။ တော်တော်ဆိုးတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]


