မြိတ်တွင် ဆံပင်တစ်ကျပ်သား ကျပ်တစ်သောင်းအထိ ဈေးပေးဝယ်
diz_admin
October 10, 2022မြိတ်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးဈေးကွက်တွင် ဆံပင်တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းအထိ ဈေးပေးဝယ်နေကြောင်း ဆံပင်ရောင်းဝယ်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်းက ဆံပင်တစ်ကျပ်သားလျှင် ငါးထောင်မှ ခြောက်ထောင်ကျပ်အထိသာ ဈေးပေးဝယ်ခဲ့ပြီး ယခုနှစ်အတွင်းတွင် ဈေးတက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆံပင်က နိုင်ငံခြားပို့တာဆိုတော့ ဒေါ်လာဈေး အတက် အကျနဲ့တွက်ပြီး ဝယ်ရတာ။ ဒေါ်လာဈေးတက်တော့ ဝယ်တဲ့ ဈေးလည်းတက်တဲ့ သဘောပါ” ဟု မြို့သစ်ရပ်နေ ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ် မတ်လအတွင်းမှစပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ဈေးတက်လာပြီး ယခုနှစ် ဩဂုတ်၊ စက်တင်ဘာလတို့တွင် အမြင့်ဆုံး စံချိန်တင်ခဲ့သည်။ ငွေလဲနှုန်း စတင်မြင့်တက်ချိန်မှစပြီး ဆံပင်ကို ဈေးနှုန်း တဖြေးဖြေးတိုးပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်သူကအချို့က ပြောသည်။ “ဒေါ်လာဈေး သုံးထောင်ကျော်ဖြစ်တုန်းက တစ်သောင်းအထိ ပေးဝယ်နေတာ။ နှစ်လလောက်ရှိပြီပေါ့။ ဒေါ်လာဈေး […]


