ရေးတွင် မီတာခဈေးထပ်တက်ပြီး တစ်ယူနစ် ၁၈၀ဝကျပ်ဖြစ်လာ
Dawei Watch
September 19, 2023မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း စက်တင်ဘာလမှစပြီး လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၅ဝကျပ် ဈေးထပ်တက်မည်ဖြစ်ပြီး မီတာခတစ်ယူနစ်လျှင် ၁၈၀၀ ကျပ်အထိ ဖြစ်လာမည်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က မီတာခတစ်ယူနစ် ၁၅၅၀ ကျပ် ကောက်ခံနေရာမှ ၁၈၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံရန် မီးလင်းရေးကော်မတီက စက်တင်ဘာလ တတိယအပတ်အတွင်းက ကြေညာထားသည်။ စက်သုံးဆီဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန်ခက်ခဲလာခြင်းကြောင့် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်ဟုဆိုသည်။ အာဏာမသိမ်းခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာတစ်ယူနစ် ကျပ် ၃၀၀ နှင့် ၅၀၀ ကြားသာရှိပြီး အာဏာသိမ်း ပြီးနောက် တစ်ယူနစ် ကျပ် ၉၀၀ မှ ၁၂၀၀၊ ယင်းနောက် ၁၃၅၀ ကျပ်၊ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ၁၅၅၀ ကျပ် တိုးမြှင့်ကောက်ခံခဲ့ရာမှ ယခုထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။ […]


