ပုလောကုန်းရှိ စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင်စစ်ကြောင်းဝင်တိုက်
Dawei Watch
July 14, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင် စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ဇူလိုင်လ ၁၃ရက်က ထုတ်ပြန်ထားသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO ဦးစီးပြီး ပြည်သူ့ကာကွယ်ရေးတပ်များပါဝင်သည့် ပူရိယက္ခညီနောင်စစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက်နေ့ည ၇ နာရီခွဲဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ပုလောကုန်းကျေးရွာ ပျူစောထီးခေါင်းဆောင်၏ နေအိမ်တွင် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချ နေထိုင်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ပုလောကုန်း တံတားအား မိုင်းဆွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့ပြီး သေဆုံးမှုကိုမူ အတိအကျ မပြုစုနိုင်သေးကြောင်း ဖော်ပြသည်။ တိုက်ပွဲပြီးနောက် ပူရိယက္ခညီနောင်စစ်ကြောင်းဘက်က […]