ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

သထုံ စျေးမသွယ်အကျဉ်းထောင်က အကျဉ်သားခုနစ်ဦး ထွက်ပြေး၊ သုံးဦးပြန်အဖမ်းခံရ

Dawei Watch

September 16, 2025

မွန်ပြည်နယ်၊ သထုံမြို့၊ စျေးမသွယ်အကျဉ်းထောင်က အကျဉ်သားခုနစ်ဦး ထွက်ပြေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ စက်တင်ဘာလ ၁၅ ရက်က သထုံခရိုင်တရားရုံးတွင် မှုစစ်ဆေးပြီး အချုပ်ကားဖြင့် စျေးမသွယ်အကျဉ်းထောင်သို့ ပြန်လာရာ ညနေ ၄ နာရီဝန်းကျင်တွင် ထောင်ရှေ့၌ အကျဉ်သားများအား ကားပေါ်က ချနေချိန် ထွက်ပြေးကြခြင်း ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။ ထွက်ပြေးသည့် အကျဉ်းသားခုနစ်ဦးအနက် သုံးဦးကို ထိုနေ့ ညနေတွင်ပင် ပြန်လည်ဖမ်းဆီးရမိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူသည့် သထုံဒေသခံတစ်ဦးက ဆိုသည်။ “ကျန်တဲ့ လေးဦးကတော့ လွတ်နေဆဲပဲ” ဟု အကျဉ်းထောင်နှင့် နီးစပ်သူသည့် သထုံဒေသခံတစ်ဦးက ပြောသည်။ ထွက်ပြေးနေသည့် အကျဉ်းသားများထဲတွင် လူသတ်မှုဖြင့် ဖမ်းဆီး အကျဉ်းကျနေသူအချို့လည်း ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ […]

ရေးတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

September 16, 2025

a&မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်းကျေးရွာအုပ်စု၊ နှီးနှူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဓမင်ဆိပ်‌ကျေးရွာ ရာအိမ်မှူးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၄ရက် ည ၈နာရီခန့်က နှီးနှူးကျေးရွာ အုပ်ချုပ်ရေးမှူးဦးရွှေအနှင့် ဓမင်ဆိပ်‌ကျေးရွာ ရာအိမ်မှူး ဦးသောင်းစိန်တို့ နှစ်ဦးသည် နေအိမ်တွင်ရှိနေကြစဉ် လက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရွှေအနှင့် ဦးသောင်းစိန်တို့ နှစ်ဦးစလုံးသည် အခင်းဖြစ်ပွားသည့် နေအိမ်တွင် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။ ယင်းသို့ ပစ်သတ်ခံရပြီးနောက် ကျေးရွာထဲသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ညတွင်းချင်း ရောက်ရှိလာပြီး လုံခြုံရေးတင်းကျပ်ထားသလို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “နှီးနှူး အုပ်ချုပ်ရေးမှူးရော ဓမင်းဆိပ်က ရာအိမ်မှူးရော နှစ်ယောက်စလုံးက အိမ်ထဲမှာပဲ ပစ်သတ်ခံရတာ။ […]

ရေးတွင် ငွေစက္ကူအတုထုတ်သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

September 15, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုထုတ်လုပ် သုံးစွဲသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခံရကြောင်း ဒေသခံများ၊ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ နှစ်ကရင်ကျေးရွာတွင် မကြာသေးခင်ကမှ ပြောင်းရွှေ့ လာရောက်နေထိုင်နေသည့် အသက် ၂၈ နှစ်အရွယ် မမြူလင်းလင်း (ခေါ်) မသူဇာသည် ငွေစက္ကူ အတုများနှင့် ငွေစက္ကူအတု ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်များနှင့်အတူ စက်တင်ဘာဘ ၁၁ ရက်တွင် ဖမ်းဆီးခံရကြောင်း ၎င်းတို့ထံမှ သိရသည်။ “သူ့ယောကျ်ားက တိုင်လိုက်လို့ ရဲတွေက သူနေတဲ့အိမ်ကို လာစစ်ဆေးတာ။ လာစစ်ဆေးတဲ့အချိန်မှာ သူ့အိမ်ထဲမှာ တစ်သောင်းတန် အတုတွေ နောက်ပြီး ငွေအတုတွေ ထုတ်လုပ်တဲ့ စက်တွေ ပစ္စည်းတွေကို တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ၎င်း၏ နေအိမ်ထဲတွင် ကျပ်တစ်သောင်းတန် […]

သံဖြူဇရပ်တွင် ရွှေဆိုင်ပိုင်ရှင်တစ်ဦး ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး လုယက်ခံရ

