BREAKING
May 4, 2025

မြိတ်

ပလတွင် မိုင်းနင်းမိပြီး လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Dawei Watch

June 15, 2023

ပုလောမြို့နယ်၊ ပလမြို့၊ ဇရပ်ဆိပ်ရွာအနီးတွင် မိုင်းနင်းမိပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အတူတူလိုက်ပါလာသူ နောက်အမျိုးသားတစ်ဦးလည်း မျက်လုံးတွင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဇရပ်ဆိပ်ရွာအနီး သံသာဥယျာဉ်တောတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပလမြို့ခံ ကိုအောင်ဇော်လတ်မှာ ယင်းနေရာတွင် သေဆုံးခဲ့ရပြီး ၎င်း၏အလုပ်သမားဖြစ်သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားမှာ မျက်လုံးတစ်ဖက်တွင် မိုင်းစထိမှန်ဒဏ်ရာရကာ အမြင်အာရုံဆုံးရှုံးသွားကြောင်း ဒေသခံများက ဆိုသည်။ “သူတို့နှစ်ယောက်က သစ်တစေ့ (သစ်ချသီးအစေ့) သွားကောက်မယ်ဆိုပြီး တောထဲဝင်သွားရာမှာ ဖြစ်တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သံသာဆိုသည့်နေရာသည် ဇရပ်ဆိပ်ရွာနှင့် ပလမြို့ကြားတောင်စွယ်ဖြစ်ပြီး ကဒဲရွာနှင့်လည်းနီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

မင်းထိန်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာသားများထွက်ပြေးနေရ

Dawei Watch

June 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ရွာသားများ ထွက်ပြေးနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁၁ နာရီခန့်ကစပြီး ပုလောအခြေစိုက် ၂၈၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ၎င်းတို့က ပြောသည်။ “ပစ်နေတာက ဆက်တိုက်ပဲ။ ရွာလယ်ဟိုင်းဝေးလမ်းမကြီးပေါ် လာကျနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူထိခိုက်မှု ရှိမရှိ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ “တိုက်ပွဲဖြစ်သံ မကြားဘူး။ နားလိုက်၊ ပစ်လိုက်လုပ်နေတာ။ (မင်းထိန်ရွာအနီးက) ပဝတ်ကုန်းဖက်လည်း ပစ်နေတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ […]

တနင်္သာရီတွင် ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

Dawei Watch

June 13, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်၊ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီဝန်းကျင်က သိန္ဓောကျေးရွာရှေ့တန်းစခန်းသို့ ရိက္ခာပို့ပြီးပြန်လာသည့် အင်အား ၄၀ ကျော်ဝန်းကျင်ရှိသော စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းမှာ ကျွဲထိန်းကုန်းရွာနှင့် တောင်ဘိန်းအကြားတွင် တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ဆိုသည်။ “ပထမ မိုင်းနှစ်လုံးဆွဲတယ်။ ပြီးတော့ စပစ်တာ” ဟု ၎င်းက ပြောဆိုသည်။ မိုင်းဆွဲခံရခြင်းကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးမှာ လမ်းတွင် လဲနေသည်ကို တွေ့ရပြီး အပြင်းအထန် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းဖြစ်နိုင်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။ တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့၏ ယနေ့ ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းတွင်ထုတ်ပြန်ချက်တွင် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား […]

