BREAKING
December 3, 2025

မွန်

ရေးတွင် စစ်အာဏာရှင်တပ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

Dawei Watch

November 11, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာရှိ ခမရ ၅၉၁ တပ်ရင်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီကျော်က ကျောင်းရွာကျေးရွာရှိ ခြေမြန်တပ်ရင်း-ခမရ ၅၉၁ တပ်ရင်း အရာရှိလိုင်းခန်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ရေးဘီလူးက ခမရ ၅၉၁ တပ်ရင်းထဲကို လက်နက်ကြီးတွေ လှမ်းထုတာ ဟိုက (တပ်ရင်း) လည်း ပြန်ပစ်တော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတာ။ သေနတ်သံက နာရီဝက်လောက်ရှိမယ် ကြားရတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုတွင် ရေးဘီလူးဘက်က တောင်ကုန်းပေါ် နေရာရထားသည့်အတွက် အသာစီးရထားသည့် […]

မော်လမြိုင်တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

Dawei Watch

November 10, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် အလှပြင်ဆိုင် ဖွင့်လှစ်ထားသည့် LGBT သုံးဦး နိုဝင်ဘာလ ၉ ရက် ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူ သုံးဦးသည် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနှင့် မဟာမြိုင်ရပ်ကွင် ၉ လမ်းထိပ်တွင် “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင် ဖွင့်လှစ်ထားသည့် အသက် ၃၀ ကျော်အရွယ် တင်ကိုကိုဦး၊ မာမက်အာယွန်း (ခ) မနီနှင့် ဇွဲဝေယံထက်တို့ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် တင်ကိုကိုဦးနှင့် မာမက်အာယွန်း (ခ) မနီတို့ နှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဇွဲဝေယံထက်မှာမူ သေနတ်ဒဏ်ရာရရှိကြောင်း မြို့ခံများက ဆိုသည်။ အဆိုပါ LGBT သုံးဦးသည် ဆိုင်ကယ်ဖြင့် […]

မွန်တွင် စက်သုံးဆီ ဝယ်ယူရခက်

Dawei Watch

November 7, 2025

မွန်ပြည်နယ်တွင် ယခု နိုဝင်ဘာလဆန်းပိုင်းတွင် စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံများနှင့် စက်သုံးဆီ အရောင်းဆိုင်အချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၁ရက်ကစပြီး စက်သုံးဆီအရောင်းဆိုင်အများစုတွင် စက်သုံးဆီ ပြတ်လပ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယခင်က မွန်ပြည်နယ်သို့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်မှတစ်ဆင့် လာရောက်ဖြန့်ဖြူး သော်လည်း ယခု နိုဝင်ဘာလတွင် မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ ရာဇာမင်းစက်သုံးဆီ သိုလှောင်ကန်မှတစ်ဆင့် ဖြန့်ဖြူးကြောင်း ဆီအရောင်းဆိုင်များထံမှ သိရသည်။ ယင်းသို့ ဖြန့်ဖြူးရာတွင် စနစ်တကျ မရှိသည့်အတွက် ဆီဘောက်ဆာကား တင်သည့်အချိန် ကြန့်ကြာပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်ခြင်းဖြစ်ကြောင်း ဆီအရောင်းဆိုင်များထံမှ သိရသည်။ “ရာဇာမင်းဆီကန်မှာက ဆီဖြည့်ရတာ ကြာတယ်။ ဆီဖြည့်ဖို့ စောင့်နေတဲ့ကားတွေလည်း အများကြီးပဲ။ အဲဒီမှာ ကြာနေတော့ ဆီမဖြန့်နိုင် ဖြစ်သွားတယ်။ […]

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

Dawei Watch

November 7, 2025

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်း မိုင်း‌ခွဲဖျက်ဆီးခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်က ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်တိုင် ၁၂၅/ ၁၈- ၁၉ ကြားတွင် အမှတ် (၆၈၆) အစုန်ကျောက်ရထား ဖြတ်သန်းစဉ် မိုင်းပေါက်ကြောင်း ဆိုသည်။ ရထားလမ်းပိုင်း မိုင်းဖောက်ခွဲခံရမှုကြောင့် ရထားသံလမ်း နှစ်ဆက်ခန့် ပျက်ဆီးသွားပြီး ကျောက်တင်သည့် ရထား စက်ခေါင်း အပါအဝင် အတွဲ ၄ တွဲ လမ်းချော်ခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ ထို့ကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် […]

