ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဗုံးချတိုက်ခိုက်ရာတွင် ပစ်ခတ်ခံရသဖြင့် ဒရုန်းတစ်စီးပျက်စီးဟု KPDF ထုတ်ပြန်

diz_admin

February 11, 2023

စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာတွင် ပစ်ခတ်ခံရသဖြင့် ဒရုန်းတစ်စီးပျက်စီးသွားကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K-PDF ပုလောက ယနေ့ ထုတ်ပြန်လိုက်သည်။ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာနှင့် နန်းတောင်ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ဖေဖော်ဝါရီလ ၉ ရက်တွင် ဒရုန်းဖြင့် ငါးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းသို့တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့်ကျည် ထိမှန်ကာ ဒရုန်းတစ်စီးပျက်စီး သွားသည်ဟုဆိုသည်။ ဗုံးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ကျဆုံးခဲ့ပြီး အရေအတွက်ကို အတည်မပြုရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KPDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။ KPDF သည် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီးစစ်ကောင်စီတပ်ဂိတ်စခန်းများအား ယခင်ကလည်း ဒရုန်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။

ရေးတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ၁၀နှစ်အရွယ် ကိုရင်ငယ်တစ်ပါးပျံလွန်

diz_admin

February 11, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုစည်းမြိုင်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ကိုရင်ငယ်တစ်ပါး ပျံလွန်ပြီး ရဟန်းတစ်ပါး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်ရင်း (၃၁၇) က ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၄ နာရီ ဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည်များသည် ကနင်းကမော့ကျေးရွာဘေးရှိ စုစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းတော်ကြီးကျောင်းအရှေ့နှင့် အနောက်ဖက်ခြံဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့ ကျရောက်မှုကြောင့် ကျောင်းအရှေ့တွင် ရှိနေသည့် အသက် ၁၀ နှစ်အရွယ် ကိုရင်ငယ်တစ်ပါး ကျည်ထိမှန်ပြီး ပျံလွန်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ ယင်းအပြင် သက်တော် ၆၀ ကျော်ရှိ ရဟန်းတစ်ပါးလည်း လက်မောင်းနှင့် […]

ပုလောနှင့်တနင်္သာရီတွင် ညလုံးပေါက် လက်နက်ကြီးများဖြင့်ပစ်ခတ်

diz_admin

February 11, 2023

တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြိတ်ခရိုင်၊ ပုလောမြို့နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ညလုံးပေါက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။ ပုလောမြို့ ၂၈၅ တပ်ရင်းမှ အနီးအနားကျေးရွာများဖြစ်ကြသည့် တို၊ ပိတပ်၊ မြဒေါင်၊ သင်္ကန်းတော၊ တန်းရှင်း၊ ကဒဲ စသည့် ကျေးရွာများဘက်သို့ နေ့ရောညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။ “ညကလည်း ညလုံးပေါက်ပစ်တယ်။ ဒီမနက်စောစောလည်း ပစ်တုန်းပဲ။ လူတွေက အပြင်တောင်ထွက်လို့ မရတော့ဘူး။ အိမ်တွေပိတ်ပြီး ပြေးတဲ့သူတွေက ပြေးကုန်ကြပြီ”ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယင်းအပြင် ဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး ယနေ့နံနက်တွင်မှ ပြန်လည်ရရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးသည့် လမ်းတစ်လျှောက်ရှိ ဒေသခံအမျိုးသားများကို ဖမ်းဆီးစစ်ဆေးခြင်းများလည်း ပြုလုပ်လျက်ရှိနေသဖြင့် ပုန်းနေကြရသည်ဟု ၎င်းတို့ကပြောသည်။ ဖေဖော်ဝါရီ ၂ ရက်က […]

ကံပေါက်ဒေသက အမျိုးသမီးငါးဦးထပ်မံအဖမ်းခံရ

diz_admin

February 11, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီးငါးဦးကို ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ အဖမ်းခံရသူအမျိုးသမီးတို့မှာ ဒေါ်မာမာဝေ၊ ဒေါ်သန်းသန်းစိုး၊ ဒေါ်ချိုချိုအောင်၊ ဒေါ်မိသန်းကြွယ်နှင့် သမီးဖြစ်သူ မရွက်နုဝေတို့ ဖြစ်ကြသည်။ “ဖေဖော်ဝါရီ ၉ ရက်ညက အခုအဖမ်းခံရတဲ့ လှည်းကုန်းရပ်ကွက်က အိမ်တွေနဲ့ ခိုင်သဇင်ရပ်ကွက်က CDM ဆရာမတစ်ဦးရဲ့ နေအိမ်လည်း ဝင်ရှာခံရတယ်။ မနက်ကျတော့ ရေတပ်က လာခေါ်သွားတယ်။ ဆရာမက ခရီးထွက်နေတော့ ခေါ်သွားရာမှာ မပါသွားဘူး” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယခု အဖမ်းခံထားရသည့် အမျိုးသမီးငါးဦးသည် စစ်ကောင်စီတပ်က ယခင်ဖမ်းဆီးပြီးပြန်လွှတ်လိုက်သည့် လှည်းကုန်းရပ်ကွက်မှ ဒေသခံများနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြကြောင်း ဒေသခံတို့က ဆိုသည်။ သို့သော်မည့်သည်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ […]

