သထုံခရိုင်တွင် လက်နက်ကြီးကြောင့် သုံးရက်အတွင်း အရပ်သားသုံးဦးသေ၊ ၅၀၀၀ ကျော်ထွက်ပြေးနေရ
Dawei Watch
May 16, 2024မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ပြောဆိုချက်နှင့် KNU သထုံခရိုင်ထုတ်ပြန်ချက်တို့အရ သိရသည်။ သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် မေလ ၁၁ရက်မှ ၁၃ရက်အထိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။ သထုံခရိုင် အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ ၃၁၄ ၊ ခြေမြန်တပ် ခမရ ၉ နှင့် ခြေလျင်တပ် ခလရ ၈ တပ်ရင်း၊ တပ်စခန်းတို့က တံတားအနီးအနားတစ်ဝိုက်ရှိ ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်၊ အဝန်းကြီး စသည့် ကျေးရွာများသို့ […]