Dawei Watch

September 12, 2025

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ်က “ဝီရမာန်” ရွှေဆိုင်ပိုင်ရှင် လုယက်ခံရပြီး တန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်ရှိသည့်‌ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း မြို့ခံများထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် “ဝီရမာန်” ရွှေဆိုင်ပိုင်ရှင် ဦးဇေယျာလင်းနှင့် ဒေါ်မို့မို့သူဇာတို့ ဆိုင်သိမ်းပြီး ကားဖြင့် ကြာကန်ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာစဉ် အိမ်ရှေ့အရောက်တွင် လုယက်ခံရခြင်းဖြစ်သည်။ မြို့ခံတို့၏ အဆိုအရ “ဝီရမာန်” ရွှေဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးသည် နေအိမ်ရှေ့အရောက်တွင် အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယူသွားခဲ့ခြင်းဖြစ်သည်။ “သူတို့ (လုယက်သူတွေ) က အသင့်စောင့်နေတယ် ထင်တယ်။ […]

ဘီးလင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

September 8, 2025

bဘမွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် စက်တင်ဘာလ ၆ ရက် ည ၉ နာရီခန့်က အထပ်သားစက်ရုံတစ်ရုံတွင် ရှိနေစဉ် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရင်ဘတ်နှင့် နောက်ကျောတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့် အထပ်သားစက်ရုံတွင် သေဆုံးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်သမားတွေ ခြောက်ယောက်လောက်ပါတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးဆန်းနိုင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို မသိရှိရသေးပေ။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် ဘီးလင်းမြို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ကြောင်း မြို့ခံများထံမှ […]

ရွေးကောက်ပွဲ လုပ်ခွင့်ပေးမည်မဟုတ်ဟု MNSP(AD) ထုတ်ပြန်

Dawei Watch

September 8, 2025

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/RMA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ဒေသနှင့် လှုပ်ရှားဒေသများတွင် ရွေးကောက်ပွဲ ကျင်းပခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင်က ၎င်းတို့ရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိစေရန် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပခြင်းသာဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ NMSP-AD/RMA အနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင် တိုက်ဖျက်သွားမည်ဟု ပြောဆိုထားသည်။ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်ရန် ပြုလုပ်သည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမည်ဟုလည်း ဆိုသည်။ စစ်ကော်မရှင် ကျင်းပမည့်ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခ ပိုမိုပြင်းထန်လာစေမည်ဖြစ်သည်ဟုလည်း NMSP-AD/RMA က ပြောဆိုထားသည်။ မွန်ပြည်သူလူထုအနေဖြင့်လည်း […]

ကျိုက်မရောတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့်ဗုံးချ၍ အရပ်သားတစ်ဦးသေ၊ အများအပြားဒဏ်ရာရ

Dawei Watch

September 3, 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း-ကော့ပနောလမ်းဆုံရှိ DKBA စစ်ဆေးရေးဂိတ်ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ (စက်တင်ဘာ ၂) ညနေ ၄ နာရီဝန်းကျင်ခန့်က DKBA စစ်ဆေးရေးဂိတ်ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာတွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကားတစ်စီးပေါ် ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ခရီးသည်တင်ကားပေါ် ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ကားပေါ် လိုက်ပါလာသည့် ခရီးသည်အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး အမျိုးသမီးများအပါအဝင် အခြားသော ခရီးသည် ၁၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ခရီးသွားကားပေါ့ ဘုရားသုံးဆူကနေ ဆင်းလာတဲ့ကားတစ်စီးပေါ် ကျကွဲသွားတာ။ ကားပေါ်ကလူတွေ ထိတယ်။ သေသွားတာက တစ်ယောက်၊ ကျန်တာ […]

မုဒုံတွင် စရဖ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်သတ်

Dawei Watch

September 3, 2025

မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာ‌စျေးရှေ့ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဝင်တစ်ဦးကို မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်သဖြင့် သေဆုံးကြောင်း အဆိုပါပူးပေါင်းတပ်နှင့် မြို့ခံများထံမှ သိရသည်။ မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက်တွင်နေထိုင်သည့် စရဖတပ်ဖွဲ့ဝင် ကိုမျိုး စက်တင်ဘာ ၁ ရက် ည ၇ နာရီခန့်က ဆိုင်ကယ်ဖြင့် ထွက်လာချိန် လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ အသက် ၅၀ နှစ်အရွယ် အဆိုပါတပ်ဖွဲ့ဝင်သည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။ “သူက ဆိုင်ကယ်နဲ့ တစ်ယောက်တည်း ထွက်လာချိန်မှာ အနောက်ကနေ ပစ်ထည့်သွားတာ။ ပစ်ခံထိတော့ အဲဒီနေရာမှာပဲ ဆိုင်ကယ်လဲကျသွားပြီးတော့ ပွဲချင်းပြီး ဖြစ်သွားတယ်။ သူက စရဖ […]