ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီတပ်ကို ကော်သူးလေက သုံးရက်အတွင်းထွက်ခိုင်း၊ အဖွဲ့အမည်မတပ်ဘဲလည်း သတိပေးချက်ထုတ်

diz_admin

February 13, 2023

တနင်္သာရီတိုင်းရှိ နယ်စပ်စခန်းသုံးခုက စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အခြားတပ်ရင်းတပ်ဖွဲ့များ အနေဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မတိုင်မီ ထွက်ခွာသွားရန် ကော်သူးလေတပ်မတော်က ထုတ်ပြန်ထားသည်။ ဆာကဆောတိုင်းစစ်ဌာနချုပ် (တနင်္သာရီတိုင်း) နယ်မြေအတွင်းရှိ စစ်ကောင်စီနယ်စပ်စခန်းများဖြစ်သည့် ခြေလျင် တပ်ရင်း ၂၀၃ ၏ မောထစခန်း၊ ခြေလျင်တပ်ရင်း ၂၅ ၏ ထောင်းမဖြူးစခန်း၊ ကမာ့ပလောင်းစခန်းများနှင့် စစ်ကောင်စီလက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ ထွက်ခွာသွားရန် ဖေဖော်ဝါရီလ ၁၂ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။ ကော်သူးလေတပ်မတော်၏ ထုတ်ပြန်ချက်တွင် အမိန့်ထုတ်ရသည့်အကြောင်းအရာ ခြောက်ခုကိုဖော်ပြထားသည်။ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ပြည်သူများကို နှောင့်ယှက်ခြင်းနှင့် မိုင်းထောင်ခြင်းများ လုပ်ဆောင်နေကြောင်း ပါရှိသည်။ ယင်းအပြင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အဖွဲ့အစည်းတစ်ခုက PDF များကို လိမ်ညာပြောဆိုစည်းရုံးပြီး ဒေသခံ များနှင့် ကော်သူးလေတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ လက်နက်သိမ်းယူခြင်းများလုပ်ဆောင်နေသည်ဟု […]

ထိုင်းတွင် မြန်မာပွဲစားတစ်ဦး အသတ်ခံရ

diz_admin

February 13, 2023

မြန်မာအလုပ်သမားများကို ထိုင်းသို့ ပို့ဆောင်ပေးနေသော မြန်မာပွဲစားတစ်ဦးသည် ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် ဇန်နဝါရီလ ၁၂ ရက်က ဓားဖြင့်ထိုးသတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စမွတ်ပရကန်ခရိုင် ဘန်ပူဒေသ လူနေတိုက်ခန်းအဆောက်အအုံတစ်ခု၏ ဒုတိယထပ်ရှိ အခန်းထဲတွင် မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံထားရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ သေဆုံးသူသည် အသက် ၂၃နှစ်အရွယ် ကိုဗိုလ်မိုးဟိန်းအမည်ရှိသူဖြစ်ပြီး ဝမ်းဗိုက်နှင့် နောက်ကျောတို့တွင် ဓါးဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲလျက်သေဆုံးနေကြောင်း ဖော်ပြသည်။ လက်နှစ်ဖက်စလုံးကိုလည်း နောက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်းတွင် အဝတ်စတစ်ခုဖြင့် ချည်ထားလျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရေးသားထားသည်။ အခန်းအတွင်းတွင်လည်း တိုက်ခိုက်ထားသည့်ပုံစံ တွေ့ရှိခဲ့ရပြီး ပစ္စည်းများကို မွှေနှောက်ရှာဖွေထားသည့် ပုံစံပုံဖြစ်နေကြောင်း ရဲတပ်ဖွဲ့၏ တွေ့ရှိချက်ကို ကိုးကားကာ ဖော်ပြသည်။ အဆိုပါသေဆုံးမှုကို တစ်တိုက်တည်းနေထိုင်သူတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးဝန်ထမ်းမှတစ်ဆင့် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ […]