ပလတွင် လယ်သမားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးနိုင်ဟုဆို

Dawei Watch

June 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် လယ်ထဲဆင်းသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက် ဖြတ်ရဖွယ်ရှိကြောင်း ဒေသခံများ ထံမှသိရသည်။ ပလမြို့၊အမှတ် ၄ ရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်ရှိ ကိုကျော်လင်းအောင်ဆိုသူမှာ ဇွန်လ ၁၁ ရက်နေ့လယ်ပိုင်းက လယ်ထဲဆင်းရာတွင် မိုင်းနင်းမိခဲ့ပြီး မြိတ်မြို့ဆေးရုံတွင် ကုသမှုခံနေရသည်ဟု ဒေသခံများ ကပြောသည်။ “နေ့လယ် ၂ နာရီလောက်က လယ်ထဲအသွား မိုင်းနင်းမိတာ၊ ခြေတစ်ဖက်ဖြတ်ရမယ်လို့ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဒေသခံများ ပိုင်ဆိုင်သည့်လယ်များသည် ပလရဲစခန်းအနောက်ဘက်တွင်ရှိပြီး အချို့လယ်ကွင်းများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှင့် မိုင်းများရှိနေသည်ဟု ဒေသခံများ ကဆိုသည်။ “လူတွေက ဒီနှစ်လယ်လုပ်ဖို့ တွန့်ဆုတ်နေတာ။ ခုလိုမျိုးမိုင်းထိတယ်ဆိုတော့ တချို့လယ်ထဲဆင်းရဲကြတော့မယ် မထင်ဘူး”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ ပလရဲစခန်းအနောက်ဖက်ရှိလယ်ကွင်း တွင် စစ်ကောင်စီတပ်က မိုင်းများထောင်ထားသည် […]

လယ်ယာမြေကို အိမ်ရာ‌မြေကွက် မရိုက်ရန် တားမြစ်ထားသော်လည်း အကွက်ဖော်ရောင်းချမှုများရှိနေဆဲ

Dawei Watch

June 12, 2023

မြိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေတို့ကို အိမ်ရာ‌မြေကွက်များရိုက်ခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထားသော်လည်း အကွက်ဖော်ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း မြို့ခံအချို့မှ သိရသည်။ လယ်ယာမြေတို့ကို အခြားနည်း အသုံးပြုခွင့်မရှိဘဲ အိမ်ရာမြေကွက်များရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ မြေဖို့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ နေအိမ်နှင့် အဆောက်အအုံဆောက်လုပ်ခြင်း မပြုလုပ်ရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတိပေးထားမြစ်ထားသည်။ ယင်းသတိပေးတားမြစ်ချက်အား ဗီနိုင်းပြားတို့ဖြင့် ရပ်ကွက်အချို့တို့တွင် ပြီးခဲ့သည့် မေလကုန်ခန့်မှစပြီး လိုက်လံ စိုက်ထူထားကြောင်း မြို့ခံအချို့က ဆိုသည်။ “လယ်ယာမြေတွေကို အိမ်ရာကွက်တွေ မဖော်ရဘူးဆိုပြီး တားမြစ်ထားတာ တွေ့မိတယ်” ဟု ရှမ်းချောင်းကြီးရွာနေသူ တစ်ဦးက ပြောသည်။ သို့သော် မြေပြင်တွင် လက်ရှိအချိန်အထိ အကွက်ဖော်ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ “ချောင်းကူးငယ်ဘက်မှာဆို အခုထိရောင်းနေကြတုန်းပဲ။ လူတွေလည်းဝယ်ပြီး အိမ်ဆောက်နေကြတာ ရွာကြီးတစ်ရွာလို ဖြစ်နေပါပြီ” ဟု ယင်းရွာနေသူတစ်ဦးက ပြောသည်။ မြို့အပြင်ဘက်ကျသည့် […]

မြိတ်တွင် ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ရေနစ်သေဆုံး

Dawei Watch

June 11, 2023

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာအနီး ရေကန်တွင် ယနေ့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ရေနစ်ပြီး သေဆုံးကြောင်း ယင်းရွာနေသူတို့ထံမှ သိရသည်။ ကွမ်းသီးချောင်းကျေးရွာရှိ မေဃဝတီဘုန်းကြီးကျောင်း ပရဝဏ်အတွင်းရှိ ရေကန်အတွင်းတွင် ရေဆင်းကူးရာမှ ယနေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာသားများက ပြောသည်။ အဆိုပါရေကန်သည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က တူးဖေါ်ထားခြင်းဖြစ်ပြီး ရေအနက် ၁၀ ပေကျော်ရှိကြောင်း ၎င်းတို့က ဆိုသည်။ “ဒီလိုမိုးကောင်းတဲ့အချိန်တွေဆို ရေလာကူးနေကြတာပဲ” ဟု ကွမ်းသီးချောင်းရွာသားတစ်ဦးက ပြောဆိုသည်။ မိုးတွင်းကာလတွင် အနီးဝန်းကျင် ကျေးရွာနေသူတို့နှင့် မြို့ပေါ်နေသူတို့ လာရောက် ရေကူးလေ့ရှိခြင်းဖြစ်သည်။ အဆိုပါ ယောက်ျားလေးနှစ်ဦးမှာ ရေဆင်းကူးသည်ဟုသာ သိရှိပြီး မည်သည့်အကြောင်းအရင်းကြောင်း ရေနစ်မြုပ်သွားသည်ကိုမူ မသိရှိရသေးကြောင်း […]

ပုလောမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ညဘက်မသွားလာရန် သတိပေး

Dawei Watch

June 11, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းကို ညဖက်သွားလာခြင်း မပြုကြရန် ပုလောဒေသကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေခြင်းကြောင့် ည ၇ နာရီမှ နံနက် ၄ နာရီအတွင်း ယာဥ်များမောင်းနှင်သွားလာခြင်း မပြုကြရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယင်းအပြင် စစ်ကောင်စီတပ်များမှာ ပြည်သူများနှင့် ရောနှောပုံဖျက်ကာ ရိက္ခာသယ်ခြင်း၊ တပ်ပြောင်းရွှေ့ခြင်း၊ စစ်လက်နက်သယ်ယူခြင်းများလည်း ပြုလုပ်နေသည့်အတွက် တိုက်ပွဲဖြစ်ပါက ပြည်သူများ မတော်တဆ ထိခိုက်မှုမရှိစေရန် အချိန်ကန့်သတ်ရခြင်းဖြစ်သည်ဟု ရေးသားထားသည်။ ပုလောပြည်ထောင်စုလမ်းပေါ်တွင် မကြာခဏ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအတွင်း ခရီးသည်ကားအချို့ မှားယွင်းပစ်ခတ်ခံရကာ ပြည်သူအချို့ အသက်ဆုံးရှံးခဲ့ရသည့် ဖြစ်စဥ်များ ရှိခဲ့သည်။ ပုလောမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မကြာခဏတိုက်ပွဲများ ဖြစ်ပေါ်နေသည်။

တနင်္သာရီတွင် ဥယျာဥ်ခြံလုပ်သည့် လူငယ် ၅ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

June 10, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှ ဥယျာဥ်ခြံလုပ်သူ လူငယ် ၅ ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ဘန်းလမွှတ်ကျေးရွာအုပ်စု၊ ကျွဲသုံးပေါင်တောင်ကြောသို့ လက်နက်ကြီးပစ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။ ယင်းသို့ဝင်ရောက်ပြီးနောက် ဥယျာဥ်ခြံလုပ်ကိုင်နေသည့် ဒေသခံလူငယ် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။ “လေးယောက်ကို ကျွဲသုံးပေါင်တောင် ဥယျာဥ်ထဲကဖမ်းသွားကြတယ်။ နောက်တစ်ယောက်ကတော့ ပနပ်ငယ်ရေတံခွန်နားမှာ အဖမ်းခံရတယ်လို့သိရတယ်။ စစ်တပ်ကတောင်ပေါ်က ပြန်အဆင်းမှာ ဖမ်းသွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဖမ်းဆီးထားသူများကို စစ်ကောင်စီတပ်က မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဟု ဒေသခံများ ကပြောသည်။ ဇွန်လ ၇ ရက်နေ့က ချောင်းညီကိုရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် အလစ်အငိုက်ဝင်တိုက်ခံရပြီး ၆ ဦးသေဆုံးကာ […]