ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလောဒေသထွက် ပင်လယ်စာ ရှပ်သီခြောက် စျေးနှစ်ဆခန့်တက်

Dawei Watch

April 23, 2025

ပုလောမြို့နယ်အတွင်းရှိ ပင်လယ်နှင့်နီးသည့်ရွာများမှ ထွက်ရှိသည့် ရှပ်သီခြောက်(ဂုံးခြောက်သီ)မှာ စျေးနှစ်ဆနီးပါး တက်လာကြောင်း ရှပ်ကောက်သူများနှင့်ဒေသခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ရှပ်သီခြောက်အချောင်းတစ်ရာပါ တစ်စည်းလျှင် ကျပ် ခုနှစ်ထောင်ဝန်းကျင်ရှိရာက ယခုနှစ်တွင် တစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးတက်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ကြဲ(ရွာ)သားတွေက ရွာထဲလည်းပြန် မဝင်ရဘူးဆိုတော့ ပင်လယ်ပြင်မှာနေကြတယ်။ နေရင်းနဲ့ ရှပ်ကောက်နေရတယ်။ ရှပ်သီတွေက ဒီနှစ်စျေးတက်လာတော့ စားဖို့သောက်ဖို့အတွက် ဖူလုံသွားတယ်”ဟု ကြဲရွာနေ အမျိုးသားက ပြောသည်။ ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ကြောင်းထိုးမှုများကြောင့် ရှပ်သီခြောက်လုပ်သူနည်းသွားပြီး ဈေးတက်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ပုလောမြို့၊ကြဲရွာ၊သဲပုံနှင့်ကျောက်ကမ်းဖဲရွာ စသည့်‌‌ကျေးရွာမျာက ထွက်သည့် ရှပ်သီခြောက်များကို မြိတ်မြို့နှင့်ထားဝယ်မြို့ကိုလည်း တင်ပို့ရောင်းချကြကြောင်း ရှပ်သီခြောက်ရောင်းဝယ်ရောင်းဝယ်ရေး လုပ်နေသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ရှပ်တွေက မိုးရာသီဘက်ဆို နည်းနည်းရှားတယ်။ ဆောင်းနဲ့နွေရာသီဆို […]

ပလောက်မြို့အနီး ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်၊ ထားဝယ်-မြိတ်ကားလမ်း ပိတ်နေဆဲ

Dawei Watch

April 23, 2025

ပုလောမြို့နယ် ပလောက်မြို့အနီး ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဆင်ထိုးကြီးရွာတွင် ယနေ့ ဧပြီလ ၂၃ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ပလောက်မြို့ကို ကာကွယ်ရန် ဘုရင့်တောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဆင်ထိုးကြီးရွာသို့ စစ်ကြောင်း ထိုးလာသဖြင့် ဆင်ထိုးကြီးရွာတွင် တပ်စွဲထားသည့် KNLA တပ်ရင်း ၁၂ တပ်ဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “မနေ့ကတည်းက ဘုရင့်တောင်ဘက်မှာ စကစတပ်တွေ ပျောက်သွားတယ်တဲ့။ ဒီနေ့မနက် ဆင်ထိုးကြီးဘက်ကို တိုးလာတော့ KNLA နဲ့ ထိတွေ့မှုဖြစ်တယ်” ဟု ဆင်ထိုးကြီးရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ယနေ့ နံနက် ၉ နာရီခန့်တွင် နှစ်ဖက်ထိတွေ့မှုစတင်ဖြစ်ပွားပြီး ဘုရင့်တောင်ရွာကလာသည့် စစ်ကောင်စီတပ်သည် ထားဝယ်-မြိတ်ကားလမ်းရှိ KNLA တပ်ရင်း(၁၂) […]

