မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တော်လှန်ရေးတပ်စခန်းတစ်ခု မီးရှို့ခံရ
Dawei Watch
April 13, 2025ထိုင်း-မြန်မာနယ်စပ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တော်လှန်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ တနင်္သာရီမြို့နယ် မောတောင်မြို့ ကျောက်စိမ်းကုမ္ပဏီအနီးရှိ တော်လှန်ရေးတပ်စခန်းတစ်ခုကို ယနေ့ (ဧပြီ ၁၃) နံနက် ၁၀ နာရီခန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသက် ၃၇ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ကျောက်စိမ်းကုမ္ပဏီအနီးရှိ တော်လှန်ရေးတပ်စခန်းတစ်ခုနှင့် အနီးအနားရှိ ရော်ဘာခြံများအပြင် ရော်ဘာစက်ရုံတစ်ခုကိုလည်း စစ်ကောင်စီတပ်သားများက မီးရှို့ခဲ့ကြောင်း ၎င်းက ပြောသည်။ “တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ သူတို့ မီးလာရှို့တာ။ မီးက ရော်ဘာခြံတွေရော စက်ရုံတွေရော ရော်ဘာခြစ်သမားတွေ နေတဲ့အိမ်ရော ရှို့ထားခဲ့တယ်”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။ တော်လှန်ရေးတပ်စခန်းကို မီးရှို့ပြီးနောက် ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးကြောင်း အသက် ၂၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် […]


