မောတောင်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း အပြန်တွင်တိုက်ခိုက်ခံရ
diz_admin
February 15, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း ရိက္ခာပို့ပြီးအပြန်တွင် တိုက်ခိုက်ခံရကြောင်း ကားသမားအချို့နှင့် ကော်သူးလေတပ်မတော်၊ ကျားကွန်မန်ဒိုတပ်ဖွဲ့ (KTLA-TCJF) ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ မောတောင်-ကော့သောင်းလမ်းဆုံ ရေဖြူရွာနှင့် ထုံခါရွာကြားတွင် ဖေဖော်ဝါရီလ ၁၃ ရက် ည ၆ နာရီက စစ်ကောင်စီ တပ်သား ၄၀ ကျော် လိုက်ပါလာသည့် ယာဉ်ငါးစီးကို တိုက်ခိုက်ခဲ့ကြောင်း KTLA-TCJF က ရုပ်သံမှတ်တမ်းနှင့်တကွ ဖေဖော်ဝါရီလ ၁၄ရက် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ထိုင်း-မြန်မာနယ်စပ်ရှိ လေးကေစခန်းအား ရိက္ခာပို့ပြီး ကြိမ်ချောင်းကျေးရွာမှ တနင်္သာရီမြို့ဖက်သို့ မောင်းနှင်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေအတွက် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ KTLA-TCJF […]


