သံဖြူဇရပ် အထက(၁) တွင် လက်လုပ်မိုင်း ၃ လုံးတွေ့
diz_admin
June 3, 2021မွန်ပြည်နယ် သံဖြူဇရပ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဆောင်တစ်ခုအတွင်း ဇွန်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က လက်လုပ်ချိန်ကိုက်မိုင်း ၃ လုံး တွေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။ ချိန်ကိုက်မိုင်းများကို ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်တစ်ခု၏ အမှိုက်ပုံးနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ အချိန်မီလာရောက် ရှင်းလင်းခဲ့သည်ဟုလည်း သိရသည်။ အလားတူ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရေးမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုတွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုကဲ့သို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တို့တွင် ဗုံးတွေ့ရှိမှု ဆက်တိုက်ရှိလာသည့်အတွက် ကျောင်းသူ ကျောင်းသားမိဘများအကြား စိုးရိမ်ထိန့်လန့်စရာဖြစ်လာသည်။ “အခုက ကျောင်းဖွင့်နေပြီးလေ ကျောင်းမတက်ကြတာရှိသလို ကျောင်းတက်နေတဲ့ ကလေးတွေလည်း ရှိတယ်၊ ဒီကလေးတွေအတွက် […]