အာဏာသိမ်းပြီးနောက် မြိတ်တွင် ဆန်ကြမ်းဈေးသုံးဆကျော်မြင့်တက်

diz_admin

February 11, 2023

အာဏာသိမ်းပြီး ၂နှစ်ကျော်အကြာ မြိတ်ကုန်စည်‌ဈေးကွက်တွင် ဆန်ကြမ်းဈေး သုံးဆကျော်မြင့်တက်လာကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။ အာဏာမသိမ်းမီက ဆန်ကြမ်းတစ်ပြည်လျှင် ၈၀၀ မှ ၉၀၀ ကျပ်နှုန်း ၂၄ ပြည် တစ်အိတ်လျှင် ၁၉၂၀၀ ကျပ်မှ ၂၁၆၀၀ ကျပ် သာရှိခဲ့ကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ အာဏာသိမ်းပြီး ၂နှစ်ကျော်အကြာတွင် တစ်ပြည်လျှင် ၂၇၀၀ ကျပ်နှုန်း တစ်အိတ်လျှင် ၆၄၈၀၀ ကျပ်အထိ မြင့်တက် သွားကြောင်း ၎င်းတို့က ဆိုသည်။ “ဆန်ကြမ်းတစ်ခုတည်း မဟုတ်ဘူး။ ဆန်အားလုံးတက်တာ” ဟု ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြော သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်အထိ ၂၄ ပြည်ပါ ဆန်ကြမ်းတစ်အိတ်လျှင် ၅၆၀၀၀ ကျပ်သာရှိခဲ့ရာမှ ဒုတိယ အပတ်မှစပြီး ၆၄၈၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း […]

မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်မည်

diz_admin

February 11, 2023

စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် နိုင်ငံရေးပါတီ ဖျက်သိမ်းမခံရစေရန် မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်မည်ဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမည်ဖြစ်ပြီး မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်သည်ဟု ပြဌာန်းပါရှိသည်။ ဥပဒေသစ် ပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည်ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီဖွင့်လှစ်ရမည်ဟု ပါရှိသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါပြဌာန်းချက်သည် မွန်ညီညွတ်ရေးပါတီအတွက် ပြည်ထောင်စုတစ်ဝန်းလုံး […]

လောင်းလုံးတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

diz_admin

February 10, 2023

လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၁ဝရက် နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အသက် ၃၀ အရွယ် ဦးစိုးဆိုသူနှင့် ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ကြည်သန်းဆိုသူတို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပြင်ကြီးရွာအနီး လှေဆိပ်၌ လှေပေါ်မှ ငါးသယ်ပြီး အပြန်လမ်းတွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ယောက်ျားက ဆိုင်ကယ်‌ ပေါ်ခွလျက် လဲကျသေဆုံးနေတယ်။ သူ့အမျိုးသမီးကတော့ ဆိုင်ကယ်နဲ့ မလှမ်းမကန်းမှာ လဲကျသေဆုံးနေတယ်” ဟု ၎င်းက ဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုး၏ ရင်ဖက်တွင် သေနတ်ဒဏ်ရာနှစ်ချက်၊ ညာဖက်ပါး […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

February 10, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်၀ဝါရီ ၄ ရက်နေ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ တူရကီ၊ ဆီရီးယား ငလျင်ကြောင့် သေဆုံးသူ ၂ သောင်းကျော်အထိတိုးလာ တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက်ဟာ လူပေါင်း ၂ သောင်းကျော်နေပြီဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာလည်း ပစ္စည်းကရိယာ ကောင်းကောင်းမပါပဲ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို အချိန်လုပြီး ကြိုးစား ရှာဖွေနေကြဆဲပါ။ ပြင်းအား ၇.၈ မဂ္ဂနီကျူ့ရှိတဲ့အင်အားပြင်းငလျင်ဟာ တနင်္လာနေ့မနက်ပိုင်းမှာ ဂါဇီယန်တပ်မြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး နာရီပိုင်းအကြာမှာ ၇.၅ မဂ္ဂနီကျူ့ ရှိတဲ့ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာပါ။ တူရကီအစိုးရ […]