ကရင်ပြည်နယ်၊ ဘုရားသုံးဆူတွင် ကလေးပျောက်မှုများ ဆက်တိုက်ဖြစ်
Dawei Watch
December 13, 2024ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အသက် ၁၀ နှစ်အောက် ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး မြို့ခံများကလည်း စိုးရိမ်နေကြသည်။ ဘုရားသုံးဆူမြို့ပေါ်တွင် ယခင်က ကလေးပျောက်ဆုံးသည့်ဖြစ်စဉ် ရှိခဲ့သော်လည်း တစ်နှစ်နေမှ တစ်ခါသာ ကြားရလေ့ရှိကြောင်း၊ သို့သော် ပြီးခဲ့သည့် အောက်တိုဘာလခန့်ကစပြီး ကလေးပျောက်ဆုံးမှု ဆက်တိုက်ကြားလာရကြောင်း မြို့ခံတို့က ပြောသည်။ မြို့ပေါ် ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒီဇင်ဘာလအတွင်းမှာပင် ၇ ဦးထက်မနည်း ကလေးပျောက်ဆုံးမှုရှိနေကြောင်း အသက် ၆၀ ဝန်းကျင် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ကလေးပျောက်တဲ့ကိစ္စက အခုဆိုရင် မြို့ပေါ်မှာ ရတတ်မအေး ဖြစ်နေရတဲ့ကိစ္စပါ။ အခု ရက်ပိုင်းမှာတောင် ကလေး ၇ ယောက်လောက်ပျောက်နေတယ်။ အများစုက ပြန်မတွေ့သေးဘူးလို့ ပြောတယ်။ သိသလောက်က ပျောက်တဲ့ကလေးတွေအများစုက အသက် ၁၀ နှစ်အောက်တွေ […]