ရေး-ထားဝယ်ကားလမ်းရှိ တံတားတစ်စင်း ဗုံးခွဲခံရ
diz_admin
October 15, 2021မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့လမ်းခွဲအနီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား (ဒေသအခေါ် ပေ ၄၀ တံတား) ဗုံးခွဲဖျက်ဆီးခံရပြီနောက် ယာဥ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဒေသခံတို့က ပြောသည်။ ကလော့ချောင်းတံတား အောက်တိုဘာ ၁၃ ရက်နေ့ မွန်လွဲ ၁ နာရီဝန်းကျင်အချိန်ခန့်က ဗုံးခွဲဖျက်ဆီးခံရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ တံတား ဗုံးခွဲဖျက်ဆီးခံရမှုကြောင့် တံတားပေါ်ကြမ်းခင်းတွင် ခြောက်ပေခန့် အပေါက်ဖြစ်သွားသည့် အပြင် တံတားယက်မတစ်ချောင်းလည်း ပြုတ်ထွက်သွားသည်။ လက်ရှိတွင် တံတားကြံ့ခိုင်မှုအနေအထားအရ တန်ချိန်များသည့် ယာဉ်ကြီးများကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့လည်း ဒေသခံတို့က ပြောသည်။ “အခုလောလောဆယ်ကတော့ ကားကြီးတွေကို ပေးမဖြတ်တော့ဘူး။ ကားအငယ်တွေကိုလည်း တစ်စီးပြီးမှ တစ်စီး ပေးဖြတ်ခိုင်းနေတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီးနောက် စစ်တပ်က ရှာဖွေစစ်ဆေးမှုများ […]