ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

Dawei Watch

October 28, 2025

ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံရွာ တံတားစစ်ဆေးရေးဂိတ် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက ရေးဘီလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။ အဆိုပါဂိတ်မှာ စစ်အာဏာရှင်တပ်လက်အောက်ခံ DKBA (Democratic Karen Buddhist Army) တပ်ဖွဲ့ သုံးဆယ်ဝန်းကျင်ခန့် နေရာယူထားသည့်ဂိတ်ဖြစ်ကြောင်း ဒေသခံများနှင့် ရေးဘီလူးတပ်ဖွဲ့ တို့ကဆိုသည်။ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်သဖြင့် နှင်းစုံဂိတ်တွင် DKBA တပ်ဖွဲ့ဝင်လေးဦး ခန့်သေဆုံးပြီး ဂိတ်သို့အလည်လာသည့် အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူ ကပြောသည်။ ” သေဆုံးသူတွေအပြင် ဒဏ်ရာအပြင်းအထန်ရသူတွေလည်းရှိတယ်။ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာတော့ စကစ ဘက်ကနေ လက်နက်ကြီးပစ်တယ်။ ရေးအခြေစိုက် ခလရ ၁၀၆ ကနေပစ်နေတာမျိုးရှိတယ် ” ဟု ၎င်းကပြောဆိုသည် ။ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ […]

သထုံခရိုင်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား

Dawei Watch

October 27, 2025

မွန်ပြည်နယ်၊ သထုံခရိုင်းအတွင်းရှိ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ကင်းပုန်းဝပ်လာသည့် စစ်အာဏာရှင်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်တိုက်ပွဲသည် နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲသည် ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ဖြစ်ပွားခဲ့သည့်အတွက် ကားများဖြတ်သန်းသွားလာမရပဲ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သေးကြောင်း ခရီးသွားလာသူတို့ထံမှ သိရသည်။ “တိုက်ပွဲက ရက်ဆက်ဖြစ်နေတယ်။ မနေ့က ဘီးလင်း ဒေါက်ရပ်မှာ ဖြစ်တယ်။ ဟိုတစ်နေ့က သထုံဘက်မှာ ဖြစ်တယ်။ ကားလမ်းပေါ် ဖြစ်ကြတော့ ကားတွေလည်း မဖြတ်ရဲကြဘူး။ ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေတော့ […]

စစ်ရေးအခြေအနေကြောင့် မွန်ဒေသအချို့တွင် ရော်ဘာလုပ်ငန်း မလုပ်ကိုင်နိုင်

Dawei Watch

October 24, 2025

မွန်ပြည်နယ်၊ မြို့နယ်အချို့တို့တွင် စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့်အတွက် ရော်ဘာထုတ်လုပ်ရာသီ ရောက်သော်လည်း လုပ်ငန်းများလုပ်ကိုင်နိုင်ခြင်းမရှိဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ တော်လှန်ရေးအင်အားစုများ အားကောင်းပြီး စစ်ရေးပြင်းထန်သည့် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်ဘက်တွင် တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့်အပြင် စစ်အာဏာရှင်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေသည်လည်း ရှိသည်။ ဒေသတွင်း ဝင်ရောက်လာသည့် စစ်ကြောင်းများသည် ဒေသခံများ လုပ်ကိုင်စားသောက်နေကြသည့် ရော်ဘာခြံများအတွင်း ဝင်ရောက် တပ်စွဲထားသလို အချို့ကလည်း ရော်ဘာခြံထဲတွင် ကင်းပုန်းဝပ်ပြီး နေနေကြသည်လည်း ရှိသည်ဟု မုဒုံမြို့နယ်အတွင်းက ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။ “ရွာတွေမှာ စစ်ကြောင်းတွေ လာလာချထားတာရှိတယ်။ သူတို့က တောထဲထိတော့ မဝင်ရဲကြဘူး။ ကားလမ်းဘေးက ရော်ဘာခြံတွေထဲမှာ ဝင်နေနေကြတယ်။ အဲလိုမျိုး နေနေတော့ ဘယ်သူမှလည်း တောထဲ မသွားရဲဘူး။ […]

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်အာဏာရှင်တပ် အင်အားရာချီဖြင့် စစ်ကြောင်းထိုး၊ ဒေသခံများစိုးရိမ်

Dawei Watch

October 23, 2025

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာဘက်သို့ စစ်အာဏာရှင်တပ် အင်အား ရာနှင့်ချီဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်ကစပြီး မုဒုံမြို့နယ်၊ အဘစ်ကျေးရွာလမ်းဝမှတစ်ဆင့် အဘစ်-ပုလိန်- တံခွန်တိုင်လမ်းအတိုင်း ခလယ်-တံခွန်တိုင်ကျေးရွာဘက်သို့ ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၃ရက်တွင် ခလယ်-တံခွန်တိုင်အနီးအနားတဝိုက်တွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။ ‎ “ဒီရက်ပိုင်း အဘစ်လမ်းဝကနေ စစ်သားတွေ ရာနဲ့ချီ တက်သွားနေတယ် ခလယ်-တံခွန်တိုင်ဘက်ကို။ (မုဒုံမြို့နယ်) ဒီဘက်မှာဆိုရင်လည်း မုဒုံ-သံဖြူဇရပ် ကားလမ်းတစ်လျှောက်မှာလည်း စစ်သားတွေ လာချထားတာရှိတယ်” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။ ခလယ်-တံခွန်တိုင်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် တံခွန်တိုင် ဇီးဖြူကုန်းစခန်းမှ လက်နက်ကြီးများဖြင့် […]