တနင်္သာရီ ဘန်းလမွတ်ရွာတွင် ကလေးသုံးဦးအပါအဝင် ဒေသခံခုနစ်ဦးကို စစ်ကောင်စီဖမ်း

Dawei Watch

April 23, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် ကလေးသုံးဦးအပါအဝင် ဒေသခံခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်ဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဧပြီလ ၂၃ရက် နံနက် ၇ နာရီခန့်က ဘန်းလမွတ်ရွာ အလယ်ပိုင်းရှိလမ်းဆုံတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါလမ်းဆုံရှိ စစ်ကောင်စီတပ်က ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ငါးဦးကို ဖမ်းဆီးခဲ့ကြောင်း ဘန်းလမွတ်ရွာခံတစ်ဦးက ဆိုသည်။ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမောင်ဦးနှင့် ဇနီးဒေါ်နှင်းမူ၊ ၂၁ နှစ်အရွယ် မဆွေစန္ဒီထက်၊ ၁၇နှစ် အရွယ် မောင်ဘုန်းနှင့် ၁၀နှစ်အရွယ် မရွှေရတနာထက်တို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “အရင်ရက်ကလည်း ဒီအလယ်ပိုင်းလမ်းကြားကနေ သွားလာလို့ရတယ်ဆိုပြီးသွားကြတာ အဖမ်းခံလိုက်ရတာပေါ့။ အဲဒီမိသားစုက တုံးဗျော(ရွာ)မှာလည်း အိမ်ရှိတော့ အဲဒီကိုသွားရင်း အဖမ်းခံရတာမျိုးပါ။ ဘာကြောင့်ဖမ်းမှန်းတော့ မသိဘူး” […]

မြိတ်-ကော့သောင်းလမ်းပိုင်းရှိ စစ်ကောင်စီဂိတ်များ စားသောက်ကုန်သယ်ယူခွင့် ပိုမိုတင်းကျပ်

Dawei Watch

April 23, 2025

မြိတ်-ကော့သောင်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များသည် စားသောက်ကုန်သယ်ဆောင်ခွင့်ကို ဧပြီလ အစောပိုင်းမှစကာ ပိတ်ပင်ကန့်သတ်ထားသော်လည်း ယခုရက်ပိုင်း ပိုမိုတင်းကျပ်လာကြောင်း ဒေသခံများနှင့် ကုန်ကားသမားများထံမှ သိရသည်။ အဆိုပါလမ်းတစ်‌လျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များသည် ကုန်ကားများတွင် စားသောက်ကုန်များ တင်ဆောင်လာပါက တင်းတင်းကျပ်ကျပ်စစ်ဆေးလာပြီး အဓမ္မသိမ်းဆည်းမှုများ လုပ်ဆောင်လာကြောင်း ကုန်ကားယာဉ်မောင်းတစ်‌ဦးက ဆိုသည်။ “ကားလမ်း ပိတ်တာမဟုတ်ဘူး။ စားသောက်ကုန်ပဲ တင်လို့မရတာ။ အခုရက်ပိုင်း ပိုဆိုးလာတယ်။ ခရီးသည်သီးသန့် တင်နေတဲ့ လိုင်းကားတွေအပေါ်မှာအစ တက်စစ်တယ်။ စားကုန်တွေပါရင် ဆွဲချထားခဲ့တယ်။ နောက်ပိုင်းခရီးသည် သီးသန့်တင်ဖို့လည်း ပြောတယ်” ဟု ၎င်းက ပြောသည်။ မိုင် ၂၆၀ ကျော်ကွာဝေးသည့် အထက်ပါလမ်းပိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဆယ်နှင့်ချီရှိပြီး ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ် အပါအဝင် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် အဓိကစစ်ဆေးလေ့ရှိကြောင်း ကားသမားအချို့နှင့် ဒေသခံများက ပြောဆိုသည်။ […]

တနင်္သာရီ ဘန်းလမွတ်ရွာရှိ စစ်ကောင်စီစစ်‌ဆေးရေးဂိတ်ကို ဒရုန်းဖြင့်ဗုံးချ

Dawei Watch

April 22, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာလယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပကဖ ဇုန် ၅ ၏ တောဗုံးကြီးတပ်ဖွဲ့ထံမှ သိသည်။ ယနေ့ ဧပြီ ၂၂ရက် နံနက် ၉နာရီဝန်းကျင်တွင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောဗုံးကြီးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ ဗုံးသီးချတဲ့အချိန်မှာ သူတို့ (စကစ) ရဲ့ ဂိတ်ပစ်မှတ်ပေါ်ကို တည့်တည့်ကျသွားတယ်။ စကစ ထိခိုက်မှုတွေကို တွေ့ရတယ်။ သူတို့ဘက်က ဒရုန်းနဲ့လိုက်ဝဲပြီး ဗုံးသီးချဖို့လုပ်နေတယ်” ဟု ၎င်းက ပြောသည်။ ဧပြီလ ၂၁ရက် ညနေပိုင်းကလည်း ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများကို ကရင်အမျိုးသားကာကွယ်‌ရေးတပ် (KNDO) နှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “တိုက်ခိုက်ခံရတော့ သေနတ်တွေနဲ့ ဒရုန်းကို […]

