ရေး၊ ကျောင်းရွာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး
Dawei Watch
April 1, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ကျောင်းရွာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၀ နှစ်အရွယ် ဦးအေးမောင်သည် ယနေ့ နံနက် ၈ နာရီခန့်က ရွာရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်က ဒီမနက်မှာ ပစ်သတ်ခံရတယ်။ သူက လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့အချိန်မှာ ဟိုက လာပစ်သွားတယ်။ သုံး၊ လေးချက် ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးအေးမောင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးအေးမောင်သည် ခမရ-၅၉၁ တပ်ရင်း လက်အောက်ခံ ပြည်သူစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောင်းရွာနယ်မြေတစ်ခွင်က […]