ရွေးကောက်ပွဲ နီးလာသဖြင့် မွန်ပြည်နယ်တွင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှု ပိုများလာ

Dawei Watch

October 22, 2025

စစ်ကော်မရှင်က ကျင်းပမည့်‌ ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်လာသည့်အပြင် စစ်ဆေးမှုလည်း ပိုမိုများပြားလာသည်ဟု ဒေသခံတို့ထံမှ သိရသည်။ စစ်အာဏာရှင်က ပြီးခဲ့သည့် စက်တင်ဘာလကတည်းက မြို့အဝင်အထွက်၊ လမ်းဆုံလမ်းခွနေရာများတွင် စစ်ဆေးမှု တင်းကျပ်လာသည့်အပြင် ကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များ တိုးချဲ့ထားပြီး လုံခြုံရေးအင်အားတိုးချထားကာ လမ်းသွား လမ်းလာများကို စစ်ဆေးနေသည်ဟု ဆိုသည်။ “အခုနောက်ပိုင်း စစ်ဆေးမှုတွေက တအားကို တင်းကျပ်လာတယ်။ ဂိတ်တွေလည်း များလာတယ်။ ဂိတ်တွေမှာလည်း သူတို့လူတွေ အများကြီး ချထားတာတွေ့ရတယ်။ ရွေးကောက်ပွဲနီးလာလို့ဖြစ်မယ် ထင်တယ်။ လုံခြုံရေးတွေက ပိုကျပ်လာတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ၎င်းပြင် တော်လှန်ရေးအားကောင်းပြီး စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေး၊ ကျိုက်ထို၊ ဘီးလင်းဘက်သို့လည်း အင်အားအလုံးအရင်းဖြင့် စစ်အာဏာရှင်တပ် စစ်ကြောင်းများ ဝင်ရောက်နေရာယူလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်။ ရွေးကောက်ပွဲ […]

ရေးမြို့နယ် အာယုတောင်ရွာပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးဟု ရေးဘီလူးအဖွဲ့ဆို

Dawei Watch

October 21, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာက စစ်အာဏာရှင်လက်အောက်ခံ လင်းဦးပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ လင်းဦးပြည်သူ့စစ်အဖွဲ့ဝင် ကိုမျိုးဇော်ဆိုသူကို အောက်တိုဘာလ ၂၀ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ကိုမျိုးဇော်သည် ရေးမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ရော်ဘာခြံတစ်ခုတွင် နေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လိုက်လံထောက်လှမ်းနေသည်ဟု သတင်းရရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “သူ(မျိုးဇော်) ထွက်ဆိုထားတာက ပြည်သူ့စစ်အဖွဲ့ဝင်တာ တစ်လပဲ ရှိသေးတယ်။ သေနတ်လည်း ပေးကိုင်တယ် ပြောတယ်။ သူ့ကိုတော့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ အရေးယူဆောင်ရွက်နိုင်ဖို့ အထက်ကို တင်ပြထားတယ်” ဟု ၎င်းက ဆိုသည်။ ရေးမြို့နယ်မြောက်ပိုင်း၊ အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည့်အဖွဲ့ဖြစ်ပြီး အာယုတောင်ကျေးရွာနှင့် […]

ရေးမြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများ စစ်ရေးသတိရှိကြရန် တိုက်တွန်း

Dawei Watch

October 17, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းဘက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ရေး သတိရှိရှိဖြင့် နေထိုင်သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာလ ၁၀ ရက်ကစပြီး ယနေ့ အောက်တိုဘာ လ ၁၇ ရက်အထိ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းက ကျေးရွာများနှင့် ကားလမ်းတစ်ဖက်တစ်ချက်ရှိ ရော်ဘာခြံများထဲတွင် ပြောက်ကျားပုံစံဖြင့် ကင်းပုန်းဝပ်နေကြကြောင်း ဒေသခံများက ဆိုသည်။ “ရေးမြောက်ပိုင်းဘက်မှာ ကားလမ်းအရှေ့ဘက်ရော အနောက်ဘက်ရော စစ်သားတွေ ချထားတယ်။ သူတို့ ပြောက်ကျား ပုံစံနဲ့ ရော်ဘာခြံတွေမှာ အပြည့်ပဲနေနေတာ။ ရွာတိုင်းလို့ ပြောလို့ရတယ်။ တပ်တွေချထားတာ အများကြီးပဲ၊ မနက်ပိုင်း တစ်ချက်ပဲ ကားလမ်းဘက်ထွက်ပြပြီးတော့ ရော်ဘာခြံထဲမှာ […]

ရေးမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး၊ စစ်အာဏာရှင်တပ် အထိနာနေဟုဆို

Dawei Watch

October 15, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမတစ်လျှောက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ရေးမြို့နယ်မြောက်ပိုင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ခန့်မှန်းအင်အား ၄၀၀ နှင့် ၅၀၀ ကြားရှိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက စစ်ကြောင်းသုံးကြောင်းဖြင့် ရေးမြို့မှ သံဖြူဇရပ်မြို့နယ်အစပ်အထိ စစ်ကြောင်းထိုးနေသည်။ ထိန်းချုပ်နယ်မြေဒေသအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ “သူတို့ (စစ်အာဏာရှင်တပ်) မဆုတ်သေးဘူး။ သံဖြူဇရပ်တောင်းပိုင်း အေးကမ္ဘာရွာအထိကို ထိုးမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ တပ်ပေါင်းစုကတော့ ပြောက်ကျားနည်းနဲ့ တိုက်ခိုက်သွားမှာပါ။ သူတို့ မဆုတ်သေးတော့ […]