စစ်အာဏာရှင်တပ်က ရေလမ်းကြောင်းမှတဆင့် ရေးမြို့နယ်ထဲကို စစ်အင်အား ဖြည့်တင်းနေ

Dawei Watch

November 6, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းကို စစ်အာဏာရှင်က ရေလမ်းကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ ဆိပ်ကမ်းမှ စစ်သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။ “ရေးမြို့နယ်ထဲကို ကုန်းလမ်းကနေ စစ်ကြောင်းတွေ ဝင်လာနေတာရှိသလို ဒီတလောဆိုရင်လည်း ရေလမ်းကနေလည်း ဝင်လာနေတာရှိတယ်။ အဓိကက သူတို့ ရွေးကောက်အတွက် ပြင်ဆင်တာဖြစ်မယ်။ ရေးမှာက တော်လှန်ရေးအင်အားစုတွေ အားကောင်းတယ်လေ။ စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်လာနေတယ်” ဟု ရေးမြို့နယ်အတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။ ဇီးဖြူသောင်ကျေးရွာ ဆိပ်ကမ်းမှနေ၍ စစ်သင်္ဘောဖြင့် စစ်အင်အား ၄၀၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းများလည်း ပါဝင်ပြီး အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ ပို့ဆောင်ထားသည်ဟုလည်း […]

ကျိုက်မရော၊ ပျားတောင်ဒေသဘက် စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး

Dawei Watch

October 30, 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသဘက်သို့ စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။ ပျားတောင်ဒေသတွင်း MCL ဘိလပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်က ကော့ဒွန်း၊ ကော့ပနော၊ မယ်ကရို၊ ကော့ဝမ်း၊ ကွမ်းငန်း၊ ကတုံစိ အစရှိသည့် ကျေးရွာများဘက်သို့ အင်အား ရာနှင့်ချီရှိသည့် စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်ကစပြီး ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။  MCL ဘိဘပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဝင်ရောက်နေရာယူထားသလို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA လည်း လှုပ်ရှားနေကြောင်း ဒေသခံများက ဆိုသည်။  လက်ရှိတွင် ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် MCL ဘိဘပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်ကျေးရွာများတွင် တပ်စွဲနေရာယူထားကြောင်း ဒေသခံများက ပြောဆိုသည်။  “စစ်ကြောင်းက (အင်အား) မနည်းဘူး။ အခုက အဲဒီဘိလပ်မြေစက်ရုံဘက်မှာ ၀င်ရောက်နေရာယူထားတယ်။ အဲဒီဘက်မှာက တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိနေတော့ တိုက်ပွဲဖြစ်လာမှာလည်း […]

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

Dawei Watch

October 28, 2025

ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံရွာ တံတားစစ်ဆေးရေးဂိတ် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက ရေးဘီလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။ အဆိုပါဂိတ်မှာ စစ်အာဏာရှင်တပ်လက်အောက်ခံ DKBA (Democratic Karen Buddhist Army) တပ်ဖွဲ့ သုံးဆယ်ဝန်းကျင်ခန့် နေရာယူထားသည့်ဂိတ်ဖြစ်ကြောင်း ဒေသခံများနှင့် ရေးဘီလူးတပ်ဖွဲ့ တို့ကဆိုသည်။ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်သဖြင့် နှင်းစုံဂိတ်တွင် DKBA တပ်ဖွဲ့ဝင်လေးဦး ခန့်သေဆုံးပြီး ဂိတ်သို့အလည်လာသည့် အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူ ကပြောသည်။ ” သေဆုံးသူတွေအပြင် ဒဏ်ရာအပြင်းအထန်ရသူတွေလည်းရှိတယ်။ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာတော့ စကစ ဘက်ကနေ လက်နက်ကြီးပစ်တယ်။ ရေးအခြေစိုက် ခလရ ၁၀၆ ကနေပစ်နေတာမျိုးရှိတယ် ” ဟု ၎င်းကပြောဆိုသည် ။ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ […]

သထုံခရိုင်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား

Dawei Watch

October 27, 2025

မွန်ပြည်နယ်၊ သထုံခရိုင်းအတွင်းရှိ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ကင်းပုန်းဝပ်လာသည့် စစ်အာဏာရှင်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်တိုက်ပွဲသည် နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲသည် ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ဖြစ်ပွားခဲ့သည့်အတွက် ကားများဖြတ်သန်းသွားလာမရပဲ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သေးကြောင်း ခရီးသွားလာသူတို့ထံမှ သိရသည်။ “တိုက်ပွဲက ရက်ဆက်ဖြစ်နေတယ်။ မနေ့က ဘီးလင်း ဒေါက်ရပ်မှာ ဖြစ်တယ်။ ဟိုတစ်နေ့က သထုံဘက်မှာ ဖြစ်တယ်။ ကားလမ်းပေါ် ဖြစ်ကြတော့ ကားတွေလည်း မဖြတ်ရဲကြဘူး။ ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေတော့ […]