စပါးရိတ်ချိန် စစ်ကြောင်းထိုးသဖြင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်
Dawei Watch
November 16, 2023စပါးများမှည့်ဝင်းပြီး ရိတ်သိမ်းချိန် ရောက်ပြီဖြစ်သော်လည်း စစ်ကြောင်းထိုးသဖြင့် မရိတ်သိမ်းနိုင်ကြကြောင်း တောင်သူများ ထံမှသိရသည်။ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်သို့ ယခုရက်ပိုင်းအတွင်း ပျူစောထီးပါဝင်သည့် စစ်ကောင်စီတပ်က စစ်ကြောင်းဝင်လာပြီးနောက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အနည်းဆုံးကျေးရွာ လေးရွာခန့်မှ တောင်သူများ စပါးမရိတ်သိမ်းနိုင်ကြပဲ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တောင်သူများ ထံမှသိရသည်။ “စပါးတွေက မှည့်နေပြီ၊ ရိတ်ဖို့ပြင်ဆင်တုန်း ထွက်ပြေးလာရတယ်။ မြို့ပေါ်တက်မပြေးဘဲ။ ပုန်းရှောင်ကျန်ရစ်သူ တချို့ကတော့ အဆင်ပြေသလို ရိတ်နေကြတယ်”ဟု စစ်ရှောင်နေသည့် မင်းဂုတ်ရွာနေ အမျိုးသမီး ကပြောသည်။ မင်းဂုတ်၊ပြင်ဝန်း၊တုံးဗျောကြီးနှင့် လယ်သစ်ကျေးရွာနေ တောင်သူအများစုမှာ လတ်တလော စစ်ရှောင်နေရပြီး စပါးများကို ရိတ်သိမ်းနိုင်ကြခြင်း မရှိသည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများ ထံမှစုံစမ်းသိရှိရသည်။ “စပါးက ရိတ်သိမ်းချိန်ထက် တစ်လလောက် ကျော်သွားရင် ခါးကျိုးပြီး တော်တော်ရိတ်ရ ပင်ပန်းတယ်။ ဆုံးရှုံးမှုများတယ်။ မြေကြီးဆင်းထိပြီဆိုရင်တော့ အကုန်ဆုံးပြီ”ဟု […]


