မွန်နှင့် ထားဝယ်အင်အားစုများ တွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေးကိစ္စများ ဆွေးနွေး
Dawei Watch
July 17, 2025မွန်နှင့် ထားဝယ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ရာမညဖက်ဒရယ် အင်အားစုသစ် (NRFF) ဦးဆောင်၍ ပြုလုပ်ကြောင်း ဇူလိုင်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ တွေဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း NRFF ထံမှ သိရသည်။ ယင်းဆွေးနွေပွဲတွင် မွန်အင်အားစုအနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်ကာကွယ်ရေးတက် (MSDF) ၊ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ နှင့် မွန်အမျိုးသမီးအဖွဲ့အစည်းများ ပါဝင် ဆွေးနွေးကြောင်း NRFF ထံမှ သိရသည်။ ထားဝယ်အင်အားစုအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သူများသည် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပြီး တက်ရောက် ဦးရေနှင့် အဖွဲ့အစည်းများကိုမူ လက်တလောတွင် ထုတ်ပြောခွင့် မရှိသေးကြောင်း NRFF […]

 
                     
                     
                     
                     
                     
                     
                     
                    
