ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးပုလောမြို့ အမည်ကိုအသုံးပြုကာ အကောင့်အတုဖြင့် ငွေအလှူခံ
Dawei Watch
July 3, 2023ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့အမည်ကို အသုံးပြုပီး အကောင့်အတုဖြင့် ငွေကြေး အလှူခံနေသည်ကို တွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာက ထုတ်ပြန်သည်။ လူတစ်စုက BMK – ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ဖြင့် လူမှုကွန်ရက်တွင် အလှူခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းစာမျက်နှာတွင် ‘ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့’ တရားဝင်စာမျက်နှာတွင် တင်ထားသည့် ဓါတ်ပုံများ၊ ဗီဒီယိုဖိုင်များကို ကူးယူဖော်ပြပြီး ဒဏ်ရာရစစ်သည်ပုံများကိုလည်း အလွဲသုံးစားလုပ်ကာ အလှူခံနေ ကြောင်း ဇွန်လ ၂၉ ရက်က ထုတ်ပြန်ထားသည်။ အလှူခံသည့်အပြင် သတင်းမှားများကိုလည်း ဖြန့်ချီနေသည်ကိုတွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဗိုလ်မိုးကြိုးအဖွဲ့သည် ဒဏ်ရာရ စစ်သည်များ၏ ဓာတ်ပုံများကို အသုံးပြုကာ အလှူခံခြင်း ယနေ့အချိန်အထိ လုပ်ဆောင်ခဲ့ခြင်း […]


