မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ
Dawei Watch
March 14, 2025စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သည့် နိုင်အိုက်ချမ်းသည် မတ်လ ၁၃ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၊ ကော့တုံဌာနချုပ်က ဗိုလ်မှူးချုပ်အဆင့်ရှိ နိုင်အိုက်ချမ်းသည် တပည့်တစ်ဦးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာဘက်တွင် ကားဖြင့် မောင်းနှင်သွားလာနေစဉ် လမ်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နိုင်အိုက်ချမ်း၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး တပည့်ဖြစ်သူ ဖိုးတုတ်ဆိုသူလည်း သေဆုံးကြောင်း နီးစပ်သည့် ဒေသခံများက ဆိုသည်။ “နိုင်အိုက်ချမ်းက ကားနဲ့ ကော့ဘိန်းဘက်ကိုအလာ လမ်းမှာ ပစ်ခတ်ခံရတယ်။ သူ့တပည့်တစ်ယောက်လည်း ပါတယ်။ နှစ်ယောက်စလုံး ပွဲချင်းပြီး […]


