ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲခံရ၊ ရတားခရီးစဉ်များ ဖျက်သိမ်း
Dawei Watch
May 7, 2025မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် နှင်းပုလဲနှင့် တောင်စွန်း ကြားဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲခံရမှုကြောင့် ရထားခရီးစဉ်များ ရပ်နားထားသည်ဟု မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ မေလ ၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်က ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်တိုင် ၁၁၂/ ၁၀- ၁၁ ကြား အမှတ် ၆၅ တံတား မိုင်းခွဲခံရပြီး ရထားလမ်းပျက်စီးသွားကြောင်း သိရသည်။ ရထားလမ်းပေါ်ရှိ တံတား မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် မေလ ၆ ရက်နေ့ကစပြီး မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာသည့် အမှတ် ၈၂ အစုန်ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာသည့် အမှတ် ၈၁ အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားသည်ဟု မော်လမြိုင်ဘူတာကြီး၏ တာဝန်ရှိသူထံမှ သိရသည်။ လက်ရှိတွင် မိုင်းခွဲဖျက်ဆီးခံရသည့် ရထားလမ်းတံတားကို မြန်မာ့မီးရထားက […]


