ပုလော ကြဲရွာတွင် နေအိမ်များ မီးရှို့ခံရ
Dawei Watch
October 14, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာတွင် နေအိမ်များ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၃ ရက် ညနေ ၅ နာရီက ကြဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ခံကြောင်း ဒေသခံများက ဆိုသည်။ “တပြားလုံး (တစ်စုလုံး) မီးခိုးတက်နေတယ်ဆိုတော့ တစ်ဆယ်ကျော်လောက် ရှိနိုင်တယ်။ လက်ရှိက ရွာထဲမဝင်ရဲကြသေးလို့ အတိအကျ မသိရသေးဘူး။ လောင်တဲ့ဖက်မှာ ဈေးဆိုင်တွေလည်းရှိတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ စစ်ကောင်စီတပ်အင်အား ခုနစ်ဆယ်ဝန်းကျင်ရှိပြီး ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက်အထိ ကျေးရွာအတွင်းရှိ နေသေးကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သဖြင့် ရွာသားများမှာ နီးစပ်ရာ တောတောင်များအတွင်းသို့ ထွက်ပြေးနေကြရပြီး လက်ရှိအချိန်အထိ ပုန်းအောင်းနေကြရကြောင်း ဒေသခံများက […]


