မြိတ်တွင် ရေရှားပါးသည့်ရပ်ကွက်ပိုများလာ၊ သောက်သုံးရေဂါလံ တစ်သိန်းနီးပါးအထိဖြန့်ဝေ
diz_admin
April 7, 2023မြိတ်မြို့တွင် ရေရှားပါးသည့်ရပ်ကွက် ပိုများလာပြီး သောက်သုံးရေဂါလံ တစ်သိန်းနီးပါးအထိ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ပရဟိတအသင်းအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစပြီး ရေပုန်းနယ်မြေအတွင်းရှိ ကျားတွင်းအရှေ့၊ အဏ္ဏဝါ၊ ငြိမ်းချမ်းရေး၊ အင်းလေးမြိုင်ရပ်ကွက်တို့တွင် ရေရှားပါးမှုဖြစ်ပေါ်ခဲ့ကြောင်း သောက်သုံးရေများ ဖြန့်ဝေပေးနေသည့် ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းထံမှ သိရသည်။ ယင်းနောက် ဧပြီလဆန်းပိုင်းတွင် သာကေတ၊ အေးချမ်းသာယာ၊ ပေါ်ဦးလမ်း (ဇေယျာသီရိ ၃) စသည့် ရပ်ကွက်များတွင်ပါ ရေရှားပါးလာကြောင်း ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။ “အင်းလေးကမ်းဘက်မှာ ရေရှားတာကြားရပေမယ့် ရေတောင်းတဲ့ရပ်ကွက်ထဲ မပါသေးဘူး” ဟု ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောဆိုသည်။ အဆိုပါရေရှားပါးသည့် ရပ်ကွက်များအတွင်း မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရေဂါလံ ၁၈၀၀ ဆံ့ ရေကားအစီးရေ […]


