မတ်လအထိ ကျောင်းဖွင့်မည့်ကိစ္စ အခြေခံဆရာနှင့် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်း ဆန္ဒပြမည်
diz_admin
January 28, 2020မတ်လအထိ ကျောင်းဖွင့်မည်ကို ကန့်ကွက်သည့်အနေဖြင့် ထားဝယ်ခရိုင်ရှိ အခြေခံ ဆရာ၊ ဆရာမအချို့နှင့် ထားဝယ် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း ယင်းဆန္ဒထုတ်ဖော်မည့် ကိစ္စ ဦးဆောင်နေသူအချို့ထံမှ သိရသည်။ တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ကျောင်းသားများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက မတ်လအထိ ကျောင်း ဖွင့်မည့် ကိစ္စကို အကြိမ်ကြိမ်ထောက်ပြ ပြောဆိုနေသော်လည်း ပညာရေးဝန်ကြီး ဌာနမှ ကျောင်းတက်ရက်ကို မပြောင်း ပေးသည့်အတွက် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆရာဝေယံစိုးက ပြောသည်။ ဆန္ဒထုတ်ဖော်ဖြစ်ပါက ထားဝယ် ပညာရေးကောလိပ် တွင်လူစုကာ ဆေးရုံလမ်းအတိုင်း တိုင်းပညာရေးမှူးရုံးကို ချီတက်မည်ဖြစ်ပြီး ယင်းမှတဆင့် အာဇာနည်လမ်းအတိုင်း ချီတက်လာကာ ဗိုလ်ချုပ်အောင်ဆန် အဝိုင်းပတ်တွင် အဆုံးသတ်မည်ဟု ကနီဦးစီစဉ်ထားကြောင်း ဆရာဝေယံစိုးက ပြောသည်။ […]


