ရေး-သံဖြူဇရပ်လမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
Dawei Watch
February 5, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း ကွမ်းဒူးနှင့်နှင်းစုံကျေးရွာကြား တံတားအနီးတွင် တပ်စွဲထားသည့်စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်း ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း သိရသည်။ ကွမ်းဒူးနှင့် နှင်းစုံကျေးရွာကြား တံတားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ယနေ့ နံနက် ၆ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဒီမနက်တိုက်ပွဲက နှင်းစုံနဲ့ ကွမ်းဒူးကြားမှာ ဖြစ်သွားတယ်။ တစ်နာရီလောက်ကြာတယ် တိုက်ပွဲက ကားလမ်းမှာဖြစ်နေတယ်ဆိုတော့ ကားတွေလည်း မသွားလာရဲဘူးလေ။ အသံတွေတိတ်သွားမှပဲ သွားလာရဲကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ NMSP-AD ဘက်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်း တိုက်ခိုက်မှုတွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့် ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီတပ်ဘက်က […]


