မွန်တွင် ကိုဗစ်ရောဂါကူးစက်မှု အရှိန်မြင့်တက်လာဟုဆို
diz_admin
December 8, 2020မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှုမှာ အရှိန်မြင့်တက်လာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ပြောသည်။ မော်လမြိုင်၊ သထုံ၊ ကျိုက်ထို မြို့နယ်တို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု များပြားနေပြီး နိုဝင်ဘာ ၂၉ တစ်ရက်တည်းတွင်ပင် ကိုဗစ်ရောဂါကူးစက်လူနာ ၁၄၃ ဦးထိ စံချိန်တင်တွေ့ရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မွန်တွင် တရားဝင်ကန့်ကွက်မှု မရှိသေး ကိုဗစ်ရောဂါကူးစက်မှုသည် ရက်ပိုင်းအတွင်း၌ပင် ပိုးတွေ့လူနာ ၅၀ဝ နီးပါးအထိ တိုးလာသည့်အပြင် ပိုးတွေ့ လူနာများနှင့် ထိတွေ့ခဲ့သူလည်း ရာချီ ရှိနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက ပြောသည်။ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများကို ရောဂါစစ်ဆေးရာတွင်လည်း ထက်ဝက် ခန့်သည် ပိုးထပ်မံတွေ့ရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုပြည် နယ်ဦးစီးမှူး […]


