မော်လမြိုင်တွင် ရွှေဆိုင်က ရွှေဆွဲကြိုးခိုးယူသွားသည့် နိုင်ငံခြားသားနှစ်ဦးဖမ်းမိ
Dawei Watch
August 19, 2023မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွှေဆိုင်တစ်ဆိုင်က ရွှေဝယ်ဟန်ပြကာ နှစ်ကျပ်သား ရွှေဆွဲကြိုးခိုးယူသွားသည့် နိုင်ငံခြားသားနှစ်ဦးကို ဖမ်းမိထားပြီဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်က ပြောသည်။ မြိုင်ရတနာ လေးထပ်ဈေး၊ ပထမထပ်တွင် ဖွင့်လှစ်ထားသည့် စိန်ပန်းခိုင်ရွှေဆိုင်တွင် ဩဂုတ်လ ၁၇ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်၌ နိုင်ငံခြားသား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့က ရွှေဝယ်ယူမည့် ဟန်ပြ၍ ရွှေ နှစ်ကျပ်သားဆွဲကြိုးတစ်ကုံး ခိုးယူသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ရွှေဝယ်သလို ဆွဲကြိုးတွေ ထုတ်ပြခိုင်းပြီး လိမ်သွားတာပါ။ ရွှေ နှစ်ကျပ်သား ဆွဲကြိုး တစ်ကုံးပါသွားတယ်။ လိမ်သွားတဲ့ နိုင်ငံခြားသား နှစ်ယောက်က ကျွန်တော်တို့ သိထားရတာကတော့ ဂျော်ဒန်နိုင်ငံကလို့သိရတယ်” ဟု စိန်ပန်းခိုင် ရွှေဆိုင်ပိုင်ရှင်က ပြောဆိုသည်။ ရွှေဆွဲကြိုးများ ပြခိုင်းပြီး တစ်ကုံးပြန်မပေးဘဲ ယူသွားသည်ကို CCTV ရုပ်သံမှတ်တမ်းတွင်တွေ့ရကြောင်း […]


