ဖမ်းဆီးခေါ်ဆောင်ခံရသည့် မင်းထိန် ရွာသူရွာသားများ ပြန်မလွတ်သေး
diz_admin
March 21, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၁၉ ရက်က မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားလေးဦးတို့အား ဖမ်းဆီးကာ ပုလောမြို့သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပုလောမြို့ရှိ စစ်ကောင်စီတပ်ရင်းတွင် အစစ်ဆေးခံနေရသည်ဟု ကြားသိရကြောင်း ဒေသခံတို့က ဆိုသည်။ “ဘယ်သူနဲ့မှလည်း ပေးမတွေ့ဘူး။ မျက်နှာတွေကိုလည်း အဝတ်နဲ့စည်းပြီး စစ်ဆေးနေတယ်လို့ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် မင်းထိန်ရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာထဲက ရွာသားအချို့ကိုလည်း ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။ “ယောင်္ကျားမိန်းမ အကုန်လုံးရွာထဲ […]


