ပုလော စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ၁၅နှစ်အရွယ် ယောင်္ကျားလေးသုံးဦးပြန်လွတ်လာ
Dawei Watch
October 25, 2023မြိတ်ခရိုင်၊ ပုလောမြို့ရှိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် အသက် ၁၅နှစ်အရွယ် ယောင်္ကျားလေးသုံးဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာတွင်နေထိုင်သည့် အဆိုပါယောင်္ကျားလေးသုံးဦးသည် အောက်တိုဘာလ ၂၂ ရက် နံနက်က နန်းတောင်ရွာစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက်တွင် ပြန်လွတ်လာကြောင်း ဒေသခံတို့က ဆိုသည်။ “ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးပြီး ခေါက်တုံ့ခေါက်ပြန် သွားနေလို့ ဟိုက ဖမ်းလိုက်တယ်။ အခုပြန်လွတ်လာပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရချိန် လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်စစ်ဆေးခံခဲ့ရသည်ဟု ကြားသိရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ “ပုလော ၂၈၅ တပ်ရင်းက သွားထုတ်လာတယ်။ ရိုက်နှက်ခံထားရတယ်။ ကြေးပြား (ပိုက်ဆံ) ပေးရသလား မပေးရသလားတော့ သေချာမသိဘူး” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။ […]


