ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

သထုံခရိုင်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲများဆက်တိုက်ဖြစ်

Dawei Watch

February 12, 2026

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များတွင် စစ်အာဏာရှင်တပ် စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများဘက်သို့ ဖေဖော်ဝါရီလ ပထမအပတ်ခန့်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။ ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်တို့တွင် ကျိုက်ထိုမြို့နယ် မောက္ခမော့နှင့် ခရွဲကျေးရွာတို့အနီးဝန်းကျင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ တော်လှန်ရေးပူးပေါင်းတို့နှင့် စစ်အာဏာရှင်တပ် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်တွင်လည်း အဆိုပါကျေးရွာများအနီးဝန်းကျင်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှု ရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုရှိပြီး […]

စစ်အာဏာရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ဘီးလင်းဒေသခံ ငါးထောင်နီးပါးထွက်ပြေးနေရ

Dawei Watch

February 6, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်နေသောကြောင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင်တပ် ခြေမြန်တပ်ရင်း ခမရ (၃) နှင့် ကျိုက်ထိုမြို့နယ်အခြေစိုက် အမှတ် (၃၁၀) အမြောက်တပ်ရင်းတို့က ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ပစ်ခတ်နေခြင်းကြောင့် အလူး၊ ဖိုးဝါးသိမ်၊ ဒေါက်ရပ် စသော ကျေးရွာအုပ်စုများရှိ ကျေးရွာ ၁၀ ခန့်က ဒေသခံပြည်သူ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ၊ ကူညီပေးနေသူများက ဆိုသည်။ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတော်လှန်ရေး တပ်တို့အကြား တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး လတ်တလောတွၚ်လည်း ရန်ကုန်-မော်လမြိုင်လမ်းတစ်လျှောက်ရှိ […]

မော်လမြိုင်မြို့ပေါ်က လူနေအိမ် ၂၀ ကျော်ကို ကျူးကျော်ဆိုပြီး လိုက်လံဖြိုဖျက်

Dawei Watch

February 5, 2026

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အချို့က လူနေအိမ်များကို ကျူးကျော်ဆောက်လုပ်ထားသည်ဆိုပြီး စစ်ကော်မရှင် လက်အောက်ခံအဖွဲ့အစည်းများက လိုက်လံဖြိုချဖျက်ဆီးမှု ဆက်တိုက်လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။ မုပွန်ရပ်ကွက် ရထားဘူတာဟောင်းအနီးက လူနေအိမ် အလုံး ၂၀ ကျော်ကို ယခု ဇန်နဝါရီလ ၃၁ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ဖြိုချဖျက်ဆီးခံရသည့် နေအိမ်များသည် နှစ်အတန်ကြာ နေထိုင်နေကြသူများဖြစ်ပြီး အိမ်များလည်း အခိုင်အမာ ဆောက်ထားသည့် တိုက်အိမ်များလည်း ပါဝင်ကြောင်း ၎င်းတို့က ဆိုသည်။ “အစိုးရပိုင်တဲ့ မြေထဲကို ကျူးကျော်ပြီး ဝင်နေနေတယ်ဆိုပြီး အိမ်တွေကို လာဖျက်ဆီးသွားတယ်။ အိမ်တွေက အခုမှ ဝင်နေနေကြတာ မဟုတ်ဘူး။ တချို့ဆို ဆယ်စုနှစ်နဲ့ချီ နေနေကြတယ်။ အိမ်တွေဆိုရင် တိုက်အိမ်တွေ အိမ်အကောင်းတွေ ဖြစ်နေကြပြီ။ အခုမှ ကျူးကျော်ဆိုပြီး […]

ရေးတွင် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးအဖွဲ့တိုက်ခိုက်

Dawei Watch

February 3, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းက စစ်အာဏာရှင် ခမရ ၅၉၁ တပ်ကို ဒေသတွင်းလှုပ်ရှားနေသည့် ရေးပြောက်ကျားတပ် YGF က တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကျောင်းရွာကျေးရွာရှိ စစ်အာဏာရှင်တပ် ခမရ ၅၉၁ တပ်ရင်းကို ရေးပြောက်ကျားတပ် YGF တပ်ဖွဲ့က ယနေ့ နံနက် ၅ နာရီ ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။ “လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ကြားရတယ်။ သေနတ်သံတွေ နာရီဝက်လောက်ရှိမယ် ကြားရတယ်။ ရွာထဲမှာဖြစ်ကြတာ […]

