တနင်္သာရီ၊လယ်သစ်တွင် စစ်ရေးတင်းမာနေ၍ တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်
diz_admin
November 26, 2022မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်က ပစ်ခတ်မှုဖြစ်ခဲ့ပြီး ယနေ့တွင် စစ်ရေးတင်းမာလျက်ရှိသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။ လယ်သစ်ကျေးရွာ အနောက်ကမ်းဖက်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေသည်ဟု ဒေသခံများကပြောသည်။ မနေ့ကမနက်ပိုင်းတွင် ပစ်ခတ်သံအချို့ ကြားခဲ့ရပြီး စစ်ကောင်စီဖက်မှ နှစ်ဦးထိခိုက် ဒဏ်ရာရခဲ့သည်ဟုလည်း ကြားခဲ့ရကြောင်း လယ်သစ်ဒေသခံ အမျိုးသမီးတစ်ဦးကဆိုသည်။ “ဒီနေ့တော့ မချကြသေးဘူး။ ချရင်လည်းမနေ့ကထက် ပိုကြမ်းမယ်ထင်တယ်။ ရွာသားတွေက ရင်တဒိတ်ဒိတ်ပဲ”ဟု ၎င်းကပြောသည်။ လက်ရှိအချိန်တွင် လယ်သစ်အရှေ့ကမ်း အနောက်ကမ်း နှစ်ရွာစလုံးတွင် ရွာသားများမရှိကြတော့ဘဲ စစ်ကြောင်းထိုးလာသည့် နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက တောထဲသွားရောက် ရှောင်တိမ်းနေကြရသည်။ လယ်သစ်ကျေးရွာတွင် ၂၀၂၂ နှစ်အစမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး […]


