BREAKING
June 18, 2025

မွန်

ကမာဝက်နယ်‌မြေရဲစခန်းမှူး စီးလာသည့်ကားကို NMSP (AD) တိုက်ခိုက်

Dawei Watch

March 15, 2024

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်နယ်‌မြေရဲစခန်းမှူး စီးနင်းလာသည့် ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) က ကြားဖြတ်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံ သိရသည်။ မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ကမာဝက်နယ်မြေစခန်းမှူး စီးနင်းလာသည့်ကားသည် မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရောင်းဒေါင်းနှင့် ကွမ်လှာကျေးရွာကြားအရောက်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ကားလမ်းတွင် ကားသုံးစီး မီးရှို့ခံထားရသည်ကို တွေ့ရှိရပြီး အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှု ရှိ မရှိကိုမူ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ “ကားကိုပစ်တာ။ တစ်ဖက်ပဲပစ်တော့ သေနတ်သံတော့ မများဘူး။ အဲဒါပြီးမှလက်နက်ကြီးသံတွေ ကြားရတယ်။ ဝဲကလိကနေ လှမ်းပစ်တာ ထင်တယ်။ လူတွေက အဲဒီလိုလှမ်းပစ်လာမှာ ကြောက်ကြတယ်။ ဒီမနက်မှာတော့ လမ်းမှာ ကား […]

ဘီးလင်းသံတံတားဂိတ်တွင် ဆိုင်ကယ်မရပ်ဟုဆိုကာ ပစ်ခတ်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Dawei Watch

March 14, 2024

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သံတံတားစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မရပ်ပေးဟုဆိုကာ ပစ်ခတ်ခံရသဖြင့် အမျိုးသားနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကျိုက်ထိုမြို့နယ်မှ ဘီးလင်းမြို့နယ်သို့ ဆိုင်ကယ်တစ်စီးတည်း အတူ စီးနင်းလာသည့် ဒေသခံလူငယ် သုံးဦးသည် မတ် ၁၁ ရက်နေ့ မွန်းလွဲ ၁နာရီကျော်တွင် သံတံတားဂိတ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ရပ်ခိုင်းသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာက အသက် ၃၀ အရွယ် ဟာရှင်နှင့် အသက် ၂၇ နှစ်အရွယ် ဂျိုးသိန်းတို့ သေဆုံးပြီး အသက် ၃၀အရွယ် ကိုချစ်ကို ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားသည့် ဟာရှင်နဲ့ […]

ရေး ချောင်းတောင်တံတားဂိတ် တိုက်ခိုက်ခံရ၊ အရပ်သားထိခိုက်မှုရှိ

Dawei Watch

March 14, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ စစ်ကောင်စီ၏ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ယနေ့ မတ်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ တံတားတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။ “ဖြစ်တာက ဒီမနက် ၈ နာရီခွဲကျော်ကျော်လောက်မှာ ဖြစ်သွားတာ။ တံတားမှာ ဂိတ်ရှိတယ်။ အဲဒီဂိတ်ကို ဝင်ပစ်တာ။ အမျိုးသမီးတစ်ဦးက ပစ်နေတဲ့အချိန်နဲ့ ဆုံသွားတော့ ထိသွားတယ်။ ခြေထောက်မှာ ထိတယ်လို့ သိရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ ကျည်ထိမှန် ဒဏ်ရာရရှိသည့် အမျိုးသမီးသည် ချောင်းတောင်ကျေးရွာမှဖြစ်ပြီး ရေးမြို့ဘက်သို့အသွား တံတားဖြတ်ချိန်၊ တိုက်ခိုက်မှုနှင့် ဆုံသွားသည့်အတွက် ကျည်ထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျည်ထိမှန် ဒဏ်ရာရသည့်အမျိုးသမီးကို ရေးဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရကြောင်း […]

ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 13, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင် လူတစ်စုက နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း ဒေသခံတို့ထံမှသိရသည်။ သောင်ပြင်ကျေးရွာ အကွက် (၁၆) တွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ပြည်သူ့စစ် အဖွဲ့ဝင် ဦးသန်းစိုးကို လက်နက်ကိုင် လူတစ်စုက မတ် ၁၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ဦးသန်းစိုးက အိမ်နောက်ဖေးကနေ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာ ပစ်ခတ်ခံရတာ” ဟု သောင်ပြင် ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းစိုးသည် မေးစေ့၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ များဖြင့် အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် […]

သထုံတွင် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 12, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေလှဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၆၀အရွယ် ဦးရွှေလှဦးကို အမည်မသိ သေနတ်သမားတို့က မတ်လ ၁၀ ရက်နေ့ ည ၁၁နာရီခန့်က နေအိမ်တွင် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သူက (ဦးရွှေလှဦး) သူ့ အိမ်အောက်ထပ်မှာ ရှိနေတယ်။ သေနတ်သမားတွေက အိမ်ထဲဝင်လာပြီး ပစ်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရွှေလှဦးသည် ရင်ဘတ်နှင့် ဆီးခုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေအိမ်တွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးရွှေလှဦးသည် စစ်တပ်အာဏာမသိမ်းခင်က ကျေးရွာ NLD […]

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ငါးထောင်ကျော်သာရှိ

Dawei Watch

March 11, 2024

မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော်သာရှိကြောင်း ပြည်နယ်ပညာရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူ ခြောက်ထောင်ကျော်ရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ ၅၇၆၇ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိသည်ဟု ပြည်နယ်ပညာရေးဌာနထံမှသိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် မော်လမြိုင်မြို့နယ်တွင် ၁၄၄၈ ဦး အများဆုံးဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်တွင် ၃၀၀ ကျော်၊ ရေးမြို့နယ်တွင် ၄၀၀ ကျော်၊ ကျိုက်ထိုမြို့နယ် တွင် ၄၀၀ ကျော်၊ ဘီးလင်းတွင် ၄၀၀ […]

ကျိုက်ထိုတွင် ညီဖြစ်သူကို ပစ်ခတ်ရာမှ လေဖြတ်နေသည့်အစ်ကိုဖြစ်သူ ကျည်ထိမှန်သေဆုံး

Dawei Watch

March 7, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် အမည်မသိသေနတ်သမားတို့က အမျိုးသားတစ်ဦးကို လာရောက် ပစ်ခတ်ရာတွင် အဆိုပါအမျိုးသားကို မထိဘဲ လေဖြတ်နေသည့် အစ်ကိုဖြစ်သူအား ကျည်ထိမှန် သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဘိန်းကျေးရွာ လေယာဉ်ကွင်းဟောင်းအနီးတွင် နေထိုင်သည့် အသက် ၅၀ နှစ်အရွယ် ဦးမင်းမင်းကို အမည်မသိ သေနတ်သမားတို့က မတ်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က နေအိမ်တွင် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပစ်ခတ်မှုတွင် ဦးမင်းမင်းသည် ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် သေနတ်ထိမှန်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ်တွင် ရှိနေသည့် ဦးမင်းမင်း၏ အစ်ကို အသက် ၅၅ နှစ်အရွယ် ဦးသင်းအောင်ကို ကျည်ထိမှန်သွားကြောင်း ဒေသခံတို့က ပြောသည်။ ဦးသင်းအောင်တွင် ရင်ဘတ်၊ လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် […]

ဘီးလင်း ပျဉ်သာတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး

Dawei Watch

March 6, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သာတံတား ယနေ့ မတ်လ ၆ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အရှည် ပေ ၁၂၀၊ အကျယ် ၂၄ ပေရှိသည့် ပျဉ်သာတံတားသည် ယနေ့ နံနက် ၁ နာရီကျော်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားပြိုကျ ပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရသည့်အခြေအနေဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ “လောလောဆယ် တံတားက ဖြတ်သန်းသွားလာလို့ မရတော့ဘူး။ လုံးဝကိုပြိုကျပျက်စီးသွားတယ်။ အဲဒီဒေသတဝိုက်က လူတွေကတော့ သွားလာရေးအတွက် အခက်အခဲဖြစ်သွားပြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပျဉ်သာတံတားသည် ဘီးလင်းမြို့နယ်နှင့် ဖာပွန်မြို့နယ်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ တံတားဖြစ်ပြီး […]