ပလောက်မြို့ မိသားစုဝင် ၇ ဦးအသတ်ခံရမှု ပြင်းထန်စွာရှုတ်ချဟု မြိတ်ခရိုင်တပ်ရင်း ၁ ထုတ်ပြန်

diz_admin

February 13, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် အသတ်ခံရသည့် မိသားစုဝင် ၇ ဦး အသတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင်တပ်ရင်း ၁ ပုလောက ယနေ့ထုတ်ပြန်လိုက်သည်။ ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အလယ်ကုန်းရွာတွင် ဖေဖော်ဝါရီ ၁၁ ရက်ညက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ဇနီး၊ သမီးနှင့် မြေးဖြစ်သူ ကလေးငယ်အပါအဝင် မိသားစု ၇ ဦးကို အမည်မသိအဖွဲ့က သတ်သွားခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၁ ရက်ည ၈ နာရီ ၂၀ ခန့်က လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး အိမ်တံခါးဖွင့်ခိုင်းကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ကလေးငယ်များအပါအဝင် မိသားစုဝင်များအားလုံးကို သတ်ဖြတ်သွားခြင်းဖြစ်သည်။ သေဆုံးသူများမှာ ဇနီးဖြစ်သူဒေါ်ကြင်နွဲ့၊ သမီး ဒေါ်သန်းသန်းမော် ၄၂ နှစ်၊ မြေးဖြစ်သူ မောင်နေထက်သိန်း ၁၇ […]

ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပေါ် တိုက်ပွဲဖြစ်ပြီး လမ်းယာယီပိတ်

diz_admin

February 12, 2023

ရေဖြူမြို့နယ် ရန်ကုန်- ထားဝယ် ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေက တိုက်ပွဲဖြစ်ပွားနေပြီး လမ်းကိုယာယီပိတ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ ညနေ ၃ ခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေသည့်အတွက် ရန်ကုန်ဘက်မှလာသည့်ကားများကို ၂၅ မိုင်တွင် စစ်ကောင်စီတပ်က ပိတ်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်ဘက်မှ သွားသည့်ကားများကိုမူ ၁၉ မိုင်ဝန်းကျင်တွင် ဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားကြောင်း ၎င်းက ဆိုသည်။ “ပစ်သံတွေကတော့ ဆူညံနေတာ။ ရန်ကုန်ဘက်က ဆင်းလာတဲ့ကားတွေဆို ရာချီလောက်အထိ ရှိနိုင်တယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ ညနေ ၆ နာရီကျော်သည်အထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ပြီး တိုက်ပွဲအခြေအနေကို မသိရသေးကြောင်း ၎င်းက ပြောသည်။ ည ၇ […]

မြိတ်တွင် ကွမ်းသီးဈေး ပြန်တက်

diz_admin

February 12, 2023

မြိတ်ဒေသထွက် ကွမ်းသီးခြောက်ဈေး ပြန်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကွမ်းသီးခြောက် တစ်ပိဿာလျှင် သုံးထောင်သုံးရာကျပ်မှ သုံး‌ထောင်ခြောက်ရာကျပ် အထိသာဈေးရှိခဲ့ကြောင်း ကွမ်းသီးခြောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။ ယင်းနောက် ယခု ဖေဖော်ဝါရီလအစမှ စပြီး တစ်ပိဿာလျှင် သုံးထောင်ကိုးရာကျပ် ပြန်လည်ရရှိနေကြောင်း ၎င်းတို့က ဆိုသည်။ “ဈေးတော့ နည်းနည်းပြန်တက်လာ‌နေတယ်။ နယ်စပ်ဂိတ်ပြန်ဖွင့်ရင် ဈေးပြန်တက်လာဦးမယ်” ဟု ကန်ဖျားရပ်ရှိ ကွမ်းသီးခြောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ အိန္ဒိယနိုင်ငံသို့ ကွမ်းသီးများ တင်ပို့ရာလမ်းဖြစ်သည့် တမူး-မိုးရေးနယ်စပ်ဂိတ်အား နိုဝင်ဘာလ ၁၅ ရက်နေ့မှစပြီး အိန္ဒိယဘက်က သုံးလပိတ်ခဲ့ပြီးနောက် ကွမ်းသီးဈေးကျဆင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ နယ်စပ်ဂိတ် ပိတ်ထားခြင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သုံးလပြည့်မည်ဖြစ်သည်။ နယ်စပ်ဂိတ် ပြန်ဖွင့်ခါနီးအချိန်ဖြစ်သဖြင့် ဈေးပြန်တက်လာခြင်းဖြစ်ပြီး ဂိတ်ဖွင့်မဖွင့်အပေါ်မူတည်ကာ ဈေးအတက်အကျ […]

