မြိတ်-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေ၍ ရေလမ်းဖြင့် သွားလာသူပိုများ
Dawei Watch
April 25, 2025မြိတ်-ထားဝယ် လမ်းပိုင်းတွင် ရက်ရှည်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသွားများမှာ ကုန်းလမ်းအစား ရေလမ်းကိုအဓိကထား အသုံးပြုနေရကြောင်း ဒေသခံများထံမှသိရသည်။ ဧပြီလ ၁၈ ရက်နေ့ကဖြစ်ပွားသည့် သရက်ချောင်းမြို့နယ် ဝင်းဝနယ်မြေ ရဲစခန်းတိုက်ပွဲနှင့် ပုလောမြို့နယ် ဆင်ထိုးကြီးရွာ တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA ၊ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့များကြား မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်ရေးပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီကလည်း လေကြောင်းအသုံးပြု တိုက်ခိုက်နေခြင်းကြောင့် ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ ခရီးသွားပြည်သူများနှင့် ခရီးသွားယာဉ်များ ရာနှင့်ချီ၍ ပိတ်မိနေခြင်းဖြစ်သည်။ ယင်းကြောင့် ဧပြီလ ၂၀ ရက်နေ့ကစ၍ မြိတ်မြို့နှင့်ထားဝယ်မြို့များသို့ အမြန်ရေယာဉ်များဖြင့် ပြေးဆွဲမှုများရှိလာပြီး ခရီးသည်တစ်ဦးကို သုံးသိန်းကျပ်နှုန်းပေးရကြောင်း ခရီးသွားများထံမှသိရသည်။ “ဒီနေ့ စပိဘုတ် အမြန်ရေယာဉ်ဆိုက်ကပ်တဲ့နေရာတွေမှာ ခရီးသွားတွေရော ကားတွေရော တွေရတယ်။ နောက်ပြီး မုန့်ဆိုင်တွေလည်း […]


