မွန်တွင် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူ နှစ်ရာကျော်၌ နိုင်ကျဉ်းငါးဦးသာပါဝင်
Dawei Watch
January 6, 2025မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ လွတ်မြောက်လာသည့် အကျဉ်းသား ၂၅၄ ဦးတွင် နိုင်ငံရေးအကျဉ်းသား ငါးဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်သည့် ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၅၈၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပြီး ယင်းအနက် မွန်ပြည်နယ်က အကျဉ်းသား ၂၅၄ ဦး ပါဝင်သည်။ ကျိုက်မရော ဗဟိုအကျဉ်းထောင်က ပြန်လွတ်လာလာသူ ၁၄ဦးတွင် နိုင်ငံရေးအကျဉ်းသား အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင်ပေးနေသူများက ပြောသည်။ ယင်းအပြင် မော်လမြိုင်အချုပ်ထောင်က အကျဉ်းသား ၆၄ဦး၊ သထုံအကျဉ်းထောင်က အကျဉ်းသား ၃၆ဦး၊ ရင်းငြိမ်အလုပ် စခန်းက အကျဉ်းသား ၂၆ ဦး၊ […]