ပလောက်မြို့တွင် အုပ်ချုပ်ရေးမှုး၏ မိသားစုဝင် ၇ ဦးပစ်သတ်ခံရ

diz_admin

February 12, 2023

ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းကျေးရွာတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး၏ မိသားစုဝင် ၇ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်ည ၈ နာရီ ၂၀ ခန့်က လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး အိမ်တံခါးဖွင့်ခိုင်းကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ကလေးငယ်များအပါအဝင် မိသားစုဝင်များအားလုံးကို သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။ ဦးမြင့်အောင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး သမက်မှာလည်း ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့ဝင်ဖြစ်ကြောင်း ကာယကံရှင်က အတည်ပြုပြောဆိုသည်။ သေဆုံးသူများမှာ ဇနီးဖြစ်သူဒေါ်ကြင်နွဲ့မှာ အသက် ၆၁ ကျော်ပြီဖြစ်ပြီး သမီးဖြစ်သူ ဒေါ်သန်းသန်းမော် ၄၂ နှစ်၊ မြေးဖြစ်သူ မောင်နေထက်သိန်း ၁၇ နှစ်၊ မောင်ဇေယျာအောင် ၁၆ နှစ်၊ မောင်စိုးမင်းပိုင် […]

ပလမြို့တိုရွာရှိ ဒေသခံနေအိမ်များ ဆက်တိုက်မီးရှို့ခံနေရ

diz_admin

February 12, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပလမြို့၊တိုရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့နေကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ထပ်မံမီးရှို့ခံရခြင်းဖြစ်ပြီး နံနက် ၁၁ နာရီခွဲအချိန်အထိ မီးလောင်နေသေးကြောင်း ဒေသခံများ ကပြောသည်။ “မီးခိုးလုံးကြီးတွေ မြင်နေရသေးတယ်။အိမ်တွေ အကုန်လုံးကုန်ပြီလားတော့ မသိဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ မီးလောင်သွားသည့် နေအိမ်အရေအတွက်နှင့် အိမ်ရှင်များကိုမသိရသေးဟု ၎င်းတို့ကပြောသည်။ “ဒီနေ့က ဘာတိုက်ပွဲလည်း မရှိဘူး။ မီးရှို့ခံနေရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ထပ်ပြောသည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း တိုရွာရှိနေအိမ်များ မီးရှို့ခံရသေးပြီး နှစ်ရက်ပေါင်းလျှင် အိမ်ခြေ ၅၀ ဝန်းကျင်ရှိနိုင်သည်ဟု ကြားရကြောင်း ဒေသခံများကဆိုသည်။ တိုရွာသည် ပလမြိ၏ အမှတ် ၁၊အမှတ် ၂ ရပ်ကွက်ဖြစ်ပြီး အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိကြောင်း ဒေသခံများ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

February 11, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ ၁၁ ရက်နေ့အထိ အာဏာသိမ်းကာလတွင် အမျိုးသမီး ၄၀၀ကျော်သေဆုံး၊ ၂၇၀၀ကျော်ဖမ်းဆီးခံရ မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလ ၂နှစ်အတွင်း အမျိုးသမီး ၄၁၄ဦး သေဆုံးပြီး ၂၇၇၈ဦး ဖမ်းဆီးခံရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာထဲ ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးမှုအများဆုံး ဖြစ်ကာ ၁၀၇ ဦးရှိကြောင်း ဖော်ပြသည်။ ရွာထဲစီးနင်းဝင်ရောက်ချိန် ပစ်ခတ်မှုကြောင့် ၇၈ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ၅၃ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၆ဦး သေဆုံးခဲ့သည်။ ဆန္ဒပြနေချိန်ပစ်ခတ်ဖြိုခွဲမှု၊ မီးရှို့သတ်ဖြတ်မှု၊ ဦးခေါင်းကျည်ထိမှန်မှုတို့ကြောင့် သေဆုံးသူ ၂၀ ကျော်စီ ရှိသည်ဟုလည်း ဖော်ပြသည်။ […]