ပေါင်မြို့နယ်တွင် ရေလုပ်သား ၅၀ ထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်
Dawei Watch
October 29, 2024မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်သည့် အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာက ရေလုပ်သား ၅၀ ဦးထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေကြောင်း ဒေသခံနှင့် ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။ ပေါင်မြို့နယ်အတွင်း အောက်တိုဘာလ တတိယအပတ်ကစပြီး ပင်လယ်ပြင်ထွက် ရေလုပ်သားအချို့ ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကူးစက်ဖြစ်ပွားသူ ၅၀ ဦးထက်မနည်း ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ “အသက်သေဆုံးတဲ့အထိတော့ မရှိသေးဘူး။ ဆေးရုံတက် ကုသနေရတော့ ရှိတယ်။ အဓိက ရေလုပ်သားတွေဖြစ်ကြတာ။ ရေလုပ်သားတွေကနေ ရပ်ရွာတွေမှာ ပြန့်မသွားအောင်တော့ ပညာပေးတွေလုပ်နေတာတော့ရှိတယ်။ ဝမ်းပျက်ဝမ်းလျှောက အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်တော့ ပေါ့ဆလို့မရဘူး” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများအနက် အချို့မှာ အလှပ်တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသလို အချို့ကလည်း ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနထံမှ သိရသည်။ ယင်းအပြင် […]


