မြိတ်တွင် ညမထွက်ရသတ်မှတ်ထားသည့်အချိန် ဆိုင်ကယ်ပျောက်သူများလာ
diz_admin
March 15, 2023မြိတ်မြို့တွင် ညမထွက်ရသတ်မှတ်ထားသည့်အချိန်၌ ဆိုင်ကယ်ပျောက်ဆုံးမှု များလာကြောင်း ဆိုင်ကယ်အခိုးခံရသူနှင့် မြို့ပေါ်ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် စစ်ကောင်စီက ညမထွက်ရအချိန်အဖြစ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသည်။ သို့သော် ပြည်သူအများစုမှာ ည ၉ နာရီခန့်ကတည်းကပင် အပြင်ထွက်လေ့မရှိကြကြောင်း မြို့ခံအချို့က ဆိုသည်။ လက်ရှိတွင် ညမထွက်ရသတ်မှတ်ထားသည့် အချိန်၌ ဆိုင်ကယ်အခိုးခံရမှုများ ရှိလာခြင်းဖြစ်ကြောင်း မြိတ်တောင်နယ်မြေနေသူအချို့က ပြောသည်။ “ဆိုင်ကယ်မောင်းတဲ့အသံ ခြေသံတွေ ကြားတယ် ထွက်မကြည့်ရဲဘူး။ မနက်လင်းတော့ အိမ်ရှေ့က ဆိုင်ကယ်မရှိတော့ဘူး” ဟု မြိတ်တောင်နယ်မြေ ရပ်ကွက်တစ်ခုတွင်နေထိုင်သည့် ဆိုင်ကယ်ပျောက်ဆုံးခဲ့သူ တစ်ဦးက ဆိုသည်။ ဆိုင်ကယ်ပျောက်သည့် မတ်လ ၁၁ ရက်နေ့ ညတွင် ဆိုင်ကယ်မောင်းနှင်သည့်အသံအပြင် ခွေးဟောင်သံ၊ ခြေသံများကြားရသော်လည်း ကင်းလှည့်နေကြသည့် စစ်ကောင်စီတပ်နှင့် […]


