မြိတ်မြို့ပေါ်ရပ်ကွက်အချို့ သောက်သုံးရေရှားပါးနေပြီ
diz_admin
March 26, 2023မြိတ်မြို့ပေါ် ရပ်ကွက်အချို့တွင် ယခုရက်ပိုင်းအတွင်း သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ပရဟိတအသင်းအချို့က သောက်သုံးရေများ ဖြန့်ဝေပေးနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေပုန်းနယ်မြေအတွင်းရှိ ရပ်ကွက်အချို့အပါအဝင် အဏ္ဏဝါရပ်ကွက်တို့တွင် ရေရှားပါးမှုများဖြစ်ပေါ်နေကြောင်း ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။ “အခုနောက်ပိုင်း အင်းလေးကမ်း၊ အင်းလေးမြိုင် (ရပ်ကွက်) ဘက်တွေမှာ ရေရှားတာတွေဖြစ်နေတယ်။ ရေရောင်းတဲ့ကားတွေက ဝင်ရောက် မရောင်းချပေးနိုင်တဲ့ အပိုင်းတွေလည်း ရှိနေတာထင်တယ်” ဟု ၎င်းက ဆိုသည်။ ရေရှားပါးသည့် ရပ်ကွက်အများစုသည် ပင်လယ်ဘက်နှင့် နီးစပ်စွာတည်ရှိနေပြီး ၎င်းရပ်ကွက်တို့နှင့် အနီးအနားရှိ တွင်းရေ (ရေတွင်း) တို့အား အဓိကအသုံးပြုနေရကြောင်း ငြိမ်းချမ်းရေးရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “နေတအားပူတဲ့ ကာလဆိုရင် ရေတွင်းရေလည်းခမ်းတာပဲ။ နွေရာသီဆို ရေအတွက်အခက်အခဲဖြစ်နေတဲ့ ရပ်ကွက်တွေပါ။ အိမ်ခြေလည်းစိပ်တယ်” ဟု ငြိမ်းချမ်းရေးရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါရေရှားပါးသည့် ရပ်ကွက်များအတွင်း […]


