BREAKING
October 20, 2025

မွန်

ပုလောတွင် စစ်ကောင်စီတပ်က သိမ်းသွားသည့်ပစ္စည်း သွားပြန်ထုတ်သူများ ဖမ်းဆီးငွေညှစ်ခံရ

Dawei Watch

October 13, 2024

စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ တောင်ယာကမ်းရွာမှ အဓမ္မသိမ်းယူသွားသည့် ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများ သွားပြန်ထုတ်သည့် ရွာသားများကို ဖမ်းဆီးခြိမ်းခြောက်ပြီး ငွေညှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းမှ စစ်ကောင်စီတပ်သားများက တောင်ယာကမ်းကျေးရွာနေ အရပ်သား ၂၀ ခန့်ကို ဖမ်းဆီးပြီး ရွှေနှင့် ဆိုင်ကယ်ကဲ့သို့ ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများကဆိုသည်။ ဒေသခံများပိုင်ဆိုင်သည့် ဆိုင်ကယ်အစီး ၃၀၊ ရွှေ၊ငွေနှင့်တန်ဖိုးရှိ အိမ်ထောင်ပရိဘောဂပစ္စည်းများကို စစ်ကောင်စီတပ်သားများက ၂၈၅ တပ်ရင်းမှ ကားဖြင့် လာရောက်သယ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ စစ်ကောင်စီတပ်က အဓမ္မယူဆောင်သွားသည့် ပစ္စည်းများကို ပြန်လည်ထုတ်ယူနိုင်သည်ဟု စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းက တောင်ယာကမ်းရွာနေ ဒေသခံများကို အောက်တိုဘာ ၁၁ […]

ထားဝယ်-ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

October 7, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းတွင် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့က ခရီးတင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ဘက်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရွှေစင်စင်္ကြာ ခရီးတင်မှန်လုံယာဉ်သည် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က အေးကမ္ဘာကျေးရွာအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ခရီးသည်တင်မှန်လုံကား ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီးက အသက် ၃၀ နှစ်အရွယ် မနွယ်ရီလင်း၏ ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခံရတဲ့ကားက ထားဝယ်ကနေ တက်လာတဲ့ကားပါ။ အေးကမ္ဘာရွာအနားမှာ ဖြစ်သွားတာပါ။ လူကတော့ တစ်ဦး ထိသွားတယ်လို့ သိရတယ်။ အဲဒီနေရာတဝိုက်က ပစ်ခတ်မှုတွေ ခဏခဏဖြစ်တယ်လေ။ […]

မွန်တွင် လုံခြံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်းကောက်၊ စစ်ဆေးမှုများလည်းလုပ်

Dawei Watch

October 4, 2024

မွန်ပြည်နယ်တွင် စစ်ကောင်စီက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်သည့်ကာလတွင် ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူတို့ထံမှ သိရသည်။ စစ်ကောင်စီက စစ်ရေးပဋိပက္ခဖြစ်ပွားမှုနည်းသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့ကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး လုံခြုံရေးအင်အားအပြည့်ဖြင့် သန်းခေါင်စာရင်း စကောက်ယူကြောင်း ၎င်းတို့က ပြောသည်။ သန်းခေါင်စာရင်း စကောက်သည့်နေ့ကစပြီး မြို့အဝင်အထွက်၊ လမ်းဆုံလမ်းခွနှင့် ရပ်ကွက်၊ ကျေးရွာတို့တွင် လုံခြုံရေး တင်းကျပ်ထားကာ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က ဆိုသည်။ “မြို့အဝင်လို နေရာမျိုးတွေ၊ လမ်းဆုံလမ်းခွလိုနေရာတွေ နောက်ရပ်ကွက်မှာဆိုရင်လည်း လမ်းတွေမှာ လုံခြုံရေး ချထားတယ်။ စစ်ဆေးနေတာတွေလည်း ရှိနေတယ်။ သူတို့ သန်းခေါင်စာရင်းကောက်နေတာကို နှောင့်ယှက်တာမျိုး မရှိအောင် လုပ်တာထင်တယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီက မော်လမြိုင်၊ ချောင်းဆုံ၊ […]

ရေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီချ

Dawei Watch

September 30, 2024

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်မှ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဖမ်းဆီးခံရသည့် မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ စက်တင်ဘာလနောက်ဆုံးအပတ်တွင် စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်တရားရုံးက မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သူတို့နှစ်ဦးကို ဩဂုတ်လဆန်းပိုင်းလောက်ကတည်းက ဖမ်းသွားတာ။ ဖမ်းပြီးတော့ PDF ကို ဆက်သွယ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး ပုဒ်မတွေတပ် အမှုဖွင့်လိုက်တာ။ ထောင်ဒဏ်ချမှတ်လိုက်တာက […]

သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီတပ် ဆက်တိုက်ဖမ်းဆီး

Dawei Watch

September 24, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး လူမှုကူညီရေး အသင်းဝင်များအပါအဝင် မြို့ခံများကို စစ်ကောင်စီတပ်တို့က ဆက်တိုက်ဖမ်းဆီးနေကြောင်း မြို့ခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၉နာရီခန့်က သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်နှင့် ကိုးနဝင်းရပ်ကွက်တို့တွင် နေထိုင်သည့် အသက် ၃၀နှစ်အရွယ် အရပ်သားအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တို့က အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့ခံတို့က ပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF ကို ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း မြို့ခံတို့က ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ညက သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့ ဟုအမည်ပေးထားသည့် လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်း၊ ကိုရဲလှိုင်နှင့် အခြားအသင်းဝင် […]

ကျိုက်ထိုတွင် သားအဖနှစ်ဦး ပစ်သတ်ခံရ

Dawei Watch

September 24, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာတွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညက သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ မုက္ခမူကျေးရွာတွင်နေထိုင်သည့် ဦးမြင့်အောင်ဆိုသူနှင့် သမီးဖြစ်သူ မဝင်းနုခိုင် (ခေါ်) မကေတို့ သားအဖနှစ်ဦးကို ယမန်နေ့ည ၈ နာရီခွဲခန့်တွင်သေနတ်သမားလေးဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။ ဦးမြင့်အောင်တို့ သားအဖနှစ်ဦးသည် သေနတ်ဖြင့် ရှစ်ချက်ခန့် ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “အိမ်ထဲဝင်ပစ်သွားတာ။ သူတို့ သားအဖက ကြံ့ခိုင်ရေးပါတီဝင်တွေ ဟုတ်တယ်။ ဘာကြောင့် ဒီလိုလုပ်သွားလဲတော့ မပြောတတ်ဘူး။ ဒီဘက်မှာက ဒီလိုမျိုး ပစ်သတ်ခံနေရတာတော့ ခဏခဏပါပဲ။ တချို့ဆို ဘာအကြောင်းပြချက်မှမရှိဘဲ ပစ်သတ်ခံနေရတာတွေလည်း ရှိတယ်” ဟု […]

သံဖြူဇရပ်က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦး ဖမ်းဆီးခံရ

Dawei Watch

September 20, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းဝင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ အသင်းဝင်ဦးဇော်ဝမ်း၊ ကိုရဲလှိုင်နှင့် အခြားအသင်းဝင်နှစ်ဦး တို့ကို စက်တင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်က သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အသင်းရုံးတွင် စစ်ကောင်စီတပ် တို့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်သည့် အကြောင်းအရင်း အတိအကျကို မသိရသေးကြောင်း အသင်းနှင့် နီးစပ်သည့်မြို့ခံတစ်ဦးက ဆိုသည်။ “ဘာကြောင့် ဖမ်းတာလဲတော့ တိတိကျကျတော့ မသိသေးဘူး။ အမျိုးမျိုးတော့ ပြောနေကြတယ်။ PDF တွေနဲ့ ဆက်သွယ် တယ်ဆိုပြီး ဖမ်းတာလို့လည်း ပြောနေကြတယ်” ဟု ၎င်းမြို့ခံက ပြောသည်။ […]

သံဖြူဇရပ် အမြောက်တပ် အနန်းကွင်းရွာအနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ငါးရက်ဆက်ပစ်ခတ်

Dawei Watch

September 19, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာဘက်ကို သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း (၃၁၅) က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ငါးရက်ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းနှင့် အနီးနားရှိ ကျေးရွာတို့ကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ယနေ့ စက်တင်ဘာလ ၁၉ရက်နေ့အထိ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ် နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် အနန်းကွင်းအနီး ဖားပြရွာထဲကို နှစ်ရက်ဆက် လက်နက်ကြီးပစ်ခတ်ခံရပြီး လက်နက်ကြီးကျည် ၁၀ ခန့်ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မရှိသော်လည်း နေအိမ်နှင့် သီးပင်စားပင်အချို့ ထိခိုက်ပျက်စီးကြောင်း […]