ဘီးလင်း ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ

Dawei Watch

January 30, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာရှိ မူလတန်းစာသင်ကျောင်း စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နေ့လယ်တွင် ဖိုးဝါးသိမ်ကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးနှစ်လုံးချကြောင်း ဒေသခံတစ်ဦးက ပြောသည်။ လူထိခိုက်မှု မရှိခဲ့သော်လည်း ကျောင်းဆောင်များ ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။ “ကျောင်းက ပိတ်ထားရတော့ လူတွေ ထိတာတော့မရှိဘူး။ ကျောင်းဆောင်တွေကတော့ ပျက်စီးသွားတယ်။ ကျောင်းသာ ဖွင့်နေရင် မတွေးရဲစရာပဲ။ကျောင်းပေါ် တည့်တည့်ကို ကျတာလေ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဖိုးဝါးသိမ်ရွာသည် ရန်ကုန်-မော်လမြိုင်ကားလမ်းမှ တစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး အဆိုပါကျေးရွာတွင် တိုက်ပွဲတစ်စုံတစ်ရာ မရှိဘဲ ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဘီးလင်းမြို့နယ် ရန်ကုန် – […]

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးထားသည့် ရေးဒေသခံများ ပြန်မလွတ်သေး

Dawei Watch

January 28, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းအတွင်းရှိ ကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာစဉ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဒေသခံ ၁၀ဦးခန့် ယနေ့ မွန်းလွဲပိုင်းအထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ အင်အားတစ်ရာခန့်စီ ပါဝင်သည့် စစ်ကြောင်းနှစ်ကြောင်းသည် ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများဘက်သို့ ဇန်နဝါရီ ဒုတိယ အပတ်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းက လမ်းတွင် တွေ့ရှိသည့် အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းအထိ တစ်ဦးမျှ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။ “သွားရင်း လာရင်း စစ်ကြောင်းနဲ့ တိုးလို့ အဖမ်းခံရတာရှိတယ်။ တချို့က ခြံကနေ ပြန်လာတဲ့အချိန်မှာ ခေါ်သွားတာရှိတယ်။ လိုက်မေးကြည့်ရသလောက်က ၁၀ ယောက်လောက်ရှိမယ် […]

ဘီးလင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် မြေးအဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

January 27, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မြေးအဘွားနှစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင် ခြေမြန်တပ်ရင်း ခမရ – ၃ က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အလူးကြီးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပေါ်ရှိ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏မြေးဖြစ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ နေရာတွင်ပင် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။ “အိမ်ပေါ်မှာ အဘွားရယ် သူ့သမီးနဲ့ သူ့မြေး ရှိတယ်။ အဘွားနဲ့ […]

ရေးမြောက်ပိုင်းတွင် မိုင်းနင်းမိမှုများကြောင့် ဥယျာဉ်ခြံသွားရန် ဒေသခံများ စိုးရိမ်

Dawei Watch

January 24, 2026

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသတွင် မြေမြှုပ်မိုင်း နင်းမိသဖြင့် ထိခိုက်ဒဏ်ရာ ရသည့် ဖြစ်ရပ်များကြောင့် ဥယျာဉ်ခြံသို့ သွားလာရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။ ရေးမြို့နယ်မြောက်ပိုင်း၊ အာယုတောင်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၃ ရက်က အသက်ကြီးပိုင်း အမျိုးသားတစ်ဦး တောထဲသွားစဉ် လမ်းတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ အာယုတောင်ကျေးရွာအနီးတွင်ပင် ဇန်နဝါရီလ ၁၅ ရက်က ဥယျာဉ်ခြံသို့သွားသည့် လူငယ်အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ အများပြည်သူ သွားလာနေအသုံးပြုနေသည့် လမ်းနှင့် ဥယျာဉ်ခြံတို့တွင် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုများ ဖြစ်နေသည့် အတွက် ဒေသခံများ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ “ကျွန်မတို့ဒေသက အဓိက ခြံပဲ လုပ်ကြတာများတယ်လေ။ […]