ကျိုက်ထိုတွင် လူမှုကူညီရေးအသင်းဝင်တစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၁၀နှစ်ချ
Dawei Watch
December 2, 2024မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ ကော့စံနိုင်လူမှုကူညီရေးအသင်းဝင်တစ်ဦးကို စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း နီးစပ်သူတို့က ပြောသည်။ ကော့စံနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင်နှင့် သမီးဖြစ်သူ မချစ်စုရတနာ၊ အသင်းဝင်များဖြစ်သည့် ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်က နေအိမ်တို့တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီးနောက် ၎င်းတို့လေးဦးကို သေဒဏ် အထိချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ၊ ၅၄ တို့ဖြင့်အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့က ဆိုသည်။ ယင်းအနက် ဦးမြအောင်ကို နိုဝင်ဘာလ ၂၇ ရက်တွင် ကျိုက်ထိုမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ကြောင်း […]


