တနင်္သာရီတွင် ဖခင်ဖြစ်သူက အိမ်ပေါ်မှပစ်ချသဖြင့် ၂နှစ်အရွယ် ကလေးသေဆုံး
Dawei Watch
November 8, 2023တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် ဖခင်ဖြစ်သူက ၂ နှစ်အရွယ်သမီးအား နေအိမ်ပေါ်မှ ပစ်ချသဖြင့် ကလေးဖြစ်သူ လည်ပင်းရိုးကျိုးကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “ဆေးကြောင်တာလား၊ အရက်ကြောင်တာလားတော့ မသိဘူး။ အိမ်ပေါ်ကနေ ပစ်ချလိုက်လို့ ကလေး သေသွားတာလောက်ပဲ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၇ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယင်းနေ့တစ်ရက်တည်းတွင် တနင်္သာရီမြို့နယ်၌ လူသတ်မှုနှစ်ခုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်စရစ်ကျေးရွာတွင် လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဓားခုတ်မှုဖြစ်ပွားသဖြင့် လူငယ်တစ်ဦးတွင် လည်ပင်း၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ဓားဖြင့်ခုတ်သတ်ခဲ့သည်ကို […]


