တိုက်ပွဲကြောင့် မြိတ်-ဘုတ်ပြင်းကားလမ်းပိတ်နေသဖြင့် လှေဖြင့်သွားလာသူများလာ
Dawei Watch
May 8, 2024မြိတ်-ဘုတ်ပြင်းသွားသည့် ပြည်ထောင်စုလမ်းပေါ်ရှိ ၁၀၂၀ တောင်တွင် တိုက်ပွဲများရက်ဆက်ပြင်းထန်နေသည့်အတွက် ကားလမ်းပိတ်ထားသောကြောင့် ရေလမ်းခရီးမှ စက်လှေဖြင့် သွားလာသူများပြားလာကြောင်း ခရီးသွားအချို့နှင့် စက်လှေပိုင်ရှင်အချို့ထံမှ သိရသည်။ ဧပြီလ ၃၀ရက်မှစပြီး မြိတ်-ဘုတ်ပြင်းသွား ကားလမ်းမပေါ်ရှိ ၁၀၂၀တောင်တွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကားလမ်းပိတ်နေရာ မေလ၇ရက်အထိ သွားလာ၍မရသေးကြောင်း ကုန်တင်ကား မောင်းသူအချို့က ပြောသည်။ ယင်းကဲ့သို့ ကားလမ်းပိတ်နေသည့်အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အပါအဝင် ခရီးသွားလာချိန်၌ ရေလမ်းကို အားထားအသုံးပြုလာရကြောင်း မြိတ်ဒေသခံအချို့က ဆိုသည်။ ရေလမ်းဖြင့် ခရီးသွားရာတွင် လုံခြုံစိတ်ချရသည့် ခရီးသည်တင် အမြန်ရေယာဉ်ဖြင့် ပြေးဆွဲခြင်း မဟုတ်ဘဲ စက်လှေဖြင့် သွားလာနေရသည့်အတွက် အန္တရာယ်ကျရောက်နိုင်ခြေရှိနေကြောင်း မြိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ “ရေလမ်းလည်းဖြစ်တယ်၊ ညဘက်မှလည်းသွားတယ်ဆိုတော့ အန္တရာယ်အရမ်းများတယ်။ ကြားထဲ ရာသီဥတုမကောင်းရင် ရေလမ်းက […]


