ဘီးလင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
Dawei Watch
May 23, 2025မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပဏ္ဍိကုန်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မေလ ၂၁ ရက် ည ၈ နာရီခွဲခန့်တွင် ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၃ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပဏ္ဍိကုန်းကျေးရွာအတွင်းရှိ နေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ပေါ်ရှိ အသက် ၄၀ အရွယ် ဒေါ်အေးနိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ၎င်းအပြင် အသက် ၄၇ နှစ်အရွယ် ဒေါ်မိနုနှင့် သားဖြစ်သူ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက […]


