စစ်ကောင်စီက အသင်းဝင်များကိုဖမ်းလိုက်၍ သံဖြူဇရပ်မှ လူမှုကူညီရေးအသင်းကို ဖျက်သိမ်း
Dawei Watch
November 1, 2024မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌအပါအဝင် အသင်းဝင်များကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသဖြင့် အသင်းကို ဖျက်သိမ်းလိုက်ရကြောင်း နီးစပ်သူများထံမှ သိရသည်။ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ၈ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်အတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခဲ့ရသူများအနက်မှ အသင်းဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ကိုဝင်းကြည်၊ ကိုတူးတို့ ၃ ဦးကို စစ်ကောင်စီက သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ ည ဖြင့် အောက်တိုဘာလ ၉ ရက်နေ့က အမှုဖွင့်ခဲ့သည်။ အသင်းဝင်များ ဖမ်းဆီးခံရကတည်းက လုပ်ငန်းများ ဆက်မလုပ်နိုင်တော့ကြောင်း ရှေ့ဆက်လည်း အသင်းဆက်လက်လည်ပတ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေကြောင့် အသင်းဝင်းအားလုံးနှင့် အလှူရှင်များ၏ ဆန္ဒအရ […]