မွန်တွင် ရော်ဘာဈေးတစ်ပေါင် ကျပ် ၁၃၀၀ ကျော်အထိ ဈေးကောင်းရ
diz_admin
February 25, 2022မွန်ပြည်နယ်တွင် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ ကျော်အထိ ဈေးကောင်းရ နေကြောင်း ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ လက်ရှိတွင် ရော်ဘာပြား အပါး ဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၃၀၀ ကျော် ဈေးရှိနေပြီး တစ်နေလှန်းဟုခေါ်သည့် အထူရော်ဘာပေါက်ဈေး တစ်ပေါင်လျှင် ကျပ် ၁၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ယခုနှစ် ရော်ဘာဈေးသည် ရော်ဘာရာသီအစ စက်တင်ဘာလခန့်က ဈေးကောင်းရရှိခဲ့ပြီး ဒီဇင်ဘာလ ခန့်တွင် ဈေးပြန်ကျသွားခဲ့ရာမှ ယခုအခါ ဈေးပြန်လည် မြင့်တက်လာကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဒီနှစ်ရော်ဘာဈေးက မနှစ်ကနဲ့စာရင် နှစ်ဆလောက် ဈေးတက်သွားတယ်။ အခု တစ်နေလှန်းကို ၁၀၀၀ တောင် ဈေးရနေတယ်” ဟု မုဒုံမြို့နယ်မှ […]