သံဖြူဇရပ်တွင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Dawei Watch
March 29, 2024မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာမှ လူငယ် ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ဝါခရုကျေးရွာနေ အသက် ၂၀ အရွယ် မောင်ခန့်မင်းသူကို PDF အတွက် အလှူခံပြီး လစဉ်ထောက်ပံ့နေသည်ဆိုကာ စစ်ကောင်စီတပ်ဖွဲ့တို့က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့သည်။ ယင်းနောက် မောင်ခန့်မင်းထံ အလှူငွေများ ထည့်ဝင်ခဲ့၍ဟုဆိုကာ မတ် ၂၇ ရက်နေ့ ညက စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝါခရုကျေးရွာအလယ်ပိုင်းနေ လူငယ် ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။ ယင်းနောက် သံဖြူဇရပ်မြို့ခံတစ်ဦးကိုလည်း မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “တစ်ယောက်ကို ဖမ်းမိရာကနေ ဆက်စပ်တဲ့လူကို ထပ်ဖမ်းတာ။ […]