တနင်္သာရီ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

April 22, 2025

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်သားများကို ဧပြီလ ၂၀ရက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ယင်းနေ့ ညနေ ၃နာရီခန့်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းအနီး တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက် ၂၃နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ “တံတားဟိုဘက်ကမ်း ဒီဘက်ကမ်းဖြစ်ကြတယ်။ ကိုယ့်ဘက်က အရင်သွားပစ်ကြတယ်။ ပြီးမှ အပြန်အလှန် ဖြစ်ကြတာ” ဟု ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီးနောက် ၁၅မိနစ်ဝန်းကျင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး စစ်ကောင်စီ တပ်သားအချို့ ဒဏ်ရာရကြောင်း အသက် ၄၃နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သွားရောက်တိုက်ခိုက်တာက (တော်လှန်ရေးအဖွဲ့တွေ) ပူးပေါင်းတိုက်ခိုက်ကြတယ်။ သူတို့ (စကစ) အသေအပျောက်တော့ ရှိတယ်။ ဒဏ်ရာရသူတွေကို […]

သိန်ခွန်းရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိ

Dawei Watch

April 21, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို ကော်သူးလေတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သိန်ခွန်းကျေးရွာ၌ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ KTLA-tcjf(ကော်သူးလေတပ်-ထီးဆဲ့မယ့်ရွာတပ်ရင်း)မှ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “နယ်မြေရှင်းလင်းရေးသွားရင်း ဖြစ်ကြပြီး ထိသွားကြတယ်။ နှစ်ယောက်ထိပြီး တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ အနီးကပ်တိုက်ပွဲဖြစ်သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး၏ ရင်ဘတ်တွင် ကျည်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးကာ အခြားတပ်ဖွဲ့ဝင်တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရသွားကြောင်း အသက် ၂၈ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ”တိုက်ပွဲအတွင်း ၄၀ မမ လက်နက်ကြီးနဲ့ပစ်တယ်။ သူတို့ဘက်ကလည်း အထိတော်တော်နာတယ်။ […]

ကျားအက ဖျော်ဖြေရာကရသည့်အလှူငွေများ တော်လှန်ရေးတွင်ပြန်သုံးမည်ဟု မြိတ်ပကဖပြော

Dawei Watch

April 20, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ် စိုးမိုးထိန်းချုပ်ရာနေရာများတွင် ရိုးရာကျားအကဖြင့် ဖျော်ဖြေရာက ရရှိသည့် အလှူငွေများကို လက်နက်ခဲယမ်းဝယ်ယူရာတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာတစ်ခုတွင် မြိတ်ပကဖ က ဦးဆောင်ပြီး ဧပြီလ ၈ရက်မှ ၁၅ရက်အထိ ရိုးရာကျားအကဖြင့် ကပြဖျော်ဖြေပြီး ရန်ပုံငွေရှာဖွေခဲ့သည်။ ထိုကဲ့သို့ ရိုးရာကျားအကဖြင့် ဖျော်ဖြေရာက ကျပ်သိန်း ၇၀ ကျော်ရရှိခဲ့ပြီး ထိုငွေအားလုံးကို လက်နက်ခဲယမ်း ဝယ်ယူရေးအတွက် အဓိကထားအသုံးပြုသွားမည်ဖြစ်ကြောင်းကို မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “၂၀၂၃တုန်းက မိုင်းအတွက် (ငွေကြေး) အခက်အခဲဖြစ်လာတော့ ဘာလုပ်မလဲတွေးရင်း သင်္ကြန်နားလည်းနီးပြီ၊ အဖွဲ့မှာလည်း ရိုးရာကျားအကကို အရင်က ကခဲ့တဲ့သူလည်းရှိတော့ အဲဒီလိုကဖို့ စဉ်းစားရင်းလုပ်ဖြစ်သွားတာ” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သင်္ကြန်ကာလတွင် ရိုးရာကျားအကဖြင့် ကပြဖျော်ဖြေပြီး […]