ကျိုက်မရောတွင် တိုက်ပွဲပြင်းထန်နေ
Dawei Watch
April 19, 2024မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအနီးတဝိုက်တွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ သံချပ်ကာကားများဖြင့် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၇ နာရီဝန်းကျင်က တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဒေသခံတို့က ဆိုသည်။ “မနက်ပိုင်းလောက်ကတည်းက ပစ်နေတာ။ တရနာ၊ သံကလောင် အဲဒီဘက်မှာဖြစ်နေတာ။ စစ်တပ်တွေက အဲဒီဘက်ကို ဝင်လာလို့ တိုက်ပွဲဖြစ်တာ။ လေယာဉ်နဲ့လည်း ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်နေသည့်အပြင် လက်နက်ကြီးများ